ကိုရီးယားအဆိုတော် Roy Kim ဟာ မျက်မြင် သက်သေကနေ သံသယရှိသူအနေနဲ့ အစစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။ ဧပြီလ ၄ ရက်နေ့မှာ ဆိုးလ်မြို့ပြရဲတပ်ဖွဲ့အေဂျင်စီရဲ့ သတင်းရင်းမြစ်တခုက “တရားမဝင် လျှို့ဝှက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မျှဝေတာကြောင့် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး ကွန်ရက် အသုံးချမှုနဲ့ အချက်အလက် ကာကွယ်ရေး အက်ဥပဒေစွဲချက်တွေနဲ့ စစ်ဆေးခံရဖို့ Roy Kim ကို အကြောင်းကြားထားပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
အဲဒီဓာတ်ပုံတွေကို Roy Kim က တိုက်ရိုက် ရိုက်ကူးခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုတော့ အတည်မပြုနိုင်တဲ့အကြောင်း ရဲတပ်ဖွဲ့က ဖြေကြားသွားပါတယ်။
တခြားရင်းမြစ်တခုကတော “ Jung Joon Young ရဲ့ KakaoTalk စကားပြောခန်းထဲမှာ ပါဝင်ကြသူတွေလို့ ဖော်ပြခံထားရတဲ့ အဆိုတော်တွေဖြစ်ကြတဲ့ Jeong Jinwoon, Kangin, Lee Jong Hyun, Yong Junhyung နဲ့ မော်ဒယ် Lee Chul Woo တို့ကိုလည်း မျက်မြင်သက်သေအဖြစ် စဉ်းစားနေဆဲဖြစ်ပါတယ်” လို့လည်း ပြောဆိုထားပါတယ်။
Roy Kim ဟာ လက်ရှိမှာတော့ တရားမဝင် လျှို့ဝှက်ဓာတ်ပုံ ဖြန့်ဝေမှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ သူဟာ Jung Joon Young က တရားမဝင် ညစ်ညမ်းဗီဒီယိုတွေ မျှဝေခဲ့တဲ့ အဖွဲ့လိုက် စကားပြောခန်း(Group Chatroom) ထဲက အမည်မဖော်တဲ့ နာမည်ကျော်တွေထဲက တဦးဖြစ်တယ်လို့ ဧပြီလ ၂ ရက်နေ့မှာ စတင်သတင်း ထွက်ပေါ်ခဲ့တာပါ။
အဲဒီသတင်းတွေနောက်ပိုင်းမှာတော့ Roy Kim ရဲ့ အေဂျင်စီက အဆိုတော်ဟာ လက်ရှိမှာတော့ နိုင်ငံခြားမှာ ပညာသင်ကြားနေပြီး အခုလိုမျိုး စုံစမ်းမေးမြန်းခံရဖို့ ကိုရီးယားကို ဖြစ်နိုင်ရင် အမြန်ဆုံး ပြန်လာမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref : soompi
The post လျှို့ဝှက် ရိုက်ကူးထားသော ဓာတ်ပုံများ ဖြန့်ဝေမှုဖြင့် အဆိုတော် Roy Kim စစ်ဆေးခံရမည် appeared first on ဧရာဝတီ.