Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

$
0
0

သရုပ်ဆောင် မိုးအောင်ရင်က ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော် သမ္မတ၏ တတိယအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာခဲ့ပြီး ယနေ့၊ မေလ ၇ ရက်နေ့မှာ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်သမ္မတရုံးက ဒီနေ့ ရက်စွဲနဲ့ ကြေညာခဲ့တာဖြစ်ပြီး မိုးအောင်ရင်က မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရာကနေ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

မိုးအောင်ရင်ရဲ့ မွေးစားအမေဖြစ်တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်က “မမို့ကတော့ ကလေးကို အရင်တခေါက်ကတည်းကတော့ ပါစေချင်ခဲ့တာပေါ့။ ဒီကလေးက မှားတာကတော့ မှားသွားတာပေါ့။ သူက မိဘကို လုပ်ကျွေးတဲ့ သားကောင်းလေး တယောက်ပါ။ ဒီအကျိုးကို ပြန်ခံစားရမယ်လို့ မမို့ မျှော်လင့်ပါတယ်။ အခုလို လွှတ်တော့လည်း မမို့အနေနဲ့ ဝမ်းသာပါတယ်”လို့ ဆိုပါတယ်။

“ဒါပေမဲ့ မမို့အနေနဲ့ အများကြီးတော့ မပြောချင်သေးပါဘူး။ သူတို့ကိုယ်တိုင်က အမှားပါမှာကြောက်လို့ ဘယ်မီဒီယာမှလည်း မတွေ့ကြဘူး။ ကာယကံရှင်ကလည်း မဖြေသေးတော့ ကိုယ့်က သွားဖြေလို့ မကောင်းဘူးလေ။ ကိုယ်ကလည်း ရှေ့ကဖြေလို့ မကောင်းပါဘူး”လို့ မို့ုမို့မြင့်အောင်က ဧရာဝတီကို ပြောပါတယ်။

မိုးအောင်ရင်အတွက် ရှေ့ဆက်စေချင်တဲ့ စိတ်ကူးကိုလည်း မို့မို့မြင့်အောင်က အခုလို ဆိုပါတယ်။ “သူ့ကိုအပြင်စီးပွားရေးပဲ လုပ်စေချင်တယ်။ ဗီဒီယို ဈေးကွက်ကလည်း ပျက်နေပြီ။ ရုပ်ရှင်ကလည်း ခေတ်မကောင်းတော့ သူ့ကို အပြင်စီးပွားရေးပဲ လုပ်စေချင်တယ်”လို့ ဆိုပါတယ်။

မိုးအောင်ရင်ကို သရုပ်ဆောင်အဖြစ် မွေးဖွားပေးခဲ့တဲ့ လက်ကီးဆဲဗင်း ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းကလည်း မိုးအောင်ရင် လွတ်လာတဲ့အတွက် ဝမ်းသာကြောင်း ဧရာဝတီကို အခုလိုပြောပါတယ်။

“ကောင်းပါတယ်။ ဘာပဲပြောပြော သူ့မျက်နှာလေးက ကြည်ကြည်လင်လင်နဲ့။ သူက အထဲမှာလည်း အင်္ဂလိပ်စာတွေ သူများကို သင်ပေးခဲ့တယ်ပေါ့နော်။ စာတွေလည်း အများကြီး ဖတ်ခဲ့တယ်။ အထဲမှာလည်း ကြိုးကြိုးစားစားနေခဲ့တယ်။ ရှိတဲ့ ပညာလေးကိုလည်း အသုံးချခဲ့တယ်ပေါ့နော်။ အထဲက ထောင်ပိုင်ကြီးတွေလည်း သူ့ကို ချီးကျူးကြတယ်။ အဲ့ဒါကို ပြန်ကြားရတော့ ပိုပြီးဝမ်းသာတယ်။ သူထွက်လာပြီဆိုတော့ သူ လူမှုရေးအကျိုးပြုတွေ လုပ်မယ် ပြောတယ်”

“ဘာပဲပြောပြော ဒီလိုမျိုး ထွက်လာတဲ့အတွက် သူ့ဘဝကို အသစ်ပြန်စခွင့်ရတဲ့အတွက် ပိုပျော်ရွှင်မိပါတယ်”လို့ လက်ကီးဆဲဗင်း ထုတ်လုပ်ရေးပိုင်ရှင် ကိုအုန်းဝင်းက ဧရာဝတီကို ပြောပါတယ်။

မိုးအောင်ရင်နဲ့ ရိုက်ကူးမှုတွေ ဆက်လုပ်၊ မလုပ်နဲ့ ပတ်သက်ပြီးလည်း “သူ့အပေါ်မှာပဲ မူတည်တာပေါ့နော်။ လတ်တလောမှာတော့ နှစ်ဦး နှစ်ဖက်လုံး မစဉ်းစားရသေးဘူး။ လက်ရှိမှာတော့ သူလူမှုရေးကိစ္စတွေ အရင်လုပ်မယ်ပေါ့နော်။ လူမှုရေးကိစ္စတွေ လုပ်ပြီးတော့မှပဲ ကျန်တဲ့ဟာတွေ ဆက်လုပ်သွားကြမယ်”လို့ ကိုအုန်းဝင်းက ပြောပါတယ်။

အကယ်ဒမီများရှင် မေသန်းနုကလည်း “မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အတွက် မင်္ဂလာသတင်းပေါ့။ ဒီကလေးအရွယ်က ဒီအထဲမှာ ရှိမနေသင့်ဘူး။ တကယ့်လို့ အနုပညာအလုပ်တွေကို ပြန်လုပ်မယ်ဆိုရင် ကြိုဆိုပါတယ်။ ဒါပေမဲ့ အနုပညာအလုပ်ကိုတော့ ဒီထက်တော့ ပိုကြိုးစားသွားရမယ်လေ။ ကိုအောင်ရင်နဲ့ ပွဲတွေမှာ တွေ့ရင်တော့ သားက အနုပညာကို အရမ်းဝါသနာပါတယ်၊ ကူညီပါ ပြောတယ်။ တကယ်တော့ ဒီကလေးက မမို့ရဲ့ သားပေါ့”

“အနုပညာ ပတ်သက်ပြီးတော့ အရင်ကတော့ ကူညီအားပေးခဲ့တယ်။ မိုးအောင်ရင် ရုပ်လေးကလည်း ချစ်စရာ ကောင်းတယ်လေ။ အခုချိန်မှာတော့ ကလေးက ဘဝကပေးထားတဲ့ သင်ခန်းစာတွေလည်း အများကြီးရနေပြီလို့ ထင်ပါတယ်”လို့ မေသန်းနုက ဧရာဝတီကို ပြောပါတယ်။

နိုင်ငံတော် သမ္မတရဲ့ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မိုးအောင်ရင်နဲ့အတူ နောက်ထပ် မူးယစ်ဆေးအမှုနဲ့ ထောင်ကျနေတဲ့ မော်ဒယ် ရွှေမြင့်မိုရ်လည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။

The post မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...