Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စူပါဟီးရိုး ရုပ်ရှင်များတွင် ပါဝင်ရန် Marvel စတူဒီယိုထံသို့ မင်းသမီး Priyanka Chopra ချဉ်းကပ်ခဲ့ဟု ဆို

$
0
0

“Avengers: Endgame” ရုပ်ရှင်ကို ဖြန့်ချိတာနဲ့ MCU လို့ သိကြတဲ့ Marvel Cinematic Universe ရဲ့ အပိုင်း ၃ ဟာ အဆုံးသတ်မှာဖြစ်ပြီး စတူဒီယိုဟာ အနာဂတ် ရုပ်ရှင်တွေအတွက် မျက်နှာသစ် သရုပ်ဆောင်တွေကို ရှာဖွေနေပါတယ်။ မင်းသမီး Brie Larson ကို Captain Marvel အဖြစ် ချပြပြီးတဲ့နောက်မှာတော့ မင်းသမီး Priyanka Chopra ဟာ သူ့ရဲ့ကိုယ်ပိုင် စူပါဟီးရိုးရုပ်ရှင်နဲ့ နောက်ထပ် အမျိုးသမီး သရုပ်ဆောင်အဖြစ် ပေါ်ထွက်လာနိုင်ချေရှိနေပါတယ်။

ဒါရိုက်တာ Joe Russo ရဲ့အဆိုအရ Marvel စတူဒီယိုဟာ နောက်ထပ်လာမယ့် ရုပ်ရှင်တွေမှာ ပါဝင်ဖို့အတွက် အိန္ဒိယမင်းသမီး Priyanka ရဲ့ ဆွေးနွေးနေတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ “Avengers: Infinity War” နဲ့ “Endgame” ပူးတွဲဒါရိုက်တာ Joe ဟာ မကြာသေးခင်တုန်းက မွမ်ဘိုင်းမြို့ကို သွားရောက်ခဲ့ပြီး မကြာမီ ရုံတင်တော့မယ့် ရုပ်ရှင်အသစ်အတွက် ပရိုမိုးရှင်းဆင်းခဲ့ပါတယ်။

အဲဒီ ပရိုမိုးရှင်းပွဲမှာတော့ မင်းသမီး Priyanka ကို အနာဂတ်ရုပ်ရှင် ၁ ကားမှာ မြင်တွေ့ရနိုင်ချေရှိတယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ Hindustan Times သတင်းရဲ့အဆိုအရ “ကျနော် Priyanka နဲ့ အလုပ်လုပ်ရမှာကို သဘောကျပါတယ်။ ကျနော်တို့သူနဲ့ တခုခုကို ဆွေးနွေးနေတုန်းပဲမို့လို့ ကျနော် ပြုံးပဲပြုံးနေနိုင်ပါသေးတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကိုတော့ ကျနော်ပြောမှာမဟုတ်ပါဘူး” လို့ ဒါရိုက်တာ Joe က ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာ Joe ဟာ မင်းသမီး Priyanka ချဉ်းကပ်နေတဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ အသေးစိတ် ပြောကြားခဲ့တာမရှိပါဘူး။ ဒါ့အပြင် MCU ပြင်ပ ရုပ်ရှင် ၁ ကားမှာလည်း မင်းသမီးနဲ့အတူ အလုပ်တူ တွဲလုပ်နိုင်မယ့် အခွင့်အရေးရှိတယ်လို့လည်း ဆိုပါတယ်။ သူနဲ့ သူ့ရဲ့အစ်ကို Anthony Russo တို့ဟာ အဲဒီရုပ်ရှင်တွေ ပြင်ပမှာ တခြားရုပ်ရှင်တွေကိုလည်း ရိုက်ကူးခဲ့ဖူးပါတယ်။

၂၀၀၀ ပြည့်နှစ် မယ်ကမ္ဘာဆုရှင် မင်းသမီး Priyanka သည် ဟောလိဝုဒ်ကို အနုပညာခြေလှမ်း မချဲ့ခင် အိန္ဒိယမှာ အနုပညာကြေးအမြင့်ဆုံးနဲ့ နာမည်အကျော်ကြားဆုံး မင်းသမီးဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းများကို ABC ရုပ်သံလိုင်းရဲ့ စီးရီးမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ပြသခဲ့ပါတယ်။ ဒါ့အပြင် “Baywatch” နဲ့ “Isn’t It Romantic” ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ “Cowboy Ninja Viking” ရုပ်ရှင်မှာလည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref: aceshowbiz

The post စူပါဟီးရိုး ရုပ်ရှင်များတွင် ပါဝင်ရန် Marvel စတူဒီယိုထံသို့ မင်းသမီး Priyanka Chopra ချဉ်းကပ်ခဲ့ဟု ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...