မကြာခင် ကျရောက်တော့မယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်မှာ အနုပညာရှင်တွေ ဘယ်မှာ ရှိမလဲ၊ ဘာတွေ လုပ်ဖြစ်မလဲနဲ့ သင်္ကြန်အမှတ်တရတွေကို အခုလိုပဲ မေးမြန်းထားပါတယ်။
ဘေဘီမောင်
“သင်္ကြန် PLAN ကတော့ ကိုယ်က ဒီဈေးတောင်းရင် တခြားတယောက်က ဒီဈေးနဲ့ လိုက်သွားတယ်။ အဲ့လိုဆိုတော့ ကိုယ်လဲ ပရော်ဖက်ရှင်နယ် အဆိုတော် မဟုတ်ပါဘူး။ သီချင်းဆိုရင်တော့ အားသွန်ခွန်စိုက်ဆိုတာ။ ခွေဖွင့်ပြီးဆိုတာမျိုးလည်း မဟုတ်ပါဘူး။ သေချာ ဆိုတာပါ။ မဏ္ဍပ်လေး တခုတော့ ရတယ်။ သာယာဝတီမှာ သာယာမှာပါ။ ပွဲမရတေ့ဘူး ထင်ထားတာ အရမ်းကပ်နေမှ ရတာပါ။ ဘေဘီ မဏ္ဍပ်ရရင် သူ (သားဂန်း) လိုက်မယ်။ သူ မဏ္ဍပ်ရရင် ဘေဘီလိုက်မယ်။ မရရင် ဘုန်းကြီး ဝတ်မှာ။ အခုတော့ ဘုန်းကြီးဝတ်ဖို့ အစီအစဉ် မရှိတော့ဘူး။ ကိုယ့်ကို လိုက်စောင့်ရှောင့်ပေးမှာပါ” လို့ မော်ဒယ်၊ သရုပ်ဆောင် ဘေဘီမောင်က ပြောပါတယ်။
အိချောပို
“ချော သင်္ကြန်ဆိုရင် ပျော်တယ်။ ချောက အနုပညာသမားဆိုတော့ အနုပညာအလုပ်တွေနဲ့ ဖြတ်သန်းနေရတာပေါ့။ ချောရန်ကုန်မှာ ရိုက်ကူးရေးလေးနဲ့ ဖျော်ဖြေရေးကတော့ CB Bank ဖိတ်ထားတာရယ်။ တခြားမဏ္ဍပ်တွေ သွားဖျော်ဖြေပေးမယ်။ သင်္ကြန်အမှတ်တရကတော့ ထွေထွေထူထူး မရှိပါဘူး။ သီချင်း ဆိုတယ်။ အနုပညာအလုပ်လုပ်ပြီး ဖြတ်သန်းတာပါပဲ။ မနှစ်ကတော့ နေပြည်တော်မှာပါ”လို့ သရုပ်ဆောင် အိချောပိုက ပြောပါတယ်။
မေမြင့်မိုရ်
“သီချင်းဆိုဖို့လည်း ရှိမယ် ထင်တယ်။ ဘာလုပ်ဖြစ်မလဲတော့ သေချာ မသိသေးဘူး။ ငယ်ငယ်တုန်းကတော့ မိသားစုနဲ့ လည်ဖြစ်တယ်။ အခုနောက်ပိုင်း အလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ သီချင်း ဆိုဖြစ်တယ်။ မနှစ်ကတော့ တောင်ကြီးမှာ သွားနေဖြစ်တယ်။ ဒီနှစ်ကတော့ ခရီးထွက်ဖြစ်မလား၊ အလုပ်လုပ်ဖြစ်မလား။ မသိသေးဘူး။ သင်္ကြန်ရေ မစိုတာ များတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။
ယွန်းယွန်း
“မနှစ်က သင်္ကြန်သီချင်း ရိုက်ဖြစ်တယ်။ ဒီနှစ်တော့ သင်္ကြန်သီချင်း ရိုက်ထားတာ မရှိဘူး။ သင်္ကြန်နဲ့ ပတ်သတ်တဲ့ ကြော်ငြာလေး ရိုက်ထားတာ ရှိတယ်။ ဒီနှစ် မိသားစုနဲ့ ခရီးထွက်ရင် ထွက်ဖြစ်မယ်။ မထွက်ဖြစ်ရင် ရိပ်သာ ဝင်မယ်။ မေမေက အပြင် ပေးလည်မှာ မဟုတ်ဘူး။ သူ စိတ်ပူတတ်တယ်။ အရွယ်ရောက်လာတော့ မဏ္ဍပ်တွေ ထိုင်ချင်တယ်။ မေမေ့ကို ပြောတော့ စိတ်မချဘူး။ အခုထိတော့ မေမေ့ဆီက ပါမစ် မရသေးဘူး။ ၂၀ ကျော်ရင်တော့ ရမလား မသိဘူး။ တခါလောက်တော့ သရုပ်ဆောင်အနေနဲ့ မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းချင်တယ်”လို့ ယွန်းယွန်းက ဆိုပါတယ်။
The post သင်္ကြန်ပွဲတော်မှာ အနုပညာရှင်တွေ ဘယ်မှာ ရှိမလဲ appeared first on ဧရာဝတီ.