Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ မသုံးတော့ဘဲ ကျမလို့ ပြောင်းသုံးတော့မယ်”လို့ ပြောတဲ့ မအေးသောင်း

$
0
0

စကားပြာရင် ပေါက်စီလို့ ပြောနေတတ်တဲ့ သရုပ်ဆောင် မအေးသောင်း(ခ) အေးဝတ်ရည်သောင်းက အသက်အရွယ် ရလာတော့ ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ပြောတာဟာ ရယ်စရာကောင်းသလိုလို ယောကျာ်းနာမည်ကြီးလို ဖြစ်နေတာကြောင့် ပေါက်စီအစား ကျမလို့ ပြောဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“စကားပြောတဲ့အခါ အရင်က ပေါက်စီလို့ သုံးနှုန်းတယ်။ အခု ကျမ ကျမလို့ ပြောင်းသုံးဖြစ်တာ အဖေက နင့်ကိုယ်နင် ပေါက်စီ ပေါက်စီနဲ့ ငယ်တုန်းကလည်း သမီးသမီးနဲ့ပြောတော့ အဖေက နင်မရင့်ကျက်တဲ့ပုံ ပေါက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် နာမည်လေး ထည့်ပြောပေါ့ဆိုတာနဲ့ ပေါက်စီဆိုပြီး ထည့်ပြောဖြစ်တယ်။ အသက်၂၀ ကျော်လောက်မှာ သိပ်မသိသာပေမယ့် အခုကြီးလာတော့ ၃၀ ကျော်လောက်မှာ ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ပြောရတာ ရယ်စရာကောင်းသလိုလို ယောကျာ်းနာမည်ကြီးလို ဖြစ်နေတာ သတိတော့ ထားမိတယ်”

“ဒါပေမဲ့ ကိုယ်အတတ်နိုင်ဆုံး ပြင်ဖို့ကြိုးစားတယ်။ အကျင့်တခုဆိုတာ ပြင်ဖို့ခက်တယ်။ အခုထိပေါက်စီလို့ ပြောမိနေတုန်း။ လူတယောက်က ကိုယ့်အမှား ကိုယ်သိရင် ပြင်နိုင်ရမယ်ပေါ့။ ပြင်ဖို့ ခက်ခဲပေမယ့် ရအောင်ပြင်နေတယ်”လို့ မအေးသောင်း(ခ) အေးဝတ်ရည်သောင်းက ပြောပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ ဇူလိုင်လအတွင်းမှာ “ပုဂံမျှော်”ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်နဲ့ ရိုက်ကူးဖို့ အစီအစဉ်ရှိနေပြီး ရိုက်ကူးမယ့် ဒါရိုက်တာက ကိုပေါက်လို့ ဆိုပါတယ်။

သရုပ်ဆောင် မအေးသောင်း(ခ) အေးဝတ်ရည်သောင်း (ဓာတ်ပုံ – ဧရာဝတီ)

“ပုဂံမျှော်ဆိုတဲ့ ကားလေးကို ၇ လပိုင်းမှ ာရိုက်မယ်။ မင်းသားကတော့ မြင့်မြတ်ဖြစ်မယ် ထင်တယ်။ ဒါရိုက်တာကတော့ ကိုပေါက်ပါ။ အဲ့ကားလေးအတွက် ဇာတ်ညွှန်းတွေ ဖတ်ပြီး အိုက်တင်ကြိုတင် ပြင်ဆင်နေတာပေါ့။ လူတိုင်းဆီက ကောင်းတဲ့ အချက်လေးတွေတော်တဲ့ အချက်လေးတွေကို အမြဲအတူယူသလို ကိုယ့်အားနည်းချက်တွေကိုလည်း အမြဲဂရုစိုက်ပြီး ပြင်တယ်”လို့ မအေးသောင်းက ဆိုပါတယ်။

“ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်ဟာ ကောင်းခဲ့တယ်။ ဘယ်ဟာ ဆိုးခဲ့တယ်။ မနေ့ကနဲ့ ဒီနေ့ ဘာကွာလဲ၊ ဘယ်ဟာ ပိုကောင်းလာလဲ။ ဒီနေ့မှာ ကိုယ်ဘာသင်ခန်းစာတွေ ရလာလဲ။ ကျမကတော့ သူများတွေဆီက ကောင်းတာကို အတုယူတယ်။ ကိုယ့်ထက်ကြီးသူဖြစ်ဖြစ် ငယ်သူဖြစ်ဖြစ် လူတယောက်ဆီကကောင်းတဲ့ အကွက်လေးတွေကို ယူတယ်။ သူတော်တဲ့ အချက်လေးတွေကို ယူတယ်။ ကိုယ့်အားနည်းချက်လေးတွေကိုလည်း အမြဲဂရုစိုက်ပြီးပြင်တယ်”လို့ မအေးသောင်းက ပြောပါတယ်။

၁၀ စုနှစ် တစုကျော် ပျောက်ကွယ်သွားခဲ့တဲ့ မအေးသောင်း (ခ) အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး မအေးသောင်းနာမည်နဲ့ အနုပညာလှုပ်ရှားမှုများပြုလုပ်တဲ့အခါ ပရိသတ်အားပေးမှုကို ယခင်ကထက် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ပိုးထည်ဆိုင်လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

The post “ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ မသုံးတော့ဘဲ ကျမလို့ ပြောင်းသုံးတော့မယ်”လို့ ပြောတဲ့ မအေးသောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ