Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၇၁ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော် စတင် ဖွင့်လှစ်

$
0
0

ကမ္ဘာကျော် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မေလ ၁၄ ရက်နေ့မှာ စတ င်ဖွင့်လှစ်လိုက်ပါပြီ။ အဲဒီ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ ကမ္ဘာကျော် ဟောလိဝုဒ်စတားတွေဟာ သေသေချာချာ ပြင်ဆင်လာခဲ့ကြပြီး ပွဲတော်မှာ ပွဲဦးထွက်ရုပ်ရှင်တွေကို ပြသဖို့အတွက် သက်ဆိုင်ရာ စတူဒီယိုတွေက တာဆူနေကြပြီလို့ သိရပါတယ်။

စပိန်စတား Javier Bardem နဲ့ ပြင်သစ်မင်းသမီး Charlotte Gainsbourg တို့ကတော့ ၁၂ ရက်ကြာ ကျင်းပမယ့် အဲဒီ ပွဲတော်ကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပွဲဦးထွက် ရုပ်ရှင်တွေအနေနဲ့ အဆိုတော် Selena Gomez အပါအဝင် ထိပ်တန်းအဆင့် သရုပ်ဆောင်တချို့ပါဝင်ထားတဲ့ “The Dead Don’t Die” ရုပ်ရှင်ကို ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

အခုလိုမျိုး ရုပ်ရှင်ပွဲတော်မှာဆိုရင် အမေရိကန် ရုပ်ရှင်စတူဒီယိုတွေဟာ အော်စကာဆုအတွက် ရည်ရွယ်ထားတဲ့ ရုပ်ရှင်တွေကို ပွဲဦးထွက်အဖြစ် ပထမဆုံး ထုတ်ပြတတ်ကြပါတယ်။ ဒီနှစ်ပွဲတော်မှာတော့ အရင်နှစ်တွေထက် စာရင် အပြိုင်အဆိုင်နည်းတယ်လို့ ဆိုရမှာပါ။

“Pulp Fiction” ရုပ်ရှင်နဲ့ Palme d’Or လို့ခေါ်တဲ့ အထူးဆုကြီးကို ရရှိခဲ့ဖူးတဲ့ ဒါရိုက်တာကြီး Quentin Tarantino ကတော့ ဒီနှစ်မှာတော့ “Once Upon a Time in Hollywood” ရုပ်ရှင်နဲ့အတူ ပွဲဦးထွက်လာမှာပါ။ အမေရိကန် ရာဇဝတ်သား Charles Manson ကြီးစိုးတဲ့ခေတ်ကာလ၊ လော့စ်အင်ဂျလိစ်မြို့မှာ အခြေစိုက်တဲ့ အဲဒီ ရုပ်ရှင်မှာတော့ ကောင်းဘွိုင်ရုပ်သံစတားအဖြစ် မင်းသား လီယိုနာဒို ဒီကာပရီယိုက သရုပ်ဆောင်ထားပြီး သူ့နေရာမှာ စတန့်အစားထိုး သရုပ်ဆောင်အဖြစ် မင်းသား ဘရက်ပစ်က ပါဝင်ထားပါတယ်။

အဆိုတော်ကြီး Elton John ကတော့ သူ့ရဲ့ Musical ဘဝအတ္ထုပ္ပတ္တိ “Rocketman” ကိုပြသဖို့ စီစဉ်ထားပါတယ်။ အဲဒီ ရုပ်ရှင် ပွဲဦးထွက်ပြသတဲ့အချိန်မှာပဲ သူဟာ စန္ဒယားနဲ့ တီးခတ်ဖျော်ဖြေဦးမယ်လို့ ဆိုပါတယ်။ လာမယ့် မေလ ၁၆ ရက်နေ့မှာ မိတ်ဆက်ပေးမယ့် ရုပ်ရှင်တွေထဲမှာတော့ မင်းသားကြီး ဆေဗာစတာ စတားလုံးရဲ့ “Rambo V: Last Blood” ရုပ်ရှင်အတွက် မိတ်ဆက်ဗီဒီယို ဖြစ်ပါတယ်။

ဒါ့အပြင် ဘာလုံး အကျော်အမော်ဟောင်း ဒီယေဂိုမာရာဒိုနာရဲ့ မှတ်တမ်းရုပ်ရှင်ကိုလည်း ပြသဖို့ ရှိနေပါတယ်။ မက္ကဆီကိုဒါရိုက်တာ Alejandro Gonzalez Inarritu ကတော့ Palme d’Or ဆုရှင်ကို ရွေးချယ်ဖို့ ဂျူရီအဖွဲ့ကို ဦးဆောင်မှာဖြစ်ပါတယ်။ သူကတော့ မေလ ၁၄ ရက်နေ့မှာ သမ္မတ ထရန့်လိုမျိုး လူပြိန်းကြိုက် ခေါင်းဆောင်တွေကို ပြစ်တင်တာမျိုး လုပ်ခဲ့ပါတယ်။

ရုပ်ရှင် စတူဒီယိုတွေ အနေနဲ့လည်း ဘတ်ဂျက်များများ နဲ့ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်တွေကို ပြသတဲ့အခါ ဝေဖန်သူတွေထံကနေ မှတ်ချက်ကောင်းကောင်း မရမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ Netflix မှာ ပြသနေတဲ့ ရုပ်ရှင်တွေကို ပြင်သစ်ရုပ်ရှင်တွေမှာ ပြသဖို့ ငြင်းဆိုထားတဲ့အတွက် အခုတခေါက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်တွေကို ပွဲဦးထွက်ပြသဖြစ်မှာ မဟုတ်ပါဘူး။

Ref:asiaone

You May Also Like These Stories: 

ကလေးတွေနဲ့အတူ ‘Dumbo’ ရုပ်ရှင်အထူးပွဲကို တက်ခဲ့တဲ့ အန်ဂျလီနာဂျိုလီ 

တောင်ကိုရီးယားမှာ ပထမဆုံးနေ့ ရုံလူဝင်မှုအများဆုံး ရုပ်ရှင်အဖြစ် “Avengers: Endgame” မှတ်တမ်းဝင် 

လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က လူငယ်တွေရဲ့ ဓာတ်ပုံများ 

စိတ်ကျန်းမာရေးအတွက် “Friends” ရုပ်သံစီးရီးကို ကြည့်ရှုသင့်ကြောင်း လေ့လာမှုတခုမှာ ဖော်ပြထား 

The post ၇၁ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော် စတင် ဖွင့်လှစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...