Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မိန်းမချော ကာရိုက်တာကြောင့် ရုပ်ရှင်ကားကြီးတွေ ကမ်းလှမ်းခံရတယ်”လို့ သံသာမိုးသိမ့် ပြော

$
0
0

MRTV- 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မိန်းမချောကာရိုက်တာနဲ့ ပရိသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က မိန်းမချော ကာရိုက်တာနဲ့ ပရိသတ်တွေကြားမှာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ လာကမ်းလှမ်းကြတဲ့အတွက် အရမ်းဝမ်းသာသလို အခွင့်အရေးရရင်လည်း လုပ်မှာပါလို့ ဧရာဝတီကို ပြောပါတယ်။

“မိန်းမချော ကာရိုက်တာနဲ့ ပရိသတ်တွေကြားမှာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ လာကမ်းလှမ်းကြတဲ့အတွက် အရမ်းဝမ်းသာသလို အခွင့်အရေးရရင်လည်း လုပ်မှာပါ။ နောက်ပိုင်း ပရိသတ်ကို Message ပေးချင်တဲ့အတွက် ဇာတ်လေးတွေ ရွေးတာမျိုးလေးတွေတော့ ရှိလာပါတယ်။ ကိုယ့်အတွက် မဟုတ်ဘဲ ပရိသတ်ကို Message ပေးနိုင်ရင် ကျေနပ်ပါတယ်”လို့ သံသာမိုးသိမ့်က ပြောပါတယ်။

သံသာမိုးသိမ့်ကို “မိန်းမချော” ကာရိုက်တာနဲ့ သရုပ်ဆောင်ကောင်းတယ်လို့ ပရိသတ်များက ချီးကျူးကြပြီး ကိုယ့်ရဲ့အနုပညာအပေါ် ကျေနပ်အားရမှု ရှိလားဆိုတာကိုလည်း အခုလိုပဲ ဖြေပါတယ်။

“အနုပညာရှင်ဆိုတာလေ ကိုယ့်ရဲ့ အနုပညာတွေကို ဘယ်တော့မှ အားရကျေနပ်တယ်ကို မရှိဘူး။ အကယ်ဒမီ ၅ ဆု၊ ၆ ဆုရလည်း အနုပညာရှင်က အားရကျေနပ်မှု မရှိဘူး။ အနုပညာတွေကို တကယ်လုပ်ချင်တယ်။ လုပ်ပြချင်တယ်ဆိုတဲ့ စိတ်တွေပဲ အများကြီးရှိတာ။ ညီမဆိုလည်း ညီမကားတွေကို ကြည့်ပြီး ညီမလိုတာတွေ ညီမတွေ့ တယ်။ ညီမကြိုက်တာတွေ ညီမတွေ့တယ်”

“တချို့ပရိသတ်တွေ ထောက်ပြရင်လည်း သူတို့ပြောတာတွေ မှန်တယ်။ မှတ်ထားတယ်။ ညီမကိုပေးတဲ့ Comment တွေတိုင်းလည်း ညီမ အစအဆုံး ဖတ်ဖြစ်တယ်။ ပရိသတ်အသံကို အမြဲနားထောင်တယ်။ အဲ့ဒါက ညီမအတွက် ဝမ်းစာ ဖြည့်တာပါပဲ”လို့ သံသာမိုးသိမ့်က ပြောပါတယ်။

သံသာမိုးသိမ့် ပါဝင်ထားတဲ့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကလည်း မကြာခင် ကျင်းပမယ့် Star Awards ဆုပေးပွဲရဲ့ ဆန်ခါတင် စာရင်းမှာ ပါဝင်တဲ့အတွက် ရင်ခုန်တယ်လို့ ဆိုပါတယ်။

“Star Awards ရှိတာ ကောင်းတယ်။ အရင်တုန်းက ရုပ်ရှင်ကားကြီးတွေပဲ ပေးကြတယ်။ အခု စီးရီးတွဲတွေပါပေးတော့ စီးရီးတွဲက မင်းသား၊ မင်းသမီးတွေ ကြိုးစားချင်စိတ်ဖြစ်တာပေါ့။ နောင်နှစ် Star Awards လုပ်ရင် ငါ့ကားလေး ပါပြီး ငါများရမလားလို့ အဲ့လို စိတ်လေးတွေ ဖြစ်လာတာပေါ့။ အနုပညာရှင်တွေကတော့ ဘယ်သူကပဲ ဆုပေးပေး ဘာဆုပဲရရ ပျော်ကြတာပဲလေ။ လိုချင်ကြတာပေါ့။ ညီမ ၂၀၁၈ အတွက် ညီမကားတကား “မနေ့ကဖြစ်သည်”တော့ ပါတယ်။ အဲ့ဒါလည်း ရင်ခုန်ပါတယ်”လို့ သံသာမိုးသိမ့်က ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ ရွေးချယ်လက်တွဲမယ့်သူရဲ့ ပုံစံကိုလည်း သံသာမိုးသိမ့်က အခုလိုပဲ ပြောပါတယ်။

“ညီမက အနုပညာကို ချစ်တော့ အနုပညာကို နားလည်ပေးနိုင်ရမယ်။ ကိုယ့်အလုပ်ကို မချစ်ရင်တောင် နားလည်ပေးနိုင်တဲ့ သူမျိုးမှ ညီမနဲ့ အဆင်ပြေမယ်။ မိန်းကလေးဆိုတာကကတော့ ရွေးချယ်စရာတွ အများကြီးရှိတယ်။ ကိုယ်နဲ့ လက်တွဲဖို့ အဆင်ပြေတယ်။ အဲ့လူတယောက်ရဲ့ စိတ်ဓာတ် ပြည့်ဝတယ် ကိုယ်နဲ့ လိုက်ဖက်တယ်ဆိုရင် လက်တွဲမှာပါ” လို့ သံသာမိုးသိမ့်က ဆိုပါတယ်။

သံသာမိုးသိမ့်က လတ်တလောမှာတော့ သရုပ်ဆောင် ကျော်ထက်ဇော်နဲ့ “အချစ်ဖွဲ့လေညင်း” ဆိုတဲ့ ဇာတ်လမ်းတွဲကို ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးနေပြီး ပင်းတယမှာ ၁ လခွဲ၊ ရန်ကုန်မှာ ၄ လ၊ နေပြည်တော်မှာ ၁ လ ရိုက်ကူးပြီး ၈ လပိုင်းမှာ ရိုက်ကူးရေး ပြီးဆုံးမယ်လို့ သိရပါတယ်။

The post “မိန်းမချော ကာရိုက်တာကြောင့် ရုပ်ရှင်ကားကြီးတွေ ကမ်းလှမ်းခံရတယ်”လို့ သံသာမိုးသိမ့် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...