Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ASEAN International Flim Festival မှာ “မီ” ဇာတ်ကားနဲ့ဆုရခဲ့တဲ့ ဒါရိုက်တာဏကြီး

$
0
0

မလေးရှားနိုင်ငံမှာရှိတဲ့ ကူချင်းမြို့မှာ ဧပြီလ ၂၇ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Flim Festival 2019 ပွဲကြီးမှာ “မီ” ဇာတ်ကားကို သွားရောက်ပြသခဲ့ပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဒါရိုက်တာဏကြီးက Best Director Of Photography ကရရှိခဲ့ပါတယ်။ သရုပ်ဆောင် ပိုင်ဖြိုးသုကလည်း အကောင်းဆုံး မင်းသမီးဆုအဖြစ် ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး ဒါနဲ့ ပတ်သက်လို့ ပိုင်ဖြိုးသုက အခုလိုပါတယ်။

“ပွဲကြီးမှာ ဆုတွေရတော့ အရမ်းပျော်ပါတယ်။ သုတို့ မေမေရော ကိုဏကြီးရော မမျှော်လင့်ထားကြဘူး။ တခြား World Wide ပေါက်ထားတဲ့ ကားတွေလည်း ပါနေတယ်လေ။ ဒီတခေါက်က ပထမဦးဆုံး အတွေ့အကြုံလည်း ဖြစ်တယ်။ သုတို့ အဲ့ ASEAN International Flim Festival ကို မသွားဖူးသေးတဲ့ အခါကျတော့ သုတို့ကို ဆုမပေးခင် တရက်ကြိုကြေညာတယ် ဆိုတာလည်း မသိခဲ့ဘူး”

“ မေမေတို့ ကိုဏကြီးတို့လည်း အရမ်းပျော်နေကြတာ။ သုတို့ ကြိုးစားခဲ့တဲ့ အရာလေးတခု ကို အသိအမှတ်ပြုပေးကြတော့ အရမ်းလည်းကျေနပ်တယ်။ ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့မရှိပဲ သုဒီနေရာထိရောက်လာမှာ မဟုတ်ဘူးပါဘူး။ သုကတခုခုဆို စိတ်ဓာတ်ပျော့ညံ့တဲ့ထဲပါတယ်။ သုစိတ်ဓာတ်တွေကျတိုင်းအဓိက အားပေးခဲ့တာ သုရဲ့ Fan တွေပေါ့။ သုဘဝမှာ ဘာတွေပဲပျော်စရာကြုံကြုံ သူတို့ကို ကျေးဇူးတင်တယ်”

“ သု Normation ပါတာနဲ့တင်အရမ်းကျေနပ်ပြီး ဝမ်းသာစရာဖြစ်နေပြီ။ ပွဲတက်ဝတ်စုံ ကတော့ အန်တီပေါက်စီစဉ်ပေးထား တာပါ။ သူတို့က စင်ပေးတက်ပြီး ဆုပေးပေးပါဆိုတော့ ပြောရဆိုပေးရမှာကိုတော့ ကြောက်တယ်”လို့ သရုပ်ဆောင် ပိုင်ဖြိုးသုက ဆိုပါတယ်။

ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးဟာ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ဆုပေးပွဲမှာ Best Cinematography Award ဆုကို ရရှိခဲ့ဖူးပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံမှာသာမက စင်ကာပူနိုင်ငံအထိပါ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက ‘’မီ’’ ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးခဲ့တာပါ။ ပိုင်ဖြိုးသု ကိုယ်တိုင်က ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း ASEAN International Flim Festival 2019 ပွဲမှာ အစီအစဉ်တင်ဆက်သူ တဦးအနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

ASEAN International Flim Festival 2019 ပွဲကြီးမှာ မြန်မာနိုင်ငံမှ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတွေအဖြစ်“မီ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အကောင်းဆုံး ထုတ်လုပ်သူ ဆု ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ဒါရိုက်တာ ဏကြီး၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ပိုင်ဖြိုးသုတို့က လျာထားခံခဲ့ရပြီး ဒါရိုက်တာဏကြီးက ဒါရိုက်တာဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဒါရိုက်တာဝိုင်းကလည်း “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားနဲ့ Special Jury Awards ဆုကို ရရှိခဲ့ပါတယ်။

The post ASEAN International Flim Festival မှာ “မီ” ဇာတ်ကားနဲ့ဆုရခဲ့တဲ့ ဒါရိုက်တာဏကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343