Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အခုခေတ်က နေရာတိုင်းမှာ သွန်သင်ဆုံးမမှု နည်းနေတဲ့သဘော ဖြစ်နေတယ်”

$
0
0

ဝါရင့်အဆိုတော်ကြီးဖြစ်ပြီး ယခုအချိန်ထိ လူငယ်တယောက်လို သီချင်းများဆိုနေဆဲဖြစ်တဲ့ အဆိုတော်ဇော်ဝင်းထွဋ် ကတော့ လူငယ်တွေဟာ ဒီနေ့ခေတ် အခြေအနေအရ သွန်သင်ဆုံးမနည်းနေတဲ့သဘောဖြစ်နေတယ်လို့ သုံးသပ်ပြောပြခဲ့ပါတယ်။

“အခုခေတ်က နေရာတိုင်းမှာ သွန်သင်ဆုံးမမှုနည်းနေတဲ့သဘောပေါ့နော်။ အဲဒီလိုပဲပြောရမယ်။ ကောင်းတဲ့နမူနာယူစရာရှားတာလည်း ပါမှာပေါ့။ ဆိုရှယ်မီဒီယာခေတ်မှာ ပိုဆိုးသွားတာပေါ့။ အကုန်လုံးက ခဏလေးနဲ့ ဆယ်လီဖြစ်နိုင်တယ်ဆိုတဲ့ အခွင့်အရေးက လက်တကမ်းမှာရှိနေတယ်ဆိုတော့ ဘယ်ဟာက လုပ်သင့်လုပ်ထိုက်လည်း ဆိုတာမသိကြတော့ဘူး” လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

ဆက်လက်ပြီး “တရက် ကျနော်ပြည်သူရင်ပြင်ရှေ့မှာ မြို့ထဲမရောက်တာလည်းကြာပြီ။ မီးပွိုင့်မိနေတုန်း ပန်းခြံထဲကနေ ကောင်လေးတယောက်က ကောင်မလေးကို ပခုံးပေးမှာ ကုန်းပိုးပြီးထွက်ပြီးထွက်လာတယ်။ လူတွေလည်းအများကြီးရှိတယ်။ ကောင်မလေးက နောက်ကနေ ကောင်လေးရဲ့ပါးကို တရွှတ်ရွှတ်နဲ့နမ်းလိုက် မုန့်တွေခွံ့ကျွေးလိုက်နဲ့ ပလက်ဖောင်းပေါ်မှာဖြစ်နေတာပေါ့။ ပန်းခြံထဲမှာလည်းအများကြီးပဲ”

“ အခုခေတ်က ဘယ်ဟာကလုပ်သင့်တယ်။ မလုပ်သင့်ဘူးဆိုတာကို မသိတော့ဘူး။ အဲဒီလိုတွေက စပြီးတော့ သီချင်းတွေလုပ်ရင်လည်း ကိုယ့်ရဲ့အနုပညာဘယ်လောက်ထိသွားမလဲ။ ကိုယ့်ဖန်တီးတဲ့အနုပညာ ကျင့်ဝတ်တခုကို ဘယ်လိုထားရမလဲဆိုတာ ဒီဘက်ခေတ်မှာနည်းသွားတာပေါ့။ သွန်သင်ဆုံးမမှုမရှိတာလည်းဖြစ်မှာပေါ့” လို့ပြောပါတယ်။

လူကြီးတယောက်အနေနဲ့ လူငယ်များရဲ့ အပြုအမူများကြောင့် ယဉ်ကျေးမှုပျောက်သွားမှာကို စိတ်ပူမိပြီး ယဉ်ကျေးမှုကို အခြေခံတဲ့အပြုအမူများ ပြုလုပ်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

“ကျနော်စိတ်ပူတာက ယဉ်ကျေးမှုပျောက်တာပေါ့။ ကျနော်လည်း တအားယဉ်ကျေးတဲ့ကောင်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ယဉ်ကျေးမှုလို့ပြောတဲ့အရာကတော့ ကိုယ့်ရဲ့ Culture တခုပေါ့။ ဒီလူမျိုးတွေက ဘယ်လိုလူမျိုးတွေလည်းဆိုတာရှိတာပေါ့။ အဲဒါကိုအခြေခံပြီးတော့ အပြုအမူတွေလုပ်မယ်ဆိုရင်တော့ အဆင်ပြေမှာပေါ့” လို့ ဇော်ဝင်းထွဋ်ကပြောပါတယ်။

မျိုးဆက်သစ် ဂီတ၊ အနုပညာဖန်တီးမယ့်သူများကိုလည်း တတ်နိုင်သလောက် ပြောပြဖြစ်ပြီး အဓိပ္ပာယ် ၂ခုထွက်စေမယ့် သီချင်းမျိုးမရေးတာကောင်းတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် Sexy ဘက်ကိုသွားနေတာကို တီဗီတွေမှာ မြင်နေရတာ။ MTV တွေဆိုရင် အိမ်မှာမကြည့်တော့ဘူး။ ပြလည်းမပြဘူး။ အိမ်မှာလည်း Channel ထားကိုမထားဘူး။ ကပ္ပလီတွေဆိုတဲ့သီချင်း အမည်းသီချင်းတွေက ဒီဘက်ကိုပဲအကုန်သွားမှာပဲ။ အဖော်အချွတ်ဘက်ကို။ ဒါတွေကို မြင်ရင်လည်း အဟုတ်မှတ်ပြီး လိုက်လုပ်မှာပဲ။ မကောင်းဘူးဆိုပြီး ဘယ်သူမှလည်းပြောမှာမဟုတ်ဘူး”

“ ကျနော်တို့ကတော့ ဂီတတခုကို မဟုတ်တာနဲ့ မဖျားယောင်းဘူး။ အဆင့်အတန်းတခု ၊ အားအင်တခုနဲ့ ရေရှည်ဘယ်လိုခံလဲဆိုတဲ့ သီချင်းတွေပဲ စိတ်ဝင်စားတယ်။ ဖန်တီးတဲ့ကလေးတွေကိုလည်း တတ်နိုင်ရင်တော့ မြူဆွယ်တဲ့သီချင်း ၊ အဓိပ္ပာယ် ၂ခုထွက်စေတဲ့သီချင်းမရေးတာကောင်းတာပေါ့။ ကျနော်တို့က မကြိုက်ဘူးပေါ့။ ကြိုက်တဲ့သူကလည်း တကယ်ကြိုက်တာလည်း ဟုတ်ချင်မှဟုတ်မှာပေါ့” လို့ဇော်ဝင်းထွဋ်ကပြောပါတယ်။

The post “အခုခေတ်က နေရာတိုင်းမှာ သွန်သင်ဆုံးမမှု နည်းနေတဲ့သဘော ဖြစ်နေတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...