Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သင်္ကြန်မှာ အိမ်တွင်းအောင်းပြီး Gym ကစားမယ့် မော်ဒယ်မျိုးကိုကိုကျော်

$
0
0

မိန်းကလေးပရိသတ်များရဲ့ ကြားမှာရေပန်းစားတဲ့ မော်ဒယ်မျိုးကိုကိုကျော်ကတော့ ဒီနှစ်သင်္ကြန်မှာ အိမ်တွင်းအောင်းပြီး Gym ကစားမယ့်ဖြစ်မယ်လို့ ပြောပါတယ်။

“ပွဲအတွက်ပြင်ဆင်နေတာကတော့ အခုချိန်မှာ သင်္ကြန်ကလည်း ရောက်တော့မှာဆိုတော့ ပွဲနေ့အတွက် ကျနော့်ခန္ဓာကိုယ်ကို Gym ကောင်းကောင်းပြန်ကစားရမယ်။ သင်္ကြန်တွင်းမှာ အသားအရည်ပျက်စီးမသွားအောင် ထိန်းသိမ်းရမယ်။ နေတွေရေတွေမထိအောင် ခန္ဓာကိုယ်ကို ထိန်းသိမ်းရမှာဆိုတော့ အိမ်တွင်းအောင်းရမှာပေါ့” လို့ မျိုးကိုကိုကျော်က ပြောပါတယ်။

နယ်မှာရှိတဲ့ မိခင်အိမ်ကို ပြန်ဖို့အတွက် စိတ်ကူးထားပေမယ့် သင်္ကြန်ပြီးတဲ့အချိန်မှာ ပွဲရှိတဲ့အတွက် မပြန်ဖြစ်တော့ဘဲ ရန်ကုန်မှာသာနေဖြစ်မယ်လို့ ဆိုပါတယ်။

“ပထမက သင်္ကြန်ကို အမေ့အိမ် နယ်ကိုပြန်မယ်ပေါ့။ အေးအေးဆေးဆေးနားမလို့ပဲ။ ရက်တွေကကြာပြီး ခရီးပမ်းမယ်။ ပြီးရင် Gym ဆော့ဖို့အချိန်ကလည်း ပျက်သွားမှာ အဆင်မပြေလောက်ဘူး။ ပွဲရှိတာလည်း ကပ်နေပြီဆိုတော့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိမ်တွင်းအောင်းပြီးတော့ သင်္ကြန်ကို ရန်ကုန်မှာပဲနေမယ်။ Gym တွေဆော့မယ်။ အသားအရည်ကို ကောင်းကောင်းလေးဖြစ်အောင် ထိန်းသိမ်းမယ်” လို့ မျိုးကိုကိုကျော်က ပြောပါတယ်။

မျိုးကိုကိုကျော်ကတော့ မေလ ၃ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် Posh Runway 2019 ပွဲမှာတော့ ဝါရင့်ဒီဇိုင်နာကြီးများရဲ့ ဝတ်စုံဒီဇိုင်းများကို ပြည်တွင်းပြည်ပမှ မော်ဒယ်များနဲ့အတူ ပါဝင် Show လျှောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“စိတ်လှုပ်ရှားတာတော့ အခုကတည်းက လှုပ်ရှားနေပါပြီ။ ကိုယ့်ထက်စီနီယာကျတဲ့ ပြည်တွင်းကတင်မကဘဲ ပြည်ပကမော်ဒယ်တွေနဲ့လည်း တူတူလျှောက်ရမယ်ဆိုတော့ စိတ်လှုပ်ရှားနေတယ်။ ပြီးတော့ ဝါရင့် ဒီဇိုင်နာတွေနဲ့ အလုပ်တူတူတွဲလုပ်ခွင့်ရတဲ့အတွက် စိတ်တွေအရမ်းလှုပ်ရှားနေပါတယ်” လို့ မျိုးကိုကိုကျော်က ပြောပါတယ်။

The post သင်္ကြန်မှာ အိမ်တွင်းအောင်းပြီး Gym ကစားမယ့် မော်ဒယ်မျိုးကိုကိုကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...