Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Star Awards က လမ်းကြောင်းတခုကို မီးမောင်းထိုးပြလိုက်တယ်လို့ မြင်တယ်”

$
0
0

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲပြီးနောက် ယခုနှစ်မှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ Star Awards ဆုပေးပွဲကြီးမှာ ”ဥပါယ်တံမျဉ်” ရုပ်ရှင်နဲ့ Best Director Awards ဆု ရရှိခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ဒီဆုပေးပွဲကတဆင့် လမ်းကြောင်းတခုကို မီးမောင်းထိုးပြလိုက်တယ်လို့ မြင်ပါတယ်လို့ ပြောပါတယ်။

“ဆုကတော့ မျှော်လင့်ထားတာ မရှိပါဘူး။ ကျမတို့ကို ဘယ်လမ်းကြောင်းပေးမှာလဲဆိုတာ သိချင်ခဲ့တာပါ။ ဒီဆုကိုလည်း ကျမတို့ သွားနေတဲ့ လမ်းကြောင်းတခုကို မီးမောင်းထိုးပြလိုက်တယ်လို့ ခံယူထားပါတယ်။ မီးမောင်း ထိုးပြလိုက်တဲ့အတွက် ကျမတို့မှာ အနုပညာကို စိတ်ကြိုက်ဖန်တီးဖို့ အခွင့်အရေးတွေ၊ အနုပညာဆိုတာ ခပ်မြန်မြန် ခပ်သွက်သွက် လုပ်စရာ မလိုဘူး။ အနုပညာတခုကို ဖန်တီးတဲ့ နေရာမှာ စိတ်ရော၊ ကိုယ်ရော သေသေချာချာ ဖန်တီးနိုင်တဲ့ စွမ်းအင်တွေ ထုတ်လို့ရတယ်ဆိုတာကို လမ်းကြောင်းပြပေးတယ်လို့ ကျမက ထင်ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

“ဆု ရရှိသွားသူတွေကိုလည်း ဂုဏ်ယူပါတယ်။ ကျမတို့ရဲ့ ဆရာမသမားတွေက ကျမတို့ကို ဆုံးမထားပါတယ်။ ရုပ်ရှင်ရိုက်ချင်တယ်ဆိုရင် ပိုက်ဆံရချင်တာလား၊ Star ဖြစ်ချင်တာလားတဲ့။ Star ဖြစ်ချင်တာပဲ ဖြစ်ဖြစ်၊ ပိုက်ဆံလိုချင်တာပဲ ဖြစ်ဖြစ် လာမသင်ပါနဲ့ဆိုပြီး ပထမဦးဆုံးနေ့မှာပဲ သွန်သင် ဆုံးမခဲ့ပါတယ်”

“ရုပ်ရှင်တခု ပြီးမြောက်ဖို့ ဆိုတာလည်း မလွယ်ကူပါဘူး။ ကျမတို့ Team အလိုက် အလုပ်လုပ်ရပါတယ်။ Team အားလုံး စုပေါင်းပြီး မလုပ်နိုင်ရင် ကားကောင်း တကားထွက်ဖို့ မလွယ်ပါဘူး။ အဆင်မပြေမှုတွေ အများကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ ရုပ်ရှင်တကား ရုံပေါ်ရောက်လာဖို့လည်း တော်တော် ကြိုးစား ယူရပါတယ်။ ကျမတို့ကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးထားတဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားကို ပြန်လည် ရုံတင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာတယ်လို့ ဆိုပါတယ်။

Best Director Awards ဆု ရရှိခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ (ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

“မုဒြာရဲ့ခေါ်သံ ရုံပြန်တင်ခွင်ရတော့ အရမ်းဝမ်းသာတာပေါ့။ ဒါရိုက်တာဆိုတာ ငွေပြန်ရှာပေးရတဲ့ အလုပ်ကိုပါ တာဝန်ယူရတဲ့ အလုပ်ကို လုပ်ရတာကိုး။ ကိုယ့်ကို ငွေထုတ်ပေးထားသူတွေ အတွက် ငွေပြန် ရှာပေးနိုင်တယ်ဆိုတဲ့ အတွက် ဝမ်းသာတယ်။ Now and Ever လည်း အချိန်နည်းနည်းလေး ကြာသွားတယ်။ အကောင်းဆုံးတော့ ကြိုးစားနေပါတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဆက်လက်ပြီး ခီမောင်နှံအတွက် ချစ်တဲ့ ပရိသတ်တွေက ပေးမယ့် ဆုကို ကိုယ်ကျိုးအတွက် မသုံးပဲ ရုပ်ရှင်နဲ့ ပတ်သက်သူတွေအတွက် အသုံးပြုမယ်လို့လည်း ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

“ကျမတို့အတွက် ပရိသတ်တွေက ဆု ပေးမယ်လို့ သိရတယ်။ အဲ့အတွက် ကျမတို့ကတော့ ကိုယ်ကျိုး မသုံးဘူး။ ဖောင်ဒေးရှင်းလုပ်ဖို့ကတော့ စဉ်းစားထားတယ်။ စဉ်းစားထားတဲ့ ဖောင်ဒေးရှင်းကလည်း ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သူတွေပါပဲ။ ကျမတို့ကို ချစ်တဲ့သူတွေ စုပေါင်းပြီးပေးကြတဲ့အတွက် ရင်ထဲမှာလည်း ထိတယ်။ ဂုဏ်ယူလည်း ယူတယ်။ ကျေလည်း ကျေနပ်တယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ဇဏ်ခီကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရုံတင်ပြသခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်နဲ့ ပရိသတ်တွေ စတင် သိရှိခဲ့ကြတာပါ။ အဲဒီနောက် “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ကားကြီး ရုံတင် ပြသပြီးတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး လတ်တလောမှာတော့ “Now and Ever” (ထာဝရနှောင်ကြိုး) ဆိုတဲ့ ရုပ်ရှင် ရိုက်ကူးလျက်ရှိပါတယ်။

ဆက်စပ် သတင်းလင့်ခ်
“Star Awards နဲ့ ပတ်သက်ပြီးလည်း ဘာမှ မမျှော်လင့်ထားဘူး”လို့ ခီမောင်နှံ ပြော

The post “Star Awards က လမ်းကြောင်းတခုကို မီးမောင်းထိုးပြလိုက်တယ်လို့ မြင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...