Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”

$
0
0

စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ စိတ်ကူးယဉ် မှော်ဇာတ်လမ်းတွဲ “Fantastic Beasts” တတိယမြောက် ဇာတ်ကားကို နောက်နှစ် ၂၀၂၀ မှာ စတင်ရိုက်ကူးတော့မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရိုက်ကူးရေး ကိစ္စတွေကြောင့် ခန့်မှန်းချိန်ထက် အနည်းငယ် နောက်ကျနိုင်တာကြောင့် ၂၀၂၁ လောက်ရောက်မှပဲ ရုံတင်ပြသနိုင်မယ်လို့ သိရပါတယ်။

ဂျေကေရိုးလင်း ဖန်တီးခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေထဲက မှော်လောက မတိုင်ခင်က အဖြစ်ပျက်တွေကို ရိုက်ကူးထားတဲ့ “Fantastic Beasts” ဇာတ်လမ်းတွဲရဲ့ ပထမမြောက်နဲ့ ဒုတိယမြောက် ဇာတ်ကားတွေကို ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ပုံမှန်အတိုင်းဆို တတိယမြောက်ကို ၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ရမှာပါ။ ရိုက်ကူးရေးအစီအစဉ်တွေကိုတောင် ၂၀၂၀ နွေဦးလောက်မှ စတင်နိုင်မှာဖြစ်ပြီး ဇာတ်ကားကို တော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ကို ရုံတင်ရက်အဖြစ် ယာယီသတ်မှတ်ထားပါတယ်။

Warner Bros Pictures Group ဥက္ကဋ္ဌက “ကျနော်တို့ ပရိသတ်တွေအတွက် အရင်ထက်ပိုကောင်းတဲ့ ဖန်တီးမှုတွေ ချပြချင်လို့ ရိုက်ကူးရေးသမားတွေ ပုံမှန်ထက် အချိန်နည်းနည်းပိုယူဖြစ်ခဲ့တာပါ” လို့ ဆိုပါတယ်။

“Fantastic Beasts” ထဲက ဇာတ်ကောင်တွေဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲ မတိုင်ခင် ၁၉၂၀ ပြည့်နှစ်က အဖြစ်အပျက်တွေဖြစ်ပြီး မှော်ဆရာ နျူစကာမန်ဒါရဲ့ ဘဝဇာတ်ကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ လန်ဒန်မြို့ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ ပါဝင်တဲ့ ခရီးဆောင်အိတ်ကြီးနဲ့ ရောက်လာခဲ့ပြီး မတော်တဆ သူ့အိတ်ထဲက သတ္တဝါဆန်းတွေ ထွက်ပြေးလွတ်မြောက်သွားရာက အစပြုခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဟယ်ရီပေါ်တာတို့ရဲ့ ကျောင်းအုပ်ဆရာကြီး ဒန်ဘယ်လ်ဒိုးရဲ့ ငယ်ဘဝပုံရိပ်တွေကိုပါ မြင်တွေ့ရမှာပါ။

အောင်မြင်ကျော်ကြားခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေအပြီးမှာတော့ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ နောက်ထပ် မှော်ဇာတ်လမ်းတွဲအသစ် “Fantastic Beasts and Where to Find Them” ပထမဆုံး ဇာတ်ကားကို ၂၀၁၆ ခုနှစ် ရုံတင်ပြသခဲ့ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၁၄ သန်း ရရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ပြသခဲ့တဲ့ ဒုတိယမြောက်ဇာတ်ကား “Fantastic Beasts: The Crimes of Grindelwald” ကတော့ ပထမကားလောက် မအောင်မြင်ဘဲ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅၃ သန်းကျော်ပဲ ရရှိခဲ့ပါတယ်။

Ref: CNA Lifestyle

The post ၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...