Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟာသကား၊ အက်ရှင်ကားတွေ မျှမျှတတ ရိုက်ကူးထားတဲ့ သရုပ်ဆောင် ထွန်းထွန်း

$
0
0

သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင် သရုပ်ဆောင်ထားပြီး သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်စေချင်ပြီလို့ ဆိုပါတယ်။

“Box No.88 ဆိုတဲ့ ကားလေးကို ရိုက်ကူးနေပါတယ်။ ဒါရိုက်တာက ဝင်းလွင်ထက်ပါ။ ဒီနှစ်အတွင်းမှာတော့ ရိုက်ကူးရေးတွေနဲ့ပဲ အချိန်ကုန်ဖြစ်နေတယ်။ သီချင်းဆိုတာတို့ တခြားလုပ်ငန်းတွေထက် ရိုက်ကူးရေးတွေ ပိုလုပ်ဖြစ်နေတယ်။ အဓိကကတော့ ကျနော်ပေါ်မှာ ယုံကြည်ပြီးတော့ ကမ်းလှမ်းလာတဲ့ ဇာတ်ကားတွေထဲမှာ ကျနော်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကားတွေကို အဓိကရွေးချယ်တယ်”

“ကျနော် ရိုက်ထားတဲ့ ကားတွေ အများကြီးရှိတယ်။ အဲ့ကားတွေ ရုံတင်စေချင်တယ်။ ဒီနှစ်ထဲမှာ ကျနော်တင်စေချင်တဲ့ ကား၊ ၃ ကား တင်ထားပြီးပြီ။ နောက်ထပ် တင်စေချင်တဲ့ ၃ ကား တင်ခွင့်ရရင်ကောင်းမယ်။ အဓိကက ရိုက်ကူးထားတဲ့ ကားတွေ မျှပါတယ်။ ဟာသကားတွေမှ ပရိသတ်က အရမ်းပေါတဲ့ ကားတွေ မရိုက်နဲ့ဆိုလို့ ကျနော် အက်ရှင် ကားတွေ ရိုက်နေတာ မဟုတ်ပါဘူး။ မျှမျှတတ ရိုက်ထားတာတွေ အများကြီးရှိပါတယ်။ အဲ့ အတွက် ရုံတင်ခွင့်ရဖို့ မျှော်လင့်မိပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “Rose Riders” ရုပ်ရှင်ကားကြီးကို ၂၀၁၉ ခုနှစ်ထဲမှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“Rose Riders ဇာတ်ကားကို ကျနော်တို့ ဒီနှစ်ထဲ ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒါလေးသာ ဖြစ်သွားရင်တော့ တော်တော်လေးကောင်းပါတယ်။ အဓိကကတော့ Post မှာ အသံထပ်တဲ့ အပိုင်းတွေ ကာလာပိုင်းတွေ ရှိဦးမယ်။ အဲဒီအတွက် ကျနော်တို့ အချိန်ပေးနေရပါတယ်။ ဒီနှစ်ထဲမှာ တင်သွားနိုင်ဖို့တော့ ရည်မှန်းထားပါတယ်”

“အဓိက ကတော့ လိုအပ်ချက်တွေရှိပါတယ်။ လိုအပ်တဲ့နေရာ အရုပ်တွေမှာ ပြန်ရိုက်ဖို့အထိတောင် လုပ်ဖို့အတွက် ကျနော်တို့ ကြိုးစားနေကြပါတယ်။ ဒီကားလေးက ကျနော်တို့ပေးချင်တဲ့ မက်ဆေ့ချ်လေးကို ထိထိရောက်ရောက် ဖြစ်နိုင်အောင်၊ ပေါ်လွင်အောင်ပဲ ကျနော်တို့ ကြိုးစားထားကြတာပါ”

“ဒီဇာတ်ကား ရုံတင်သွားပြီးရင်လည်း နောက်ထပ်ရိုက်သွားမယ့် ဇာတ်ကားတွေလည်း စီစဉ်ထားတာရှိတော့ ဥပမာ- မင်းသားတွေများတာထက် ကျနော်တို့ ပေးချင်တဲ့ မက်ဆေ့ချ်လေး ပေါ်လွင်အောင် ကြိုးစားခဲ့ကြတာပါ”လို့ ထွန်းထွန်းက ပြောပါတယ်။

ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ ထွန်းထွန်းက ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို “အုတ်ကြားမြက်ပေါက်” ဇာတ်ကားနဲ့ ရရှိထားပါတယ်။

ယခုနှစ်ထဲမှာ နှင်းဆီအဖွဲ့ ကြိုးစားရိုက်ကူးထားတဲ့ “Rose Rider” ရုပ်ရှင်ကို ရုံတင်ပြသနိုင်ရန် ကြိုးစားနေပြီး သင်္ကြန်ဖြတ်သန်းမှုအနေနဲ့ နှင်းဆီအဖွဲ့နဲ့ အတူတူရှိမယ်လို့ ဆိုပါတယ်။

The post ဟာသကား၊ အက်ရှင်ကားတွေ မျှမျှတတ ရိုက်ကူးထားတဲ့ သရုပ်ဆောင် ထွန်းထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...