Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွေးနေ့အလှူ လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် လူမင်း

$
0
0

ယနေ့၊ မေလ ၇ ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် လူမင်းရဲ့ အသက် ၄၉ နှစ်ပြည့် မွေးနေ့မှာတော့ မွေးနေ့အလှူအဖြစ် လူကြမ်းသရုပ်ဆောင်တွေအတွက် အဝတ်အစားတွေ၊ ငွေကြေးတွေနဲ့ ရွှေတောင် ခေါက်ဆွဲတို့ကို ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ မွေးနေ့အလှူလုပ်တာဟာ ကိုယ်တတ်နိုင်သလောက် လှူဒါန်းဖြစ်တာပါလို့ လူမင်းက ဧရာဝတီကို ပြောပါတယ်။

“ကိုယ်တတ်နိုင်သလောက် အလှူအတန်းလေးလည်း လုပ်ချင်တယ်ဆိုတော့ ကိုယ်စဉ်းစားမိလိုက်တာက အနုပညာလောကထဲမှာ သူတို့ဟာ နွမ်းပါးကြတယ်။ ရုပ်ရှင်လောက အလုပ်အကိုင်တွေကလည်း ပြတ်လပ်နေကြတယ်ဆိုတော့ သူတို့နဲ့လည်း မတွေ့တာ ကြာပြီ။ အစ်ကိုက ယောက်ျားလေးဆိုတော့ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေလည်း ပေးချင်တယ်။ သူတို့နဲ့ တွေ့ချင်တာလည်းပါတာကြောင့် လှူဖြစ်တာပါ”လို့ လူမင်းက ပြောပါတယ်။

ဆက်လက်ပြီး ဇနီးဖြစ်သူ မခင်စံပယ်ဦးကလည်း ခင်ပွန်းဖြစ်သူ လူမင်းရဲ့ မွေးနေ့အလှူအတွက် အစအဆုံး အစစအရာရာ စီစဉ်ပေးဖြစ်တဲ့အကြောင်းကိုလည်း လူမင်းက အခုလိုပဲ ပြောပါတယ်။

မွေးနေ့မှာ လူကြမ်းသရုပ်ဆောင်တွေကို လှူဒါန်းခဲ့တဲ့ လူမင်း (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“စံပယ့်ဆီက မွေးနေ့လက်ဆောင် မလိုပါဘူး။ ဒီမွေးနေ့ မှာဆို ကိုယ်က ရုပ်ရှင်ရိုက်နေတော့ အလှူအတွက် ဘာမှ မစီစဉ်နိုင်ဘူး။ သူပဲ အဝတ်ပုံထဲမှာ ခေါင်းမဖော်နိုင်ဘူး။ အနောက်ကနေ အကုန်လုံး စီစဉ်ထားပေးတာ။ စံပယ်က ကိုယ့်ထက် ၁၄ နှစ် ငယ်တော့ သူ့မိဘတွေ၊ အစ်ကိုတွေကလည်း အရမ်း အလိုလိုက်ခံထားရတော့ ကလေးလိုလည်းဖြစ်၊ ညီမလိုလည်း ဖြစ်နေတော့ အမြဲဂရုတစိုက် ကြည့်ပေးဖြစ်တယ်”

“ကျနော်တို့ ရှုတင်တွေမှာ ကြုံသလိုနေတာ။ မိန်းမ ပါလာတော့ စားဖို့သောက်ဖို့ သေချာလေးလုပ်ပေးတာပေါ့။ ကျနော့်မွေးနေ့အတွက် ဆုတောင်းပေးကြတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်မွေးနေ့မှာ ထားတဲ့ စိတ်လေးလိုပဲ။ ဘာပဲလုပ်လုပ် မိမိကိုယ်မိမိ ဆင်ခြင် သုံးသပ်နိုင်ကြပါစေလို့ ကျနော် ခံယူတဲ့စိတ်ထားလေး တခုကို မျှဝေပေးချင်ပါတယ်”လို့ လူမင်းက ပြောပါတယ်။

လူမင်းအတွက် မွေးနေ့ ဆုတောင်းစကားကိုလည်း ဇနီးဖြစ်သူ ခင်စံပယ်ဦးက အခုလိုပဲ ဆိုပါတယ်။

သရုပ်ဆောင် လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“ဘာလက်ဆောင်မှတောင် မပေးရသေးပါဘူး။ အလုပ်တွေ ရှုပ်နေတာနဲ့ အဓိကကတော့ ကိုလူမင်းကို စိတ်ချမ်းသာစေချင်တယ်။ မိသားစုနဲ့ အေးအေးချမ်းချမ်းလေး အတူတူ ဖြတ်သန်းချင်တယ်။ ဒီလောက်ပါပဲ။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အစ်ကို အသက် တနှစ်ကြီးလာတော့ ပိုပြီးတော့ အေးချမ်းလာတယ်။ ပိုပြီးတော့ တည်ငြိမ်လာတယ်။ အစ်ကို့ ရှုတင်တွေကို ရန်ကုန်မှာဆို သိပ်မလိုက်ဖြစ်ဖူး။ နယ်မှာဆိုရင်တော့ လိုက်ပေးဖြစ်တယ်’လို့ ခင်စံပယ်ဦးက ပြောပါတယ်။

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လမှ စတင်ကာ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ၄ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်ပြီး ဘုရားထီးတင်ခြင်းနဲ့ တခြားအလှူများကို ပြုလုပ်လေ့ရှိတဲ့ လူမင်းက ဒီနှစ် သူ့မွေးနေ့မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ အဝတ်အစားတွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

The post မွေးနေ့အလှူ လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် လူမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...