Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီမှာ ခေါက်ရိုးကျိုးနေတဲ့ အရာတွေရှိသလို ပြောင်းလဲသင့်တဲ့ အရာတွေလည်း ရှိတယ်”

$
0
0

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကနေ ပထမဆုံးအကြိမ် ဦးစီး ကျင်းပတဲ့ Star Awards ဆုပေးပွဲကြီးမှာ “ငယ်ကျွန်”ရုပ်ရှင်နဲ့ သရုပ်ဆောင် လူမင်းက “Actor In A Supporting Role Award” ဆု ရရှိခဲ့ပါတယ်။ အဆိုပါ ဆုရရှိတဲ့အပေါ် လူမင်းက မမျှော်လင့်ထားဘဲ ရတဲ့အတွက် အံ့သြ ဝမ်းသာဖြစ်မိတယ်လို့ ဆိုပါတယ်။

“ခံစားချက်ကတော့ ကိုယ်တို့လောကကို ချီးမြှင့်တဲ့ ဆုတဆု တိုးလာတာ ကိုယ်တို့ အနေနဲ့ ကြိုဆိုတယ်။ အဲ့တာကြောင့် အားပေးတဲ့ အနေနဲ့ ဒီပွဲကို တက်တာပါ။ ဆုရမယ်လို့ မျှော်လည်း မျှော်လင့်မထားပါဘူး။ မမျှော်လင့်ပဲရသွားတော့ အံ့လည်း အံံ့သြတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ငယ်ကျွန်ကို အကယ်ဒမီမှာ ကတည်းက ပြောကြတယ်။ ဆုကိုလည်း မေ့ထားတာ။ ကိုယ် ဒီကားမှာ အခန်းတော့ နည်းတယ်။ ပါရသလောက်လေးမှာ ထိထိမိမိ လုပ်ရတဲ့ အကွက်လေးတွေ ပါတယ်”

“တွဲဖက်သရုပ်ဆောင် စိုးမြတ်သူဇာကလည်း အရမ်း ကောင်းပါတယ်။ Star Awards က အကယ်ဒမီမှာလို ချီးမြှင့်ဖူးခြင်း မရှိတဲ့ ဆုတွေ ချီးမြှင့်တာ အရမ်းကောင်းပါတယ်။ မျိုးဆက်သစ်တွေအတွက် ပေးတဲ့ဆုတွေ ဆိုလည်း အရမ်းကောင်းတယ်။ သူတို့လိုပဲ ကိုယ်တို့လည်း အဲ့လို ဖြတ်သန်းခဲ့ရတာ။ မျိုးဆက်သစ်တွေကိုပေးတဲ့ ဆုတွေတော့ အရမ်းကောင်းပါတယ်”လို့ လူမင်းက ပြောပါတယ်။

အကယ်ဒမီ ပေးပွဲနဲ့ Star Awards ဆုပေးပွဲတို့ရဲ့ ကွာခြားချက်တွေနဲ့ အကယ်ဒမီ ဂယက်ထတာဟာ ပရိသတ် မျှော်လင့်ချက်နဲ့ မကိုက်ညီခဲ့တာရယ်၊ မနှစ်က ဂယက်အရှိန်နဲ့ကြောင့် ဒီနှစ် ဂယက် ပိုကြီးသွားတာ ထင်တယ်လို့ လူမင်းက ပြောပါတယ်။

“အကယ်ဒမီပွဲနဲ့ Star Awards ယှဉ်ပြောလို့တော့ မရဘူးပေါ့။ အကယ်ဒမီကလည်း အကယ်ဒမီပေးတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ သူလုပ်လာတဲ့ အစဉ်အလာနဲ့ သူ့ပုံစံနဲ့ ရွေးချယ်ပြီးပေးသလို Star Awards ကလည်း သူရဲ့မူ၊ သူ့ရဲ့ရွေးချယ်မှုတွေနဲ့ ပေးတာဆိုတော့။ အကယ်ဒမီကတော့ နှစ်ကြာပြီ။ Star Awards က အခုမှပေးတာဆိုတော့ သူလည်း သူ့ဆုကို ပိုပြီး ခိုင်မာအောင် အနုပညာရှင်တွေ၊ ပရိသတ်တွေကိုလည်း ပိုပြီး ယုံကြည်မှုရှိအောင် သူ့ရဲ့ တန်ဖိုး မြင့်တက်လာအောင် သူလည်း အများကြီး ကြိုးစားရဦးမှာ ဖြစ်သလို အကယ်ဒမီကလည်း အစဉ်အလာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားကြရမှာပါပဲ”

“အကယ်ဒမီက ခေါက်ရိုးကျိုးသင့်တဲ့ အပိုင်းတွေမှာ ခေါက်ရိုးကျိုးနေတာ ရှိသလို ပြောင်းလဲသင့်တဲ့ အရာတွေလည်း ပြောင်းလဲဖို့ သိပေမယ့် ပြောင်းလဲဖို့ ခက်တဲ့ အနေအထားအချို့ကို ကိုယ် ကိုယ်တိုင်သိပေမယ့် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ခဲ့တာဆိုတော့ အဲ့လို အခြေအနေမျိုးတွေလည်း သူတို့မှာ ရှိပါတယ်။ အဓိကကတော့ ပရိသတ် မျှော်လင့်ချက်နဲ့ မကိုက်ညီခဲ့တာရယ်၊ မနှစ်က ထခဲ့တဲ့ ဂယက်အရှိန်ကြောင့် ဒီနှစ်ဂယက် ပိုကြီးသွားတယ်လို့ ကိုယ်ကတော့ ခံစားမိတယ်”လို့ လူမင်းက ပြောပါတယ်။

“အပြောင်းအလဲနဲ့ ဂယက်တွေကလည်း အခိုက်အတန့်လို့ပဲ မြင်ပါတယ်။ ဒါတွေကို ကျော်လွှားသွားပြီးရင် ကောင်းတဲ့ဘက်ကို ဆောင်မယ်လို့ ယုံကြည်တယ်”လို့ လူမင်းက ဆိုပါတယ်။

၃ ထပ်ကွမ်း အကယ်ဒမီဆုရှင် သရုပ်ဆောင် လူမင်းဟာ၂၀၁၃ ခုနှစ်၊ ဇွန်လက စတင်ကာ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ၄ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဒါရိုက်တာအဖြစ် တာဝန်ယူကာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

The post “အကယ်ဒမီမှာ ခေါက်ရိုးကျိုးနေတဲ့ အရာတွေရှိသလို ပြောင်းလဲသင့်တဲ့ အရာတွေလည်း ရှိတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...