Quantcast
Viewing all articles
Browse latest Browse all 7343

အထင်လွဲနေတာတွေကို ဖြေရှင်းချင်တဲ့အတွက် အင်တာဗျူးများ ပြန်ဖြေနေတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ဇာတ်ပို့ သရုပ်ဆောင်များထဲမှာ ဝေဖန်မှု အခံရဆုံးသူ တယောက်ဖြစ်တဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဟာ မီဒီယာများရဲ့အင်တာဗျူးများကို အချိန်ကာလ တခုအထိ ဖြေဆိုခဲ့ခြင်းမရှိဘဲ ယခုအခါမှာတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သတင်းတခုကြောင့် ပရိသတ်များ အထင်လွဲနေခြင်းများကို ဖြေရှင်းချင်တဲ့အတွက် အင်တာဗျူးများ ပြန်လည်ဖြေဆိုတာလို့ ဧရာဝတီကို ပြောပါတယ်။

“ကျမက အင်တာဗျူးတာဆိုရင်လည်း အခုဆို ပထမဆုံးပြန်ဖြေတာလို့ ပြောရမယ်။ အင်တာဗျူး မဖြေတာလည်း တော်တော်ကြာပြီ။ ၁ နှစ်ခွဲ၊ ၂နှစ်လောက်တော့ ရှိပြီ။ မဖြေရှင်းနိုင်လို့ပေါ့။ အခု Facebook ကပိတ်ထားတယ်ဆိုတော့ ဒီလိုမျိုးဖြေရှင်းမှ သိမှာလေ။ ကျမက မဖြေရှင်းတာတွေ များလာတော့ ပရိသတ်က အထင်လွဲလာတာ။ အဲဒါကြောင့် ညစ်လာပြီးတော့ Facebook ကို ပိတ်လိုက်တာ”လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။

သြင်္ကန်ကာလအတွင်းက သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ နှစ်ဦး Facebook Chat box မှာပြောဆိုထားခဲ့တယ်ဆိုတဲ့ Screen Shot များ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ Screen Shot များမှာ အကောင့်တုများ ဖန်တီးကာ ပြုလုပ်ထားတာလို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။

“ကျမ အကောင့်တုကို လုပ်သွားတယ်။ ဖွေးဖွေးနဲ့ ကျမနဲ့ Chat ပါတယ်ဆိုပြီး ကျမအကောင့်ကို ဟက်ပါတယ်ဆိုပြီး လုပ်တယ်။ ကျမအကောင့်က ဟက်လည်း မခံရဘူး။ ကျမနဲ့ဖွေးဖွေးက သူငယ်ချင်းလည်း မဟုတ်ဘူး။ အဲဒီလိုမျိုးတွေ လုပ်ပြီး နာမည်ဖျက်တယ်ပေါ့။ ပထမက ဘာကြောင့်မှန်း မသိဘူးပေါ့။ သူတို့ဘာလို့ ဒီလိုလုပ်တာလဲ မသိဘူးပေါ့။ နောက်တော့မှ “ဘယ်ညာဘယ်ညာ” ရုပ်ရှင်ကားကြီး နှစ်ဆန်း ၁ ရက်နေ့မှာတင်တယ်တဲ့။ နည်းနည်းတော့ ရှော့တော့ဖြစ်သွားတယ်။ ဒါက ကျမ Facebook သုံးလာတဲ့အချိန်မှာ အကြီးဆုံးလို့ထင်တယ်”လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။

အဆိုပါကိစ္စရပ်မျာ းထွက်ပေါ်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Facebook အကောင့်ကို Deactivate ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇာတ်ပို့ သရုပ်ဆောင် များစွာရှိတဲ့ထဲမှာ နှိုင်းယှဉ်မြင့်မိုရ်က အဝေဖန်ခံရဆုံး သူတယောက် ဖြစ်နေလားဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ဟုတ်တယ်။ ဇာတ်ပို့ ယောကျ်ားလေး၊ မိန်းကလေးထဲမှာမှ ကျမက အလုပ်ခံရတာ။ ဘာဖြစ်လို့လဲဆိုတာကို လူကြီးတွေကပြောတာတော့ ကျမက Sensitive ဖြစ်တယ်။ သူတို့တွေက ပြောလိုက်ရင် ကျမက ပါလာတယ်။ အဲဒါကြောင့် ကျမကိုပိုပြီးတော့ Target ထားကြတယ်။ ဒါကြောင့်ဆိုတာကို ကိုယ်သိသွားပြီလေ။ အခါ ၁၀၀ မှာ ၉၉ ခါ ခံထားပြီး ၁ ခါ မခံနိုင်လို့ပြောဖြစ်မှာပဲ။ အဲဒါကြောင့် မသုံးတာပဲကောင်းတယ် ဆိုပြီး ထားထားလိုက်တာ”လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။

လက်ရှိမှာတော့ Facebook ကို ပိတ်ထားတဲ့အတွက် ဘုရား တရားနဲ့ အိမ်အလုပ်များကို ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ခင်ပွန်းဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်းနဲ့ ချစ်စရာကောင်းတဲ့ သားလေးတယောက်နဲ့အတူ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

The post အထင်လွဲနေတာတွေကို ဖြေရှင်းချင်တဲ့အတွက် အင်တာဗျူးများ ပြန်ဖြေနေတဲ့ နှိုင်းယှဉ်မြင့်မိုရ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...