Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စာရေးဆရာ အကြည်တော်ရဲ့ ဒုတိယမြောက် ဒရာမာဝတ္ထု “ပြုံးရွှင်ရေ ပျော်ရဲ့လား”

$
0
0

ဟာသဝတ္ထုများစွာ ရေးသားပြီး နာမည်ကျော်ကြားလျက်ရှိတဲ့ စာရေးဆရာ အကြည်တော်ရဲ့ ရှားပါးလှတဲ့ ဒရာမာဝတ္ထုဖြစ်တဲ့ “ပြုံးရွှင်သည် ငိုတတ်သည်” ဝတ္ထုကို ပြန်လည် အသက်သွင်း ပုံဖော်ရိုက်ကူးထားတဲ့ “ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ဒုတိယမြောက် ဒရာမာဇာတ်ကားဖြစ်တယ်လု့ိ သိရပါတယ်။

“အရင်တုန်းကလည်း ဒရာမာ တအုပ်ရေးဖူးတယ်။ ရုပ်ရှင်အဖြစ် ဖန်တီးဖူးတယ်။ အကယ်ဒမီ ရတယ်။ “ဇော်ကကနေသည်” ပေါ့။ အဲဒါပြီးတော့ ဒရာမာ သိပ်မလုပ်ဖြစ်ဘူး။ ဒီပြုံးရွှင်ကတော့ ဒရာမာ နောက်တခုပေါ့။ ဒါရိုက်တာ ရတယ်။ ဓိရာမိုရ် ရတယ်။ ဒီကားလည်းရလိမ့်မယ် ထင်ပါတယ်” လို့ အကြည်တော်ကပြောပါတယ်။

အဆိုပါ ပြုံးရွှင် ကာရိုက်တာကို ဖန်တီးဖြစ်တာနဲ့ပတ်သက်ပြီး အကြည်တော်က “ဖြစ်ရပ်မှန်ဆိုတာထက် တော်တော်များများကတော့ အဲဒီဘဝတွေနဲ့ ကျင်လည်နေကျတာ တော်တော်များတယ်။ လူရွှင်တော်ဆိုတိုင်း စင်ပေါ်မှာ ပျော်နေတိုင်း အမြဲတမ်း ပျော်တတ်တဲ့သူတွေတော့ မဟုတ်ဘူး။ ခက်ခဲကြမ်းတမ်းတာတွေကို အဓိကဇောင်းပေးချင်တာပါ”

“ပြုံးရွှင်ရဲ့ကာရိုက်တာက အပြင်မှာကျနော်မြင်ဖူးတဲ့ လူတယောက်ရဲ့ကာရိုက်တာပေါ့။ သူလည်းအဲဒီလိုမျိုးပဲ ကလေးလေးတယောက်နဲ့ ဒုက္ခတွေရောက်နေတဲ့ လူတယောက်ရဲ့ကာရိုက်တာကို ဖန်တီးထားတာ။ အပြင်နဲ့ နီးစပ်အောင် ညွှန်းပြဖို့တော့ နည်းနည်းခက်တာပေါ့”လို့ အကြည်တော်က ပြောပါတယ်။

“ပြုံးရွှင်သည် ငိုတတ်သည်” ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးဖို့အတွက် ကမ်းလှမ်းမှုများစွာရှိခဲ့သော်လည်း မဖြစ်မြောက်ခဲ့ဘဲ ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ရဲ့ အဓိက မူရင်းအလုပ်ကတော့ စာရေးတာပဲ။ ရုပ်ရှင်ပေးရိုက်တယ်ဆိုတာကတော့ မှတ်တမ်းတခု အနေနဲ့ပဲ။ ကျနော်ကတော့ ပြတ်ပြတ်သားသားပဲ။ ကိုယ့်စာအုပ်ပေါ်မှာ တာဝန်ကျေပြီးသားဖြစ်ပြီလေ။ ရုပ်ရှင်မှာ သူတို့တာဝန်ကျေဖို့ပဲ လိုတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်”

“အစကတည်းက ကျနော်ရေးပြီးကတည်းက ၂ယောက် ၃ယောက် ကမ်းလှမ်းဖူးတယ်။ လူရွှင်တော်ကြီးတွေလည်း ရိုက်ဖို့ကြိုးစားဖူးတယ်။ မဖြစ်လိုက်ဘူး။ နောက်တော့ ကိုဝင်းထွန်းထွန်းက ရိုက်မယ်ဆိုလို့ သူ့ကိုပေးရိုက်လိုက်တာ” လို့ အကြည်တော်ကပြောပါတယ်။

ဝတ္ထုအဖြစ်ပုံဖော်ခဲ့စဉ်က စာရေးတယောက်ရဲ့တာဝန်ကျေခဲ့သလို ရုပ်ရှင်အဖြစ်ပုံဖော်ကြတဲ့အခါမှာလည်း တာဝန်ကျေဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

အဆိုပါ “ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားကာ သရုပ်ဆောင် နေတိုး ၊ ကျော်ကျော်ဗို ၊ ရွှေမှုံရတီ(စရိုက်နှစ်မျိုး) ၊ အေးမြတ်သူနဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် တင်မောင်ဆန်းမင်းဝင်းတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဧပြီလ ၂၅ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

The post စာရေးဆရာ အကြည်တော်ရဲ့ ဒုတိယမြောက် ဒရာမာဝတ္ထု “ပြုံးရွှင်ရေ ပျော်ရဲ့လား” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...