Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နှစ် ၂၀ကျော်မပြန်ဖြစ်ခဲ့တဲ့ မွေးရပ်မြေမှာ အလှူပြန်လုပ်မယ့် သရုပ်ဆောင်နေတိုး

$
0
0

သရုပ်ဆောင်နေတိုးကတော့ မကြာခင်မှာ မွေးရပ်ဇာတိဖြစ်တဲ့ မာန်အောင်မြို့မှာ တည်ထားခဲ့တဲ့ မဟာမုနိကြေးသွန်းဘုရားကြီးရဲ့ အနေကဇာတင်ပွဲအလှူအတွက် ဧပြီလ ၅ရက်နေ့တွင် မွေးရပ်မြေကို ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဘုရားကိုတော့ ညီဖြစ်သူ မင်းသွေးမကွယ်လွန်ခင်ကတည်းက တည်ထားခဲ့တာလို့ ဆိုပါတယ်။

“ဧပြီ ၅ရက်နေ့မှာ ဘုရားအနေကဇာတင်ဖို့ရှိပါတယ်။ မင်းသွေးရှိစဉ်ကတည်းက သူဦးဆောင်ပြီး အနုပညာကြေးလေး တွေနဲ့ စုပြီးတော့ ကြေးသွန်းဘုရား မဟာမုနိဘုရားကို တည်ထားခဲ့တာပါ။ ဉာဏ်တော်ကတော့ ၉ပေကျော်လောက် ရှိတယ်။ အဲဒီဆင်းတုတော်ကို မန္တလေးမှာ ထုလုပ်ပြီးတော့ မာန်အောင်မှာ တည်ထားကိုးကွယ်မှာပေါ့။ မင်းသွေး ရှိစဉ်က အဲဒါတွေကို လုပ်ခဲ့ပေမယ့် ဘုရားအနေကဇာမတင်ခဲ့ရဘူး။ အဲဒါကို ကျနော်တို့က မိတ်ဆွေတွေနဲ့ လုပ်ဖြစ်မှာပါ” လို့နေတိုးကပြောပါတယ်။

မင်းသွေးကတော့ သူမသေဆုံးမီက ရရှိတဲ့အနုပညာကြေးများဖြင့် ဘုရားတည်ထားခဲ့ပြီး အနေကဇာမတင် လိုက်နိုင်တဲ့အတွက် အစ်ကိုဖြစ်သူနေတိုးနဲ့ တခြားသောမိတ်ဆွေသူငယ်ချင်းများက ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။

“ဘုရားတည်ထားတယ်ဆိုတာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်ပေါ်လာတဲ့အတွက် ပရိသတ်တွေရဲ့ အလှူဆိုလည်းမမှားဘူး။ ဒီလိုမျိုးသာသနာပြုလုပ်ငန်းတွေကို သူ့အနေနဲ့ စိတ်ဝင်တစားနဲ့ လုပ်ကိုင်သွားခဲ့တဲ့အတွက် ကျနော့်အနေနဲ့ ပီတိဖြစ်ရတယ်။ ပရိသတ်တွေလည်းအားလုံး သာဓုခေါ်နိုင်မယ်လို့မျှော်လင့်ပါတယ်” လို့ နေတိုးကပြောပါတယ်။

အလှူကိုတော့ ဧပြီလ ၅ ၊ ၆ ၊ ၇ ရက်နေ့များမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များစွာလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“၅ရက် ၆ရက် ၇ရက် သွားမှာပါ။ ဖျော်ဖြေရေးအစီအစဉ်တွေရှိပါတယ်။ ကျနော်တို့သူငယ်ချင်းတွေ သီချင်းတွေဆိုကြမယ်။ ဇာတ်သဘင်က ဆန်းမင်းဝင်းတို့လည်း ၂ပါးတွေဘာတွေကမယ်။ နှင်းဆီအဖွဲ့သားတွေလည်းပါမယ်။ ပြဇာတ်တိုလေးတွေကဖို့လည်းရှိတယ်” လို့နေတိုးက ပြောပါတယ်။

အဆိုပါ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ပြုလုပ်မယ့်အလှူအတွက် မွေးရပ်မြေကို ပြန်တာကတော့ နှစ် ၂၀ကျော်ကြာမှ ပြန်ဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

“အိမ်ကိုလည်း ပထမဆုံးပြန်ဖြစ်မှာပေါ့။ စိတ်ထဲမှာ ကြည်နူးတယ်။ ကိုယ့်မွေးရပ်မြေကို ပြန်သွားရမှာ အိပ်မက်တခုလိုတောင်ဖြစ်နေတယ်။ ငယ်ငယ်တုန်းက အမြဲတမ်းထိတွေ့ခဲ့တဲ့အရာတွေက အခုဆိုရင် တော်တော်လေးကို ပြောင်းလဲနေတယ်ဆိုတော့ အရမ်းကိုဝမ်းသာပါတယ်” လို့ နေတိုးကပြောပါတယ်။

နေတိုး နဲ့ မင်းသွေးတို့ ညီအကို ၂ဦးကတော့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားတဲ့ ရခိုင်တိုင်းရင်းသား အနုပညာရှင်များဖြစ်ကြပြီး နေတိုးအနေနဲ့ အနုပညာရှင်ဖြစ်ပြီးတဲ့အချိန်မှာမှ ပထမဆုံးပြန်ရမယ့်အချိန်လည်း ဖြစ်တာကြောင့် ရင်ခုန်နေတယ်လို့သိရပါတယ်။

The post နှစ် ၂၀ကျော်မပြန်ဖြစ်ခဲ့တဲ့ မွေးရပ်မြေမှာ အလှူပြန်လုပ်မယ့် သရုပ်ဆောင်နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...