Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ပိုကောင်းအောင် တင်ဆက်မယ်”လို့ ကျော်ထက်အောင် ပြော

$
0
0

အစီအစဉ်တင်ဆက်သူအပြင် သရုပ်ဆောင်ပါလုပ်လာတဲ့ ကျော်ထက်အောင်က အောင်ခေတ်မင်း ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေ ရိုက်ဖို့စီစဉ်ထားသလို အောင်ခေတ်မင်းကနေ ခွင့်ပြုထားတဲ့ တခြားထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေ ရိုက်ဖို့ရှိပါတယ်လို့ ဆိုပါတယ်။

“အနုပညာလှုပ်ရှားမှုကတော့ နောက်ထပ်ကားရိုက်ဖို့ ရှိပါတယ်။ အောင်ခေတ်မင်း ထုတ်လုပ်ရေးနဲ့လည်း ရိုက်ဖို့ စီစဉ်ထားတယ်။ အောင်ခေတ်မင်းကနေ ခွင့်ပြုထားတဲ့ တခြားထုတ်လုပ်ရေးနဲ့လည်း ရိုက်ဖို့ ရှိပါတယ်”

“Myanmar Idol အစီအစဉ်မှာလည်း Presenter အဖြစ် လုပ်ဖို့ရှိပါတယ်။ Myanmar Idol နဲ့လည်း အကြီးအကျယ် ညှိနေပါတယ်။ တနှစ်ထက် တနှစ် မပျင်းသွားအောင်၊ ပိုပြီး ကောင်းသွားအောင်၊ ပိုပြီးတော့ စိတ်ဝင်စားမှုရှိလာအောင် ကျနော်တို့ ဘာတွေထပ်ပြီး ကြိုးစားရမလဲ ဆိုပြီး တိုင်ပင်နေပါတယ်”

“ကိုယ် တာဝန်ယူထားတဲ့အပိုင်းကိုပဲ ဆွေးနွေးဖြစ်တာ များပါတယ်။ ကျန်တဲ့အပိုင်းတွေဆို အားလုံးက လျှို့လျှို့ဝှက်ဝှက် လုပ်ကြတာ များတယ်။ ဒီနေ့ ဒီအချိန်ထိ ကျနော်ပါတယ် ဆိုတာပဲ သိသေးတာ။ ဒိုင်တွေက ဘယ်ဒိုင်တွေ ပြန်ပါတယ်၊ မပါဘူးဆိုတာတောင် မသိပါဘူး”လို့ ကျော်ထက်အောင်က ပြောပါတယ်။

အချစ်ရေးအေးဆေးပဲလို့ဆိုတဲ့ ကျော်ထက်အောင်က အချစ်ရေးဟာ စီပွားရေးလုပ်သလို လုပ်လို့ မရတဲ့ အတွက် ဘယ်နေ့ ဘယ်လိုလူမျိုးနဲ့တွေ့မယ်ဆိုတာ ပြောလို့မရနိုင်ပါဘူးလို့လည်း ဆိုပါတယ်။

“အချစ်ရေးကတော့ လတ်တလောမှာ အေးဆေးပါပဲ။ ဘယ်လိုပုံစံလေးတွေ ရွေးချယ်မယ်ဆိုတာတော့ မရှိပါဘူး။ ကျနော်တို့က စီးပွားရေးလုပ်သလို လုပ်လို့ မရတဲ့ အတွက် ဘယ်နေ့၊ ဘယ်လိုလူမျိုးနဲ့ တွေ့မယ်ဆိုတာပြောလို့ မရနိုင်ပါဘူး။ ငယ်ငယ်တုန်းက ချစ်စရာကောင်းပြီး မိန်းမ မဆန်တဲ့ ကောင်မလေးတွေကို ရွေးချယ်ဖြစ်တယ်။ အခုချိန်မှာ ကျနော့်ကို မိန်းကလေးပရိသတ်တွေ ပိုအားပေးတာကိုလည်း ဂုဏ်ယူပါတယ်။ အာပေးရကျိုးနပ်တဲ့ အနုပညာရှင်ဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်သွားမှာပါ” လို့ ကျော်ထက်အောင်က ဆိုပါတယ်။

လက်ရှိအချိန်က ရာသီဥတုပူပြင်းတဲ့အတွက် လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး သိပ်မလုပ်ဖြစ်ဘဲ နေပူထွက်ရင်လည်း အသားအရေအတွက် ဂရုစိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ အရမ်းပူတဲ့အတွက် လေ့ကျင့်ခန်းတောင် ပြင်းပြင်းထန်ထန် သိပ်မလုပ်ဖြစ်ဘူး။ ရေများများသောက် ဖြစ်ပါတယ်။ ဘာမှ မလုပ်ဘဲ နေရင်တောင် ဒီရာသီက ပင်ပန်းနေတာ ဆိုတော့လေ။ အရင်ကထက်တော့ ပိုပြီး ဂရုစိုက်ရတာပေါ့။ နဂိုကတည်းက မူရင်းအသားအရေ မကောင်းတဲ့သူ ဆိုတော့ တော်တော်လေး ဂရုစိုက်ရပါတယ်။ နေပူထဲထွက်ပြီးတာနဲ့ အသားမည်းသွားတဲ့သူဆိုတော့ အရမ်းဂရုစိုက်ရပါတယ်” လို့ ကျော်ထက်အောင်က ပြောပါတယ်။

ကျော်ထက်အောင်ကိုတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အစီအစဉ် တင်ဆက်သူတဦး အဖြစ် ဆောင်ရွက်ရာမှ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပြီး နောက်ပိုင်း သရုပ်ဆာင်တဦးအဖြစ် ဇာတ်ကားများကို ဆက်တိုက်ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ချူဆီ”ဇာတ်ကားမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

The post “Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ပိုကောင်းအောင် တင်ဆက်မယ်”လို့ ကျော်ထက်အောင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...