Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ရိုက်ကူးနေတဲ့ ပိုင်တံခွန်

$
0
0

မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိထားတဲ့ မော်ဒယ် ပိုင်တံခွန်ဟာ လတ်လောမှာ သင်ဇာဝင့်ကျော်နဲ့အတူ မြိတ်ဘက်မှာ “ခရီးသွားကောက်ကြောင်း”ဇာတ်လမ်း ရိုက်ကူးနေတယ်လို့ ပြောပါတယ်။

“လတ်တလောမှာတော့ ကြော်ငြာတွေပဲ ရိုက်ဖြစ်တယ်။ ကားကြီး ၃ ကား လက်ခံထားတယ်။ ရေခဲတောင်မှာရိုက်မယ့် ကားကတော့ မရိုက်ဖြစ်တော့ဘူး။ ညှိလို့ မရတော့ ကျနော် တယောက်ပဲ ညှိလို့မရတာကြောင့် ကျနော်ပဲ ဖြတ်လိုက်တာပါ။ သရုပ်ဆောင်ရတာ ထွေထွေထူးထူးတော့ အခက်အခဲ မရှိပါဘူး။ အသစ်ဆိုတော့ ကြိုးစားရတာပေါ့။ လက်ရှိမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ဇာတ်လမ်းကို ရိုက်ကူးနေပါတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။

“ကျနော်တို့ အလုပ်ရော၊ ဘယ်အလုပ်မဆို စီနီယာတွေဆီက အမြဲသင်ယူရတယ်။ သူတို့ဆီက ကောင်းတာ၊ ဆိုးတာတွေကို ခွဲခြားပြီးတော့ သင်ယူရတာပေါ့။ ရေခဲတောင်ကား လက်လွှတ်လိုက်ရတာတော့ ဘယ်လိုမှတော့ မခံစားရပါဘူး။ ကျနော် လက်လွှတ်ခဲ့ရတဲ့ ဇာတ်ကားတွေက အများကြီးပါပဲ” လို့ ပိုင်တံခွန်က ဆိုပါတယ်။

ဆက်လက်ပြီး ပိုင်တံခွန်က လက်လွှတ်လိုက်တဲ့ ဇာတ်ကားတွေအတွက် အရမ်းမခံစားတော့ဘဲ နောက်အလုပ်တွေကိုသာ ကောင်းအောင်ကြိုးစားတယ်လို့ ဆိုပါတယ်။

“ကျနော် ကိုယ်တိုင်ကလည်း ဒါ မရိုက်ရလို့၊ ဒါ ရိုက်ရမှ ဆိုတာမျိုး စိတ်ထဲမှာ မရှိပါဘူး။ တကယ်လို့ ဒီဘက်မရလည်း နောက်တဖက်မှာ အလုပ်တွေက ဆက်နေတာဆိုတော့ အဲဒီအတွက် အရမ်းကြီး ဖီလင် မရှိဘူး။ ဇာတ်လမ်းကောင်းတယ်၊ ပရိသတ်ကို ချပြတဲ့အခါမှာ အဆင်ပြေတယ်ဆိုရင်တော့ ကျနော် ဆုံးရှုံးလိုက်ရတဲ့အခါ နှမြောမိလိမ့်မယ်။ လက်လွှတ်လိုက်ရတဲ့ ကားတွေလည်း တော်တော်များတယ် ခင်ဗျ”

“အခုနောက်ပိုင်း ကျနော့်ကို ရုပ်ရှင်ကားတွေအတွက် ဒါရိုက်တာ တော်တော်များများက ကျနော့်ကို ကမ်းလှမ်းကြတယ်။ ကမ်းလှမ်းတဲ့အခါမှာ ရုပ်ရှင်မရိုက်ခင် ၅ လ၊ ၆ လလောက် အလိုမှ ကမ်းလှမ်းကြတယ်။ ကျနော် အခုဆိုရင် ဇူလိုင်လထိ ရက်တွေ ပြည့်တယ်။ ပြည့်ရင် ကျနော့်ကို ဒီကြားထဲ ရက်တောင်းရင် မပေးနိုင်ဘူး၊ မပေးနိုင်တော့ ပြတ်ပြန်တယ်” လို့ ပိုင်တံခွန်က ဆိုပါတယ်။

မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက်လည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တကိုယ်တော် Mini Album ဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထွက်ရှိထားပါတယ်။

The post သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ရိုက်ကူးနေတဲ့ ပိုင်တံခွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles