Quantcast
Viewing all articles
Browse latest Browse all 7343

တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ

တချိန်တုန်းက အမေရိကန် ရုပ်သံဇာတ်လမ်းတွေမှာ နေရာယူခဲ့တဲ့ မင်းသမီးကြီး Doris Day ဟာ အသက် ၉၇ နှစ်အရွယ်၊ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ သူ့ရဲ့ ဖောင်ဒေးရှင်းက ပြောဆိုခဲ့ပါတယ်။

Doris Day Animal ဖောင်ဒေးရှင်းရဲ့အဆိုအရ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ မင်းသမီး Day ဟာ သူ့ရဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ Carmel Valley မှာရှိတဲ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ကြေညာချက်ထဲမှာတော့ “Day ဟာ သူ့ရဲ့ အသက်အရွယ် နဲ့ဆိုရင် တော်တော်လေးကို ကျန်းမာရေးကောင်းခဲ့တာပါ။ သူသေတဲ့အထိ ဖြစ်စေခဲ့တဲ့ ပြင်းထန်တဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ မရခင်အထိပေါ့” လို့ ဖော်ပြထားပါတယ်။

သူကွယ်လွန်ခဲ့တဲ့ အချိန်ဘေးနားမှာ အရင်းနီးဆုံး သူငယ်ချင်းအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်း အချိန်တော်တော်များများ မင်းသမီးကြီး Day ဟာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းရုံဝင်ငွေများများရရှိစေဖို့ ဆွဲဆောင်နိုင်သူ မင်းသမီးတဦးအနေနဲ့ မင်းမူခဲ့သူ ဖြစ်ပြီးတော့ သူ့ရဲ့ ပြဇာတ်၊ ဟာသ၊ သည်းထိတ်ရင်ဖိုနဲ့ ကောင်းဘွိုင်ရုပ်ရှင်တွေကို ကြည့်ရှုဖို့၊ လက်မှတ်ရဖို့ အဲဒီခေတ်က ပရိသတ်တွေ အနေနဲ့ အသည်းအသန်ကို ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

Image may be NSFW.
Clik here to view.

၁၉၄၈ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ ရုပ်ရှင်ကား ၄၀ နီးပါးမှာ ပါဝင်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Pillow Talk” ရုပ်ရှင်က တော်တော်လေးကို နာမည်ကျော်ကြားခဲ့တယ်လို့ ဆိုပါတယ်။

မင်းသမီး တယောက်အနေနဲ့ အနုပညာခရီးလမ်းကို ဖြတ်သန်းခဲ့ရုံသာမက မင်းသမီးကြီးဟာ ဂီတဇယားတွေရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့တဲ့ အဆိုတော်တယောက်အနေနဲ့လည်း ကျင်လည်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး နာမည်ကြီးတဲ့ သီချင်းက “Sentimental Journey” သီချင်းဖြစ်ပြီး ၁၉၅၆ ခုနှစ်တုန်းက ဖြန့်ချိခဲ့တဲ့ “The Man Who Knew Too Much” ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့”Que Sera Sera” သီချင်းဟာဆိုရင်တော့ သူ့ရဲ့အအောင်မြင်ဆုံးတေးလို့ ဆိုရမှာပါ။

ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီကတော့ အခုလိုမျိုးမင်းသမီးကြီးရဲ့ နာရေးသတင်းဟာ ဟောလိဝုဒ်ကနေ ဝမ်းနည်းမှုတွေ၊ ချစ်ခင်နှစ်သက်မှုတွေကို ထွက်ပေါ်လာစေပြီး သူ့ရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကြင်နာတတ်တဲ့ နှလုံးသားကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

ဂျာမန် မိဘနှစ်ဦးကနေ မွေးဖွားလာခဲ့တဲ့ မင်းသမီးကြီးဟာ ၁၉၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာ အိုဟိုင်းယိုးပြည်နယ်၊ Cincinnati မြို့မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူအသက် ၂၀ လောက်မှာ သူ့ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တဲ့ ခင်ပွန်းနဲ့ ကွာရှင်းလိုက်ပါတယ်။ သူဟာလက်ထပ်ဖို့ ၄ ကြိမ် စီစဉ်တာ မအောင်မြင်ခဲ့တဲ့အပြင် ပထမဆုံး ခင်ပွန်းလောင်းနဲ့ ကလေးတယောက်ကို ရရှိခဲ့ပါတယ်။

သူဟာ အော်စကာဆု မရရှိခဲ့ပေမယ့် ၂၀၀၄ ခုနှစ်မှာ သမ္မတရဲ့ “လွတ်လပ်ရေးဆု”၊ ၂၀၀၈ ခုနှစ် ဂရမ်မီဆုပေးပွဲမှာ “ဘဝတသက်တာ အောင်မြင်သူဆု”တို့ကို ရရှိခဲ့သူဖြစ်ပါတယ်။

You May Also Like These Stories :

စေ့စပ်လိုက်ပေမယ့် ချစ်သူဟောင်းပုံ တက်တူးကို မဖျက်သေးတဲ့ Justin Bieber 

“Star Wars” ရုပ်ရှင်ထဲက Chewbacca သရုပ်ဆောင် မင်းသားကြီး Peter Mayhew ကွယ်လွန်ပြီ 

တချိန်က သိုင်းဆရာကြီး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြေးတွေကိုတောင် မချီနိုင်တော့တဲ့ Sammo Hung

မကြာမီထွက်ရှိလာမည့် ရုပ်ရှင်တွင် “ ဂေးစူပါဟီးရိုး” ပါဝင်လာမည်ဟု Russo Brothers အတည်ပြု 

The post တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...