Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကလေးကိုစွန့်ပစ်ပြီး သတ်လိုက်တဲ့ မိန်းမတွေထက်တော့ ကိုယ်က သာလိမ့်မယ် ထင်ပါတယ်”

$
0
0

Single Mother တယောက်အနေအဖြစ် သမီးနဲ့တယောက်နဲ့အတူ ဘဝကိုရပ်တည်နေတဲ့ အဆိုတော်အေသင်ချိုဆွေကတော့ ရွေးချယ်စရာ မရှိတဲ့ ဘဝမှာ Single Mother တယောက်အဖြစ် ရပ်တည်ခဲ့ခြင်းဟာ ကလေးကိုစွန့်ပစ်ပြီး သတ်လိုက်တဲ့ မိန်းမတွေထက် သာလိမ့်မယ်လို့ ထင်တယ်လို့ ဆိုပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ရွေးချယ်စရာ မရှိတဲ့ ဘဝတခုကို ကိုယ်ရွေးချယ်လိုက်တယ်။ ကလေးကို စွန့်ပစ်ပြီး ကလေးကို သတ်လိုက်တဲ့ မိန်းမတွေထက်တော့ ကိုယ်ကနည်းနည်းတော့ သာလိမ့်မယ်လို့ ထင်ပါတယ်” လို့ အဆိုတော် အေသင်ချိုဆွေကပြောပါတယ်။

Single Mother များစွာထဲမှ အေသင်ချိုဆွေကတော့ တာဝန်မယူဘဲ စွန့်ပစ်ခံခဲ့ရတဲ့ မိန်းမတယောက်ဖြစ်ပြီး ရရှိခဲ့တဲ့ ရင်သွေးကို အတိုက်အခိုက်များ ၊ အောင်မြင်မှုများကို အဆုံးရှုံးခံပြီး ရွေးချယ်ခဲ့တဲ့ မိခင်တယောက်ဖြစ်ပါတယ်။

“ကိုယ်ရပ်တည်နေရတဲ့ဘဝကို ဘယ်လိုရုန်းကန်ရမလဲ။ ဘယ်လောက်ပဲ ရုန်းကန်ရပါစေ။ ကိုယ့်ကလေးအတွက် ကိုယ့်သမီးလေးအတွက် သူမရှိခဲ့ရင်တောင် ဘယ်လိုဆက်ဖြစ်နေမလဲ မသိတဲ့ ဘဝတခုကို စာတွေလည်းအများကြီး ဖတ်လာတယ်။ အကောင်းမြင်စိတ်တွေလည်း မွေးလာတယ်။ လူတွေဘယ်လိုပြောပြော အရင်ကဆို ပြန်ပြောလိုက်ရမှ။ အခုချိန်မှာတော့ ခံနိုင်ရည်စွမ်းလည်း မြင့်မားလာတယ်” လို့အေသင်ချိုဆွေကပြောပါတယ်။

အခုအချိန်မှာတော့ သမီးဖြစ်သူအတွက် အမြဲတမ်းစဉ်းစားပြီး သမီးဖြစ်သူ ကြီးပြင်းလာတဲ့အချိန်မှာ သူရင်ဆိုင်ရမယ့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားကာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့အတွက် စဉ်းစားထားတယ်လို့ သိရပါတယ်။

“ကလေးအတွက် ကိုယ့်မှာ နောက် ၅ နှစ်နေရင် ဘယ်လိုမျိုးဖြစ်ရမလဲ။ သူကျောင်းတက်တဲ့ အရွယ်ရောက်ရင် ကျောင်းမှာ သူငယ်ချင်းအချင်းချင်း နှိမ်တာတွေ ရှိလာရင် ဒီကျောင်းက လက်မခံရင် တခြားကျောင်းကိုပြောင်းမယ်။ ဒီနိုင်ငံက လက်မခံရင် တခြားနိုင်ငံကိုပြောင်းမယ်။ အေသင်ကတော့ အဲဒီလို လက်ခံထားပါတယ်။ ကိုယ်သည် ရွေးချယ်စရာ မရှိတဲ့အချိန်မှာ ရွေးချယ်ပြီးပြီဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲစဉ်းစားပါတယ်” လို့ အေသင်ချိုဆွေက ပြောပါတယ်။

သူမ ရွေးချယ်ခဲ့တဲ့ ဘဝအတွက် နောင်တမရဘဲ လိပ်ပြာလုံစွာနဲ့ နောက်ထပ်အမှားမျိုးမမှားအောင် ဆင်ခြင်ကာ တခြားသော Single Mother များလည်း သူမလိုစိတ်မျိုးရှိပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

“ရှေ့ဆက်ပြီးတော့မှ ရုန်းကန်နေရတယ်။ ရပ်တည်နေရတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ။ လိပ်ပြာလုံတယ်။ ကိုယ့်ကိုယ်ကိုယ် ဘဝမှာ နောင်တဆိုတာလည်း မှားခဲ့တဲ့အမှားကိုလည်း နောက်မမှားအောင် ဆင်ခြင်နိုင်မယ်။ နောက်ထပ်လည်း ထပ်မမှားစေရဘူးလို့ ဆုံးဖြတ်ထားတယ်။ နောင်တဆိုတာ မရှိသလောက်ပဲ”

“ကိုယ်ရွေးချယ်ထားတာလေးက ကိုယ့်အတွက် အရမ်းတန်ဖိုးရှိတယ်။ ဒီစိတ်နဲ့ပဲနေတယ်။ ဒီလိုမျိုး Single Mother တွေအကုန်လုံးလည်း အေသင့်လိုစိတ်မျိုးမွေးနိုင်ပါစေ ရှိကြပါစေလို့ဆုတောင်းပါတယ်”လို့ အေသင်ချိုဆွေက ပြောပါတယ်။

အေသင်ချိုဆွေကတော့ ၄ နှစ်တာ ကာလအတွင်း ချစ်သူနဲ့ ကျူးလွန်ခဲ့တဲ့ အမှားတခုကြောင့် အမှားတခုကို ရဲဝံ့စွာရင်ဆိုင်ခဲ့ပြီး သမီးဖြစ်သူကို တယောက်တည်း အင်အားနဲ့ မွေးဖွားခဲ့ပါတယ်။ ပရိသတ်များကိုလည်း လျို့ဝှက်မထားဘဲ သူမရဲ့ဘဝအကြောင်းအမှန်ကို ဖွင့်ပြောပြခဲ့ပြီး အချိန်ကာလအထိ ကျောခိုင်းခဲ့တဲ့ အနုပညာအလုပ်များကိုလည်း ပြန်လည် လုပ်ကိုင်နိုင်ခဲ့ပါတယ်။

The post “ကလေးကိုစွန့်ပစ်ပြီး သတ်လိုက်တဲ့ မိန်းမတွေထက်တော့ ကိုယ်က သာလိမ့်မယ် ထင်ပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...