Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Victoria နဲ့ အနစ်နာခံပြီး Relationship ချိတ်ခဲ့တာပါ”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မနေ့က ကျရောက်တဲ့ Apirl Fools’ Day မှာ သူ့ရဲ့ Facebook မှာ Victoria ဆိုတဲ့ မိန်းကလေး အကောင့်နဲ့ Relationship တင်ခဲ့တဲ့အတွက် ပရိသတ်များကတော့ Victoria ကဘယ်သူလဲဆိုတာကို သိချင်နေကြပြီး စိုင်းစိုင်းက အဆိုပါ Relationship ကို အနစ်နာခံပြီးတင်ခဲ့တာလို့ ပြောပါတယ်။

အဆိုပါ Victoria ကတော့ ဧပြီလ ၁ရက်နေ့က ထွက်ခဲ့တဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်” Music Video ထဲက ဇာတ်ကောင်မင်းသမီးရဲ့ နာမည်ဖြစ်ပြီး သူ့နာမည်နဲ့ အကောင့်တခု ဖွင့်လိုက်တာလို့ သိရပါတယ်။

“ဒီသီချင်းကို မတင်ခင်မှာ ကျနော်တို့က Count Down လုပ်ပါတယ်။ ကျနော်တို့ရဲ့ ကာရိုက်တာတွေနဲ့ ပြီးတော့ ဒီထဲက မင်းသမီးပေါ့။ ကျနော် ဗစ်တိုးရီးယားလို့ နာမည်ပေးထားတယ်။ ဒီမင်းသမီးရဲ့ ကာရိုက်တာနဲ့လည်း ကျနော်တို့ Facebook အကောင့်တခု လုပ်ခဲ့ပါတယ်။ ဒီထဲမှာ ဗစ်တိုးရီးယားက အကုန်လုံးနဲ့ကြိုက်တယ်ဆိုပြီး ရိုက်ထားတာကိုး။ ပထမဆုံးရတဲ့ အိုင်ဒီယာက ငါတို့အားလုံးနဲ့ ဗစ်တိုးရီးယားနဲ့ Facebook မှာပါ Relationshiop ချိတ်ရင်ကောင်း မလားမသိဘူးပေါ့။ ဒါပေမဲ့ Facebook မှာ ၂ယောက်ချိတ်လို့ မရဘူး။ အဲဒါကြောင့် ကျနော်ကပဲ အနစ်နာခံပြီးတော့ ချိတ်လိုက်တာဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းမှာ ပါဝင်သီဆိုထားတဲ့ တခြားသော အဆိုတော်များကတော့ ချစ်သူရည်းစား ကိုယ်စီရှိကြပြီး Facebook မှာ Relationshiop ထပ်မံချိတ်လို့ မရတော့တာကြောင့် စိုင်းစိုင်းခမ်းလှိုင်က သူ့အကောင့်နဲ့ ချိတ်လိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းကိုတော့ လွန်ခဲ့တဲ့ ၁ နှစ်က ထွက်ရှိထားတာဖြစ်ပြီး ယခု ဧပြီလ ၁ ရက်နေ့မှာတော့ Animation နဲ့ Music Video ကို ထွက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

“Animation နဲ့ လုပ်ချင်တာကတော့ ကျနော့်ရဲ့ အိုင်ဒီယာဖြစ်ပါတယ်။ သီချင်းကို စပြီးတော့ ဒီအကြောင်းအရာကို ရေးမယ်ဆိုကလည်း ကျနော့်ရဲ့အိုင်ဒီယာဖြစ်ပါတယ်။ ဒါပေမဲ့ ဖန်တီးမှုကတော့ ပူးပေါင်းဖန်တီး ကြတာဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဒီသီချင်းကတော့ မနှစ်က ဧပြီလ ၁ ရက်နေ့မှာ ထွက်ခဲ့တဲ့ “Sai Sai is Sai Sai” အခွေထဲမှာ ပါရှိပြီး တနှစ်ပြည့်တဲ့အချိန်မှာ Music Video ကို ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့သီချင်းတွေကိုတော့ Animation မဟုတ်ဘဲ သရုပ်ဆောင်တွေနဲ့ ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

The post “Victoria နဲ့ အနစ်နာခံပြီး Relationship ချိတ်ခဲ့တာပါ”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)