Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဆိုးတဲ့ ကလေးလို သရုပ်ဆောင်ထားတော့ ပရိသတ်မုန်းမှာ ကြောက်တယ်”လို့ အားကိုးရာ ပြော

$
0
0

MRTV- 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြားမှာ လူကြိုက်များပြီး ရေပန်းစားနေပါတယ်။ ဒီဇာတ်လမ်းတွဲမှာ “မိန်းမချော”အဖြစ် သရုပ်ဆောင်တဲ့ သံသာမိုးသိမ့်ရဲ့ သားဖြစ်သူ “မုန်းမာန်”နေရာကနေ ပါဝင်ထားတဲ့ ကလေးသရုပ်ဆောင် အားကိုးရာ က ဒီဇာတ်ကားမှာ ကြိုးစားပြီး သရုပ်ဆောင်ထားကြောင်း ဆိုပါတယ်။

“သားသား ‘ကျွန်မက မဟေသီ’မှာ အိုက်တင်တွေကို တော်တော် ကြိုးစားခဲ့ရတယ်။ သား အဲ့ကား ရိုက်တာ ၄ လတောင် ကြာတယ်။ သားသား ဆိုးတဲ့ ကလေးလို သရုပ်ဆောင်ရတာ ပရိသတ်တွေ မုန်းသွားမှာတော့ ကြောက်တယ်။ ဒါပေမဲ့ ပရိသတ်က ပြောကြတယ်။ သရုပ်ဆောင် အရမ်းတော်တယ်။ ပရိသတ်မုန်းအောင် သရုပ်ဆောင်တာက ပို သရုပ်ဆောင်ကောင်းတယ်လို့ ပြောတယ်။ သားအိုက်တင်တွေကို ဒါရိုက်တာကလည်း သင်ပေးတယ်။ မကြီး မိန်းမချောကလည်း သင်ပေးတယ်”

“ရှုတင်မှာ သင်ပေးတာကို သားသေချာလေး ကြိုးစားလုပ်တယ်။ သားသရုပ်ဆောင်တာကို ပြန်ကြည့်တော့ ကျေနပ်တာ တဝက်၊ မကျေနပ်တာ တဝက် ဖြစ်နေတယ်။ သားသား ဘဘဦးဇော်မြင့်ဦး ရိုက်မယ့် စီးရီးတွဲတခုမှာ သရုပ်ဆောင်ဖို့ ရှိတယ်။ နောက်ထပ်ကားတွေလည်း ရှိတယ်”လို့ ကလေးသရုပ်ဆောင် အားကိုးရာက ပြောပါတယ်။

“သားသားကို ဘယ်လို ကာရိုက်တာ လာခေါ်ခေါ်ရိုက်တယ်။ သားသရုပ်ဆောင်တာ အရမ်းဝါသနာပါတယ်။ သားသားကို အားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း သားက ချစ်ပါတယ်။ သားကိုလည်း ချစ်ပေးကြပါ”လို့ အားကိုးရာက ဆိုပါတယ်။

စာရေးဆရာမ သျှင်မရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ “ကျွန်မက မဟေသီ” ဝတ္ထုကို ဇာတ်လမ်းတွဲ အနေနဲ့ ဒါရိုက်တာ အိအိခိုင်က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေ အနေနဲ့ သရုပ်ဆောင် အောင်ရေချမ်း၊ သံသာမိုးသိမ့်၊ ဝင့်ယမုံနိုင်၊ ဇင်မျိုး၊ မေသဉ္ဇာဦး၊ ဇော်ဦးနဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

The post “ဆိုးတဲ့ ကလေးလို သရုပ်ဆောင်ထားတော့ ပရိသတ်မုန်းမှာ ကြောက်တယ်”လို့ အားကိုးရာ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles