Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner

$
0
0

မေလရဲ့ ဒုတိယပတ် တနင်္ဂနွေမှာ ကျရောက်ခဲ့တဲ့ အမေများနေ့မှာတော့ အနောက်တိုင်းရဲ့ နာမည်ကျော်ပုဂ္ဂိုလ် Kylie Jenner ဟာ “Kylie Skin” လို့အမည်ရတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သူ့ရဲ့ Instagram မှာ မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် ပစ္စည်းမှာတော့ ပထမဆုံး ထုတ်ကုန် ၆ မျိုး ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။

“Kylie Skin” ထုတ်ကုန်ပစ္စည်းများဟာ လွန်ခဲ့တဲ့ တရက်လောက်ကတည်းက ဆိုရှယ်မီဒီယာမှာ မိတ်ဆက်ကြော်ငြာမှုတွေ ရှိခဲ့ပြီး လာမယ့် မေလ ၂၂ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် Kylie ကတော့ သူ့ရဲ့ ထုတ်ကုန်အသစ်ကို ကြိုတင်ပြီး မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။

Kylie Skin ရဲ့ထုတ်ကုန် ၆ မျိုးဟာ နေ့စဉ်သုံး အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေ ဖြစ်တဲ့ မျက်နှာသစ်ဆေး၊ မျက်နှာကြေးချွတ်ဆေး၊ မျက်နှာသန့်စင်ဆေး၊ Serum၊ မျက်လုံးလိမ်းခရမ်နဲ့ အစိုဓာတ်ထိန်း ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အနံ့ မရှိဘဲ အသားအရေ အားလုံးနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာလို့လည်း ဆိုပါတယ်။

အသားအရေ Sensitive ဖြစ်တဲ့သူတွေအတွက် အယ်လ်ကိုဟော မပါဝင်တဲ့ Toner ကို ထုတ်လုပ်ထားတဲ့အပြင် သူ့ရဲ့အကြိုက်ဆုံးပစ္စည်းကတော့ မျက်နှာမှာ လိမ်းတဲ့ အစိုဓာတ်ထိန်း ပစ္စည်း ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ လက်ပ်တော့နဲ့ ဖုန်းတွေကနေ ထုတ်လွှတ်တဲ့ အလင်းရောင်တွေကနေ အသားအရေကို ကာကွယ်ဖို့အတွက် အပြာရောင်အလင်း ဖော်မြူလာနဲ့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ထုတ်ကုန်ပစ္စည်းတွေအားလုံးဟာ တမျိုးစီကို ဒေါ်လာ ၃၀ အောက်သာရှိမှာ ဖြစ်ပြီး အစုံလိုက်ဆိုရင်တော့ ၁၂၅ ဒေါ်လာ ကျသင့်မယ်လို့ ဆိုပါတယ်။ Kylie Skin ဟာ Kylie အတွက် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းဈေးကွက်ထဲကို ရောက်ရှိလာတဲ့ ပထမဆုံး ထုတ်ကုန်တော့ မဟုတ်ပါဘူး။

သူ့ရဲ့ မိတ်ကပ်ထုတ်ကုန် ဖြစ်တဲ့ Kylie Cosmetics ကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး အရေးအကြောင်းဖျောက် မိတ်ကပ်၊ ဘရပ်ရှ်၊ မျက်တောင်ကော့ထုတ်ကုန်တွေနဲ့ မိတ်ကပ် အရောင်တင် ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Money မီဒီယာရဲ့အဆိုအရ Kylie Cosmetics ရဲ့ ပိုင်ဆိုင်မှုပမာဏဟာ ဒေါ်လာ သန်း ၉၀၀ ရှိတယ်လို့ ဆိုပါတယ်။

Ref: asiaone

The post အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...