Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို အထင်မလွဲကြဖို့ ရန်အောင် ပြော

$
0
0

အနုပညာနဲ့ ပတ်သက်ရင် စွယ်စုံရတဲ့ အကယ်ဒမီများရှင် ရန်အောင်က အကယ်ဒမီ ဘုတ်အဖွဲ့မှာ အကဲဖြတ်ပေးဖို့အတွက် ကမ်းလှမ်းလာရင်တော့ ပါဝင်ပေးမယ်လို့ ဆိုပြီး အရင်ကလည်း ကမ်းလှမ်းခဲ့တာရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ကို ဘုတ်အဖွဲ့အတွက် ကမ်းလှမ်းလာရင်တော့ ပါပေးရမှာပေါ့။ အရင်တုန်းက အစည်းအရုံးက အကယ်ဒမီ ဘုတ်အတွက် ခေါ်ဖူးပါတယ်။ ကျနော်တို့ ကားတွေကလည်း အရမ်းများတယ်။ အဲ့အတွက် ကျနော် မပါတော့ဘူး။ အခု အကယ်ဒမီကလည်း စည်းမျဉ်းစည်းကမ်း အသစ်ဆွဲတာပါပဲ။ သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြမှုတွေ ရှိမှာပါ”လို့ သရုပ်ဆောင် ရန်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို အထင်လွဲနေတဲ့ ပရိသတ်တွေကို အထင်မလွဲဖို့နဲ့ အကယ်ဒမီ ဆုအကဲဖြတ်တာလည်း သူနဲ့ ဘာမှမဆိုင်ပါဘူးလို့ ရန်အောင်က ဆိုပါတယ်။

“အခုလို ဖြစ်နေတဲ့ ဂယက်တွေက ကိုဇင်ဝိုင်းနဲ့ ဘာမှမဆိုင်ဘူး။ ဟိုနေ့ကပွဲတခုမှာ ကိုဇင်ဝိုင်းနဲ့ ပတ်သက်ပြီး သီချင်းဆိုလို့ မရအောင်ဖြစ်တယ်ဆိုပြီး ကြားတယ်။ သူ့ကို ပရိသတ်တွေက အထင်လွဲကြတယ်။ စိတ်မကောင်းဘူး။ ကိုဇင်ဝိုင်းက အစည်းအရုံးဥက္ကဋ္ဌက ဥက္ကဋ္ဌ သက်သက်ပဲ။ အကယ်ဒမီဘုတ်က ဘုတ်သက်သက်ပဲ။ အကယ်ဒမီဘုတ်အဖွဲ့က ဆုံးဖြတ်တွေ အကုန်လုံးကို သူလည်း မသိဘူး”

“ကျနော်တို့လည်း အကယ်ဒီမီပေးပွဲအတွက် ရွှေကြိုတွေကို သင်ကြားပေးတာ ကျနော်တို့လည်း အစည်းအရုံးကို ပါပေမယ့် မသိဘူး။ တခါတလေကျရင် ကိုဌေးရယ် လူရုပ်တောင် မပေါက်တော့ဘူးလို့ ပြောရတယ်။ ပရိသတ်တွေက အထင်လွဲကြတာပါ။ ဒီကိစ္စတွေက ကိုဇင်ဝိုင်းနဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောချင်ပါတယ်”လို့ ရန်အောင်က ပြောပါတယ်။

ဆက်လက်ပြီး ရန်အောင်က မကြာခင် ကျင်းပမယ့် Star Awards ဆုပေးပွဲနဲ့ ပတ်သက်ပြီးလည်း သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။

“Star Awards က သူတို့လည်း အနုပညာအကြောင်းတွေကို သိတဲ့သူတွေ များပါတယ်။ ရှေ့က ဂယက်က တော်တော်ကြီးတော့ သူတို့ မဖြစ်အောင် တော်တော်ထိန်းသိမ်းမယ်လို့ ကျနော်ထင်ပါတယ်။ အကုန်လုံးက ကောင်းဖို့ လုပ်ကြတာပါပဲ။ အဲ့ဒါကို အထင်တွေ လွဲကုန်ကြတာပေါ့။ အထင်လွဲတာထက်လည်း နောက်တခုက ခေါက်ရိုးလေး နည်းနည်းကျိုးသွားတာပေါ့လေ။ အဲ့ခေါက်ရိုးကို ပြန်ဖြန့်ရမှာပေါ့”လို့ ပြောပါတယ်။

သရုပ်ဆောင် ရန်အောင်က အနုပညာလောကမှာ အချိန်ကြာမြင့်စွာ အောင်မြင်နေဆဲ အနုပညာရှင်တဦး ဖြစ်ပါတယ်။ အကယ်ဒမီ ၆ ဆုကို ရရှိထားတဲ့ အနုပညာရှင်တဦးဖြစ်ပြီး သရုပ်ဆောင်ဘက်မှာ ထူးချွန်သူ တင်မကဘဲ ဂီတဘက်မှာပါ အသံပါရမီ အားကောင်းသူ တယောက်လည်း ဖြစ်ပါတယ်။

The post ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို အထင်မလွဲကြဖို့ ရန်အောင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...