Quantcast
Viewing all articles
Browse latest Browse all 7343

“Baahubali The Conclusion” ရုပ်ရှင်အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Prabhas

မင်းသား Prabhas ဟာ “Baahubali The Conclusion” ရုပ်ရှင်ရဲ့ အောင်မြင်မှုအကြောင်းကို ရုပ်ရှင်ဖြန့်ချိတဲ့ ၂ နှစ်ပြည့်ချိန်မှာပဲ ပြောကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ “Baahubali 2” ရုပ်ရှင်ဟာ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်သမိုင်းမှာ ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး စုစုပေါင်းဝင်ငွေ ရူပီး ကုဋေ ၁၄၀၀ တောင်ရှိခဲ့ပါတယ်။ အဲဒီရုပ်ရှင်မှာတော့ မင်းသား Prabhas ၊ မင်းသား Rana Daggubati ၊ မင်းသမီး Anushka Shetty နဲ့ မင်းသမီး Tamannaah တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။

အဲဒီရုပ်ရှင်ကို ဖန်တီးတဲ့ လုပ်ငန်းစဉ်တိုင်းဟာ သူ့အတွက်တော့ ထူးခြားခဲ့တယ်လို့ ဆိုပါတယ်။ မင်းသား Prabhas က “Baahubali အတွက် ကျနော့်ဘဝ အချိန် ၅ နှစ်ပေးခဲ့ရတယ်။ အဲဒီရုပ်ရှင်ကို ဖန်တီးတဲ့ ဖြစ်ရပ်တခုစီတိုင်းက ကျနော့်အတွက်တော့ အမှတ်ရစရာပါပဲ” လို့ Pinkvilla မီဒီယာကို ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်လို့ ပြောင်းလဲချင်တာ တခုခုရှိပါသလား ဆိုတဲ့မေးခွန်းကိုတော့ မင်းသားက “ကျယ်ပြန့်တဲ့ တုံ့ပြန်မှုတခုရခဲ့တာဖြစ်တော့ တော်တော်လေး ပျော်ခဲ့ရတယ်။ တကယ်ကိုပဲ ပြောင်းချင်တာမရှိပါဘူး။ ဒါရိုက်တာ Rajamouli Sir ဖန်တီးခဲ့တဲ့ မှော်အတတ်ပညာကတော့ ပြောင်းလဲဖို့ကို မလိုပါဘူး။ ပရိသတ်တွေက ရုပ်ရှင်မှာ ပါဝင်တဲ့သူတိုင်းရဲ့ အလုပ်ကြိုးစားမှုကို အချစ်တွေအများကြီးနဲ့ ကြိုဆိုခဲ့ကြတာကြောင့် ကျနော် ပျော်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

Baahubali ရုပ်ရှင်တွေဟာ ရုံဝင်ငွေစာရင်းမှာလည်း ဝင်ငွေအများကြီးရတဲ့အပြင် အနုပညာပိုင်းမှာလည်း အောင်မြင်မှုတွေ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို Amazon Prime Video မှာ အန်နီမေးရှင်း စီးရီးတခုအနေနဲ့ ပြန်လည် မြင်တွေ့ရမှာဖြစ်တဲ့အပြင် Netflix ကနေ ထုတ်လွှင့်မယ့် Baahubali မတိုင်မီ အကြိုဖြစ်ရပ်အခြေခံ စီးရီးကိုလည်း မြင်တွေ့ရဦးမှာပါ။

မင်းသား Prabhas ဟာ မွမ်ဘိုင်းမြို့မှာ မင်းသမီး Shraddha Kapoor နဲ့ အတူ “Saaho” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူး နေပါတယ်။

Ref: hindustantimes

The post “Baahubali The Conclusion” ရုပ်ရှင်အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Prabhas appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...