Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Billboard ဂီတဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၂ ဆု ရရှိ

$
0
0

ကမ္ဘာကျော် Kpop အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ အခုနှစ်အတွက် ကျင်းပတဲ့ Billboard ဂီတဆုပေးပွဲ (BBMA) မှာ ယှဉ်ပြိုင်မှု ပြင်းထန်လေ့ရှိတဲ့ ထိပ်တန်း နှစ်ယောက်တွဲနဲ့ အဖွဲ့လိုက်ဆု အပါအဝင် ဆု ၂ ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ BTS အဖွဲ့ဟာ ထိပ်တန်းနှစ်ယောက်တွဲနဲ့ အဖွဲ့လိုက်ဆု၊ ထိပ်တန်းဆိုရှယ်အနုပညာရှင်ဆုတို့ကို လတ်စ်ဗေးဂတ်မြို့မှာရှိတဲ့ MGM Grand Garden Arena မှာ ဒေသစံတော်ချိန် မေလ ၁ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ BBMA ဆုပေးပွဲမှာ ရရှိခဲပါတယ်။

သူတို့အဖွဲ့အနေနဲ့ ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ ထိပ်တန်း ဆိုရှယ်အနုပညာရှင်ဆုအတွက် ၃ နှစ်ဆက်တိုက် ဆုရရှိတာလည်း ဖြစ်ပါတယ်။ အဲဒီအောင်မြင်မှုတွေနဲ့အတူ BTS အဖွဲ့ဟာ နှစ်စဉ် ကျင်းပနေတဲ့ အဲဒီအခမ်းအနားမှာ ဆုတဆု ထက်ပိုရတဲ့ ပထမဆုံးအနုပညာရှင်များ ဖြစ်လာပါတယ်။

တောင်ကိုရီးယား အမျိုးသား အဖွဲ့ဟာ အခြားအဖွဲ့တွေဖြစ်တဲ့ Dan + Shay, Imagine Dragons, Maroon 5 နဲ့ Panic! At The Disco တို့လိုမျိုးအဖွဲ့တွေနဲ့ ပူးတွဲသီချင်းတွေ ဖန်တီးဖူးခဲ့ပါတယ်။ ဒါကြောင့်လည်း ထိပ်တန်း နှစ်ယောက်တွဲနဲ့ အဖွဲ့လိုက် ဆုကို ရရှိတယ်လို့ ဆိုပါတယ်။

ပရိသတ်တွေရဲ့ အထူးအားပေးမှုကြားထဲမှာ အဲဒီဂုဏ်ပြုဆုတွေကို လက်ခံရယူဖို့ စင်ပေါ်တက်လာချိန်မှာ ပဲ အဖွဲ့ခေါင်းဆောင် RM က သူတို့အဖွဲ့ရဲ့ ပရိသတ်အသိုက်အဝန်းဖြစ်တဲ့ “ARMY” ကို ကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီး RM က “ဒီစင်မြင်ပေါ်မှာ ကျနော်တို့ ရှိနေနိုင်မယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။ ကျနော်တို့ အတူတူဝေမျှခဲ့ကြ တဲ့ BTS နဲ့ ARMY တို့ရဲ့ ပါဝါတွေလိုမျိုး သေးငယ်တဲ့ အရာလေးတွေကြောင့် ဖြစ်လာနိုင်ခဲ့တာပါ” လို့ ခံစားချက် အပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူက “ကျနော်တို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တူညီတဲ့အသံတခု ရှိခဲ့ပါတယ်။ တူညီတဲ့ အိပ်မက်တွေနဲ့ အတွေးအကြံတွေလည်း ရှိခဲ့ပါတယ်။ အကောင်းဆုံးသော အရာတွေကို အတူတူ အိပ်မက်မက်ကြပါစို့”လို့ ပြောဆိုခဲ့ပါတယ်။

သူတို့အဖွဲ့ရဲ့ အနုပညာသက်တမ်းဟာ အခုဆိုရင် ၆ နှစ် လောက်ရှိနေပြီ ဖြစ်ပါတယ်။ ဆုပေးပွဲကို လာရောက်တဲ့ ကော်ဇောနီလမ်းမ အစီအစဉ်မှာတော့ BTS အဖွဲ့ဟာ အမေရိကန်အဆိုတော် Halsey နဲ့ ချစ်ခင်ရင်းနှီးမှုကို ပြသခဲ့ပါတယ်။ အဲဒီ အမေရိကန်အဆိုတော်နဲ့အတူ သူတို့အဖွဲ့ဟာ “Boy With Luv” ဆိုတဲ့ သီချင်းကို ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ 2019 BBMA ဆုပေးပွဲမှာတော့ BTS အဖွဲ့ဟာ Halsey နဲ့အတူ သီချင်းပူးတွဲ ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

Ref:Yonhap

The post Billboard ဂီတဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၂ ဆု ရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


မြန်မာစစ်တပ်ရဲ့...


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...