Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Critics Choice Film Awards ဆုပေးပွဲမှာ “အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု”ရရှိခဲ့တဲ့ Alia Bhatt

$
0
0

မင်းသမီး Alia Bhatt ဟာ “Raazi” ရုပ်ရှင်နဲ့ မွမ်ဘိုင်းမြို့မှာပြုလုပ်ခဲ့တဲ့ Critics Choice Film Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုကို ရရှိခဲ့ပြီဖြစ်ပါတယ်။ Red Carpet အစီအစဉ်ကိုတော့ မင်းသမီး Alia ဟာ မိုးပြာရောင်ဝတ်စုံကို ဆင်မြန်းပြီး တက်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။

ပြီးတော့ သူ့ရဲ့ Instagram အကောင့်မှာလည်း အဲဒီအကျီနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတပုံကိုလည်း တင်ခဲ့ပါတယ်။ သူက “ပထမဆုံးတွေးတယ်။ ဒုတိယကစိတ်ကူးတယ်။ တတိယက ယုံကြည်တယ်။ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။ ဝေါ့တ်ဒစ်စနေးလ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

သူ့လိုပဲ ဆုရရှိခဲ့တဲ့သူတွေထဲမှာတော့ “Mukkabaaz” မင်းသား Vineet Singh က “အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု”ကို ရရှိခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အဲဒီဆုပေးပွဲမှာ ဒါရိုက်တာ Sriram Raghavan က “Andhadhun” ရုပ်ရှင်နဲ့ “အကောင်းဆုံး ဒါရိုက်တာဆု”ကို ရရှိခဲ့ပါတယ်။ “Manmarziyaan” ရုပ်ရှင် ဇာတ်ဝင်တေး Halla ကတော့ “အကောင်းဆုံး သီချင်းဆု”ကို ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ထူးခြားချက်က မင်းသား ရှရွတ်ခန်က အံ့သြဖွယ် ပွဲတက်လာခဲ့တာဖြစ်ပါတယ်။ မင်းသားခန်ဟာ ဒီပွဲကို တက်ရောက်ဖို့အတွက် ပေကျင်းရုပ်ရှင်ပွဲတော်မှာ သူ့ရုပ်ရှင် “Zero” နဲ့ ပိတ်ခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံကနေ ပြန်လာခဲ့တာလည်း ဖြစ်ပါတယ်။

“အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု”ကို ရရှိခဲ့တဲ့သူကတော့ “Badhaai Ho” ရုပ်ရှင်နဲ့အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို ရရှိခဲ့ပါတယ်။ ဆုပေးပွဲတက်ရောက်လာခဲ့ကြသူတွေထဲမှာတော့ Shroff, Kunal Kapoor, Neha Dhupia, Amyra Dastur, Rasika Duggal နဲ့ Kubbra Sait တို့လည်း ပါဝင်ပါတယ်။

Critics Choice Film Awards 2019 ဆုရရှိသူစာရင်း

အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု -Vineet Singh (Mukkabaaz)

အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု- Alia Bhatt (Raazi)

အကောင်းဆုံ းဒါရိုက်တာဆု – Sriram Raghavan (Andhadhun)

အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု – Surekha Sikri (Badhaai Ho)

အကောင်းဆုံး သီချင်းဆု – Halla (Manmarziyaan)

အကောင်းဆုံး တမီးလ် ရုပ်ရှင်ဆု – Pariyerum Perumal

အကောင်းဆုံး Malayalam ရုပ်ရှင်ဆု – Ee Ma Yau

အကောင်းဆုံး Gujarati ရုပ်ရှင်ဆု – Tatvamasi

အထူးအောင်မြင်မှုဆု – Reshma Pathan

Ref: hindustantimes

The post Critics Choice Film Awards ဆုပေးပွဲမှာ “အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု” ရရှိခဲ့တဲ့ Alia Bhatt appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...