Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ညစ်ညမ်းဗီဒီယို အမှုကို စစ်ဆေးရန် Jung Joon Young ကို အစိုးရရှေ့နေများထံ လွှဲပြောင်း

$
0
0

အဆိုတော်နဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ Jung Joon Young ဟာ သူနဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီးတွေကို လျှို့ဝှက်ဗီဒီယို ရိုက်ကူးခဲ့ပြီး အဲဒီဗီဒီယိုတွေကို မိုဘိုင်း Chatroom တွေမှာ သူငယ်ချင်းတွေနဲ့အတူ မျှဝေခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး အခုတော့ ပိုမိုခိုင်မာတဲ့ အမှုစွဲချက်တင်နိုင်ဖို့ အစိုးရရှေ့နေတွေလက်ထဲ သူ့ကို မတ် ၂၉ ရက်မှာပဲ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုလို့ခေါ်တဲ့ ပြစ်မှုများဆိုင်ရာ အထူးအမှုများ အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ခဲ့ရတဲ့ အသက် ၃၀ အရွယ်အဆိုတော် Jung ကို ဆိုးလ်မြို့လယ်မှာရှိတဲ့ Jongno ရဲစခန်းရဲ့ ထိန်းသိမ်းရေးအခန်းကနေ မနက် ၈ နာရီမှာပဲ အစိုးရ ရှေ့နေတွေ လက်ထဲကို အပ်လိုက်ပြီ ဖြစ်ပါတယ်။

လက်ထိပ်ခတ်ခံထားရပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ Jung ကို သက်သေတွေ ဖျက်ဆီးခဲ့ခြင်း ရှိ၊ မရှိနဲ့ ထောင်အရွှေ့အပြောင်း ဗန်ကားပေါ် မတက်ခင် သူကျူးလွန်ခဲ့တဲ့သူတွေကို ပြောစရာ တခုခု ရှိပါသလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာ မရှိပါဘူး။

အဆိုတော် Jung ဟာ နာမည်ကျော် Kpop အဖွဲ့ BIGBANG မှ အဖွဲ့ဝင် Seungri အပါအဝင် အခြား အနုပညာရှင်တွေနဲ့အတူ ၂၀၁၅ ခုနှစ် နှောင်းပိုင်းလောက်က KakaoTalk Chatroom မှာ သူနဲ့အတူ အိပ်ခဲ့တဲ့ အမျိုးသမီး ၁၀ ဦးခန့်ရဲ့ ညစ်ညမ်းဗီဒီယိုတွေကို ရိုက်ကူးပြီး တင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဆိုးလ်မြို့ပြ ရဲတပ်ဖွဲ့အေဂျင်စီရဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ အဆိုတော် Jung ဟာ တရားမဝင် ညစ်ညမ်း ဗီဒီယို ၁၃ ခုကို ဖြန့်ဝေခဲ့တယ်လို့အတည်ပြုထားပါတယ်။ အဆိုတော် Jung ဟာ နာမည်ကျော် ဖျော်ဖြေရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီးတဲ့နောက် နာမည်ကျော်ကြားလာခဲ့တာပါ။

ရဲတပ်ဖွဲ့ဟာ Seungri က တစိတ်တပိုင်း ရင်းနှီးမြှုပ်နှံထားတယ်လို့ဆိုတဲ့ Burning Sun ကလပ်ရဲ့ ဝန်ထမ်းတဦးကိုလည်း မိုဘိုင်း Chatroom တွေမှာ Jung ရဲ့ တရားမဝင် ဗီဒီယိုတွေကို မျှဝေခဲ့တဲ့ စွဲချက်နဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေထဲကို လွှဲပြောင်းပေးခဲ့ပါတယ်။

Seungri ကိုယ်တိုင်ကတော့ ညစ်ညမ်းဗီဒီယို ကိစ္စနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာ ရှာဖွေပေးခဲ့မှု အပါအဝင် အခြား စွဲချက်တချို့အတွက် စစ်ဆေးခံနေရပါတယ်။

Ref : Yonhap

The post ညစ်ညမ်းဗီဒီယို အမှုကို စစ်ဆေးရန် Jung Joon Young ကို အစိုးရရှေ့နေများထံ လွှဲပြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...