Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်ဝင်ခန်းတွေကို ပြောပြတတ်တဲ့ Tom Holland ကို ဒါရိုက်တာတွေက ဇာတ်ညွှန်း ပေးမဖတ်ဟု ဆို

$
0
0

ပင့်ကူလူသား သရုပ်ဆောင် မင်းသား Tom Holland ဟာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်တာမျိုး မရှိတဲ့အတွက် “Avengers: Endgame” ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ဒါရိုက်တာတွေဖြစ်တဲ့ Anthony Russo နဲ့ Joe Russo တို့က ပေးမဖတ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုပ်ရှင်စတင် ရိုက်ကူးတဲ့အချိန်အထိ ရုပ်ရှင်ရဲ့ ဇာတ်လမ်း အကြောင်းအရာနဲ့ ပါဝင်တဲ့သရုပ်ဆောင်တွေကို ဖွင့်မပြောခဲ့ဘဲ ဒါရိုက်တာ Russo ညီအစ်ကိုနှစ်ဦးဟာ ဗြိတိသျှမင်းသား Holland ကို ဘာဆိုဘာမှ ပေးမဖတ်ခဲ့ဘဲ သူ့ပြောရမယ့် ဇာတ်ညွှန်းကိုသာ ပေးဖတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ Joe Russo က “Tom Holland က သူပြောရမယ့် ဒိုင်ယာလော့ခ်ကို ရပါတယ်။ အဲဒါပါပဲ။ သူက ဘယ်သူနဲ့အတူ တွဲပြီး သရုပ်ဆောင်ရမယ် ဆိုတာကိုတောင် မသိခဲ့ပါဘူး။ ကျနော်တို့က ဇာတ်ဝင်ခန်းထဲမှာ ဘာဖြစ်တော့မယ် ဆိုတာကို သူ့ကိုပြောပြဖို့ မရေမရာတဲ့ စကားလုံးတွေကို အသုံးပြုခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ပါးစပ်ကို ပိတ်ထားဖို့ဆိုတာ တော်တော်ခက်ခဲလို့ ဖြစ်ပါတယ်” လို့ IndieWire မီဒီယာကို ပြောကြားခဲ့ပါတယ်။

မင်းသား Holland ဟာ သူ့ကို ဇာတ်ညွှန်းပေးမဖတ်တဲ့ တားမြစ်ချက် အကြောင်းကို ပြောခဲ့ပြီးတော့ လျှို့ဝှက်ချက်ထားတာဟာ အဲဒီအချိန်တွေတုန်းက ရိုက်ကူးရေးအတွက် အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

သူက “Russo ညီအစ်ကိုက မင်းက ဒီနေရာမှာ မတ်တပ်ရပ်နေရမယ်။ ပြီးတော့ ဒီကောင်ကို တိုက်ခိုက်ရမယ်။ ဘာပဲဖြစ်ဖြစ် လုပ်ရမယ် လို့ပြောတယ်။ အဲဒီအခါ ကျနော်က ကောင်းပြီ။ ကျနော် ဘယ်သူ့ကို တိုက်ခိုက်ရမှာလဲ။ အဲဒီအခါ သူတို့က ဘာပြန်ပြောလဲဆိုတော့ လျှို့ဝှက်ချက်မို့လို့ ငါတို့ မင်းကို မပြောပြနိုင်ဘူးတဲ့” လို့ ပြောဆိုခဲ့ဖူးပါတယ်။

သူကဆက်ပြီး “ကောင်းပြီလေ။ အဲဒါဆိုရင်သူက ဘာနဲ့တူလဲလို့ မေးတယ်။ အဲဒီအခါ သူတို့က အဲဒါလည်း ပေးသိလို့မဖြစ်လို့ မင်းကို ငါတို့မပြောပြနိုင်ဘူးလို့ ပြောတယ်။ ကျနော် ၁၅ မိနစ်လောက် လေထဲကို လက်သီးနဲ့ ထိုးဖို့ မတ်တပ်ရပ်နေခဲ့ရတယ်။ ကျနော် ဘာတွေလုပ်လို့ လုပ်နေမှန်းတောင်မသိတော့ပါဘူး။ အခုတော့ ကျနော် အသားကျနေပါပြီ” လို့ဆိုပါတယ်။

မင်းသား Tom Holland ပါဝင်ထားတဲ့ “Avengers: Endgame” ရုပ်ရှင်ကို လာမယ့် ဧပြီလ ၂၆ ရက်နေ့ကနေစလို့ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Ref: aceshowbiz

The post ဇာတ်ဝင်ခန်းတွေကို ပြောပြတတ်တဲ့ Tom Holland ကို ဒါရိုက်တာတွေက ဇာတ်ညွှန်း ပေးမဖတ်ဟု ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...