Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Forbes မဂ္ဂဇင်းရဲ့ “30 Under 30 Asia”စာရင်းမှာပါဝင်ခဲ့တဲ့ BLACKPINK နဲ့ CL

$
0
0

ကမ္ဘာကျော် ကိုရီးယားအနုပညာရှင်တွေဖြစ်ကြတဲ့ BLACKPINK အဖွဲ့နဲ့ CL တို့ဟာ Forbes မဂ္ဂဇင်းရဲ့ အသက် ၃၀ အောက် နာမည်ကျော်ကြားသူ ၃၀ “30 Under 30 Asia” စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ နယ်ပယ် ၁၀ ခုမှ အသက် ၃၀ အောက်ပုဂ္ဂိုလ်တွေ ၃၀၀ ကျော်ထဲကနေ ရွေးချယ်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းဟာ အာရှဒေသရဲ့ အနုပညာ၊ ဖျော်ဖြေရေးနှင့်အားကစား၊ ဘဏ္ဍာရေးနှင့် ငွေကြေးပိုင်း၊ မီဒီယာ၊ မာကတ်တင်းနှင့် ကြော်ငြာ၊ လက်လီနှင့် E-commerce ၊ စုပေါင်းစပ်ပေါင်းနည်းပညာ၊ စက်မှုလုပ်ငန်း၊ ထုတ်လုပ်မှုနှင့် စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သိပ္ပံပညာ၊ ဆိုရှယ် စွန့်ဦးတီထွင်သူနဲ့ သုံးစွဲသူနည်းပညာစတဲ့ ကဏ္ဍ ၁၀ ခုထဲက ဂုဏ်ပြုထိုက်သူ ၃၀ ဦးစာရင်းကို ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

Forbes ရဲ့အဆိုအရ BLACKPINK အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ ပွဲဦးထွက်ခဲ့ချိန်ကတည်းက Billboard 100 သမိုင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တဲ့ အမျိုးသမီး Kpop တင်ဆက်သူ လျင်လျင်မြန်မြန် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အင်တာဗျူးတခုမှာ အငယ်ဆုံးအဖွဲ့ဝင်ထိုင်းလူမျိုး Lisa က “လူမျိုးပေါင်းစုံပါဝင်တဲ့ အဖွဲ့တခုအနေနဲ့ ကျမတို့ဟာ ဘာသာစကားတွေကို လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အကျိုးကျေးဇူးတော့ ရှိပါတယ်။ ကိုရီးယားနဲ့ နိုင်ငံခြားမှာရှိတဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ ကောင်းမွန်တဲ့ ကောင်းကျိုး ဖြစ်တယ်လို့ ကျမထင်ပါတယ်။ ကျမတို့ရဲ့ဂီတဟာ လူမျိုး၊ အသက်အရွယ်နဲ့ ကျား၊မ မရှိဘဲ လူတိုင်းကို နှစ်ခြိုက်ခံစားရစေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

BLACKPINK အဖွဲ့ကို အသက် ၂၂ နှစ်နဲ့ ၂၄ နှစ်ကြားမှာရှိတဲ့ Jisoo, Jennie, Rose နဲ့ Lisa တို့နဲ့ ဖွဲ့စည်းထား ပါတယ်။ အဲဒီစာရင်းထဲမှာ နောက်ထပ်ပါဝင်လာတဲ့ ကိုရီးယား အနုပညာရှင်ကတော့ Lee Chae-rin လို့ခေါ်တဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော် CL ပဲဖြစ်ပါတယ်။

အခုအချိန်မှာ ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့ 2NE1 အဖွဲ့ဝင် ဟောင်း CL ဟာ “The Baddest Female” နဲ့ “Lifted” သီချင်းတွေကို ဖြန့်ချိခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ Spotify နဲ့ Billboard ရဲ့ Hot 100 စာရင်းတွေမှာ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Forbes မဂ္ဂဇင်းက “လက် ၅ ချောင်းစာလောက်ပဲ ရှိတဲ့ တကိုယ်တော် သီချင်းတွေကို ဖြန့်ချိခဲ့ပေမယ့် သူ့ရဲ့ Hammerstein Ballroom မှာပြုလုပ်ပြီး လက်မှတ် ကုန်စင်အောင်ရောင်းချခဲ့ရတဲ့ အမေရိကန် တကိုယ်တော် နယ်လှည့်ပွဲကြောင့် အာရှရဲ့ ‘baddest female’ (မိန်းမဆိုးလေး) ဟာ နယူးယောက်ရဲ့ နေရာတခုမှာ တကိုယ်တော် ဖျော်ဖြေနိုင်တဲ့ ပထမဆုံး ကိုရီးယားအဆိုတော် ဖြစ်လာခဲ့ပါတယ်”လို့ ဆိုပါတယ်။

မနှစ်က အဲဒီစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ အာရှအနုပညာရှင်တွေကတော့ BTS, Big Bang, Jay Park, Jessica Jung, Eric Nam, Kris Wu နဲ့ G-Dragon တို့ ဖြစ်ကြပါတယ်။

Ref: asiaone

The post Forbes မဂ္ဂဇင်းရဲ့ “30 Under 30 Asia” စာရင်းမှာပါဝင်ခဲ့တဲ့ BLACKPINK နဲ့ CL appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...