Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပျားရည်အိုင်”တဖွဲ့လုံး ကိုယ်စား ဆုရလိုက်တယ်လို့ သတ်မှတ်ထားတဲ့ မေမီကိုကို

$
0
0

Star Awards ဆုပေးပွဲမှာ “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲထဲက မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ “Best TV Series Actress Award” ဆုကို ရရှိခဲ့တဲ့ မေမီကိုကိုက ရှေ့ဆက်မယ့် အနုပညာလုပ်ငန်းတွေအတွက် ခွန်အားရသလို သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ပထမဆုံး ရဖူးတဲ့ မှတ်တိုင်လေးလို့ ဆိုပါတယ်။

“အခုလိုဆုရတာ အတိုင်းမသိပါပဲ။ မေမီ့ကို ချစ်တဲ့ ပရိသတ်တွေ မေမီ့ကို ရစေချင်တဲ့ ပရိသတ်တွေရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီလို့ ထင်ပါတယ်။ ပရိသတ်တွေ ကိုယ်စားရော၊ မေမီကိုယ်တိုင်ကရော အရမ်းကိုပျော်ပါတယ်။ လောလောဆယ်တော့ ဘာမှ မစဉ်းစားဖြစ်သေးဘူး။ မိဘတွေနဲ့ တိုင်ပင်ပြီးတော့ အလှူလေးတော့ လုပ်ဖြစ်မယ်။ ဒီကာရိုက်တာနဲ့ ပေးတာကိုလည်း ကျေနပ်တာပေါ့”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုက ဒီဆုဟာ “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲ တဖွဲ့လုံး ကိုယ်စား ရလိုက်တယ်လို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ “ထုတ်လုပ်ရေးအတွက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာအတွက်ဆိုလည်း ဟုတ်တယ်။ ပျားရည်အိုင် တဖွဲ့လုံး ကိုယ်စားရလိုက်တယ်လို့ သတ်မှတ်ပါတယ်”လို့ မေမီကိုကိုက ဆိုပါတယ်။

“ရှေ့ဆက်မယ့် အနုပညာလုပ်ငန်းတွေအတွက် ခွန်အားပေါ့။ မေမီ ရှေ့ဆက်မယ် ဆိုတာထက် မေမီ့အတွက် ဒါဟာ ဘဝမှာ မေ့လို့ မရတဲ့ မှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။ အနုပညာသက်တမ်း ၁၁ နှစ်တာ ကာလမှာ ဒီဆုလေး ပထမဆုံး ရဖူးတယ်ပေါ့နော်။ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ပထမဆုံးရဖူးတဲ့ မှတ်တိုင်လေးပေါ့နော်။ အဲဒီအတွက် အရမ်းပျော်တယ်။ ဆက်ကြိုးစားဦးမယ်။ ကြိုးစားတဲ့သူတိုင်းအတွက် ဆုလာဘ်ဆိုတာ မဝေးပါဘူးလို့ မေမီ ပြောချင်ပါတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကို ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မေမီကိုကိုက “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲ ရိုက်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိမှာတော့ Forever Group က ရိုက်ကူးတဲ့ “လိပ်ပြာနှောင်ကြိုး”ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတယ်။ အဲဒီဇာတ်ကားမှာ သရဲမလေး ဂျူးရီအဖြစ် မေမီပါဝင် သရုပ်ဆောင်ထားပါတယ်။ မေမီ ရှေ့ဆက်အများကြီး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်’’လို့ မေမီကိုကိုက ဆိုပါတယ်။

မေမီကိုကိုကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ၁၁ နှစ် ရှိပြီဖြစ်သော်လည်း ပရိသတ်များ အနေနဲ့ကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ တွဲမြင်ကာ ယခင်က သူမကို မသိခဲ့တဲ့ ပရိသတ်များရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကိုလည်း ရရှိလာခဲ့ပါတယ်။

The post “ပျားရည်အိုင်”တဖွဲ့လုံး ကိုယ်စား ဆုရလိုက်တယ်လို့ သတ်မှတ်ထားတဲ့ မေမီကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...