Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပြသချိန် သုံးနာရီကျော် ကြာပြီး ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Avengers: End Game

$
0
0

Marvel Studio ရဲ့ ဇာတ်ကားတကားဖြစ်တဲ့ Avengers: End Game ရုပ်ရှင်ကားဟာ ဧပြီလ ၂၆ ရက်နေ့က ကမ္ဘာအနှံ့က ရုပ်ရှင်ရုံတွေမှာ စတင်ပြသနေပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို Anthony Russo နဲ့ Joe Russo ညီအစ်ကို နှစ်ယောက်က ရိုက်ကူးထားတာ ဖြစ်ပြီး Avengers ရုပ်ရှင်ကားတွေရဲ့ ဇာတ်သိမ်းဖြစ်ပါတယ်။

ကြာမြင့်ချိန် မိနစ် ၁၉၀ ခန့်ရှိတဲ့ ဒီကားဟာ IMDb မှာ Rating 9.2 ရရှိထားပြီး Rotten Tomatoes မှာ Rating ၉၆ ရာခိုင်နှုန်း ရရှိထားပါတယ်။ ရိုက်ကူးစရိတ်အတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ မှ ၄၀၀ အတွင်း ကုန်ကျတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ဟာ စတင်ပြသတဲ့ ရက်မှာပဲ ကမ္ဘာအရပ်ရပ်မှာ ရုံတင်ဝင်ငွေ စံချိန်တင်ခဲ့တာကို တွေ့ရပါတယ်။

End Game ဟာ Marvel က ၁၀နှစ်တာ ရိုက်ကူးခဲ့တဲ့ Avengers ရုပ်ရှင်ကားတွေအားလုံးကို ပေါင်းပြီး ဇာတ်ပြန်ချုပ်တဲ့ ကားလို့ ပြောလို့ ရပါတယ်။ ၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ Infinity War ရုပ်ရှင်မှာ Universe မှာရှိတဲ့ လူဦးရေကို ထိန်းညှိဖို့ Thanos လို့ ခေါ်တဲ့ ဗီလိန်က Infinity Stones တွေကို စုစည်းဖို့ ကမ္ဘာပေါ်ကို ရောက်လာခဲ့တာကို အားလုံး မှတ်မိပြီး ဖြစ်မှာပါ။

နောက်ဆုံးမှာ Thanos ဟာ ကျောက်တုံးတွေ အားလုံးကို ရသွားခဲ့ပြီး လက်ဖျောက်ကို တီးလိုက်တဲ့ အခါ ကမ္ဘာ့လူဦးရေရဲ့ တဝက်ဟာ ပျောက်သွားခဲ့ပါတယ်။အဲဒီ ပျောက်သွားတဲ့ အထဲမှာ စူပါဟီးရိုး အချို့လည်း ပါဝင်သွားပါတယ်။ End Game ဟာ Infinity War ကို ဆက်ပြီး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Thanos ကို ပြန်ပြီး တိုက်ခိုက်ဖို့ ကျန်ခဲ့တဲ့ ဟီးရိုးတွေဟာ တတ်နိုင်သလောက် ကြိုးစားနေကြပါတယ်။

ဒီလို ကြိုးစားနေတဲ့ ပုံတွေကို ခမ်းခမ်းနားနား ရိုက်ကူးထားပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်လို့ ဆိုနိုင်ပါတယ်။

ဒီရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့…

– Robert Downey Jr.

– Chris Evans

– Mark Ruffalo

– Chris Hemsworth

– Scarlett Johansson

– Jeremy Renner

– Don Cheadle

– Paul Rudd

– Brie Larson

– Karen Gillan

– Danai Gurira

– Bradley Cooper နဲ့

– Josh Brolin

တို့ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းဆင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ပုံစံတွေက ကောင်းလွန်းတာကြောင့် Marvel ပရိတ်သတ်တွေ အနေနဲ့ ရုံမှာ သွားပြီး ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ရုပ်ရှင်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာလည်း အခုဆို ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တခု သတိထားရမှာကတော့ ရှေ့မှာ ပြပြီးဖြစ်တဲ့ Avengers ကားတွေကို ကြည့်ဖူးမှ ဒီကားကို နားလည်ပါလိမ့်မယ်။

The post ပြသချိန် သုံးနာရီကျော် ကြာပြီး ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Avengers: End Game appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...