Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လက်ရှိ အဆိုတော် ဆိုတေးက “အတု”လို့ ပြောကြတဲ့အပေါ် ဆိုတေး ဘာပြောလဲ

$
0
0

“မီးအိမ်ရှင်” အခွေဖြင့် ပရိသတ်များ ချစ်ခင်အားပေးခဲ့ကြတဲ့ အဆိုတော် ဆိုတေးကတော့ လွန်ခဲ့တဲ့ ၆ နှစ်ခန့် ကားအက်ဆီးဒင့် တခုကြောင့် အချိန်ကာလ ကြာရှည်စွာ ဆေးကုသမှု ခံယူခဲ့ရပြီး အခုချိန်မှာတော့ ခန္ဓာကိုယ် ပြောင်းလဲမှုများနဲ့ စကားပြောရာမှာ လူကောင်း တယောက်ကဲ့သို့ ကောင်းမွန်ခြင်း မရှိသေးပါဘူး။ ဒီလိုအခြေအနေမှာ တချို့သော ပရိသတ်များက “ဆိုတေး အတု”လို့ ဝေဖန်မှုများရှိခဲ့တယ်လို့ အဆိုတော် ဆိုတေးက ပြောပါတယ်။

“အရင်က ဆိုတေးက ပိန်တယ်တဲ့။ အခု ဝလာတယ်တဲ့။ ဒါက ဆိုတေး အတုတဲ့ ကျနော့်ကိုလေ။ ဆိုတေးအစစ်ကေ သသွားပြီတဲ့ ပြောကြတာ။ ဒါတွေက ကြာပါပြီ။ ပရိသတ်တွေက ဝေခွဲပိုင်းခြား နိုင်ပါပြီ။ ကျနော့် ပရိသတ် စစ်သောသူ၊ ချစ်သောသူက ရှိကြတယ်လေ။ အခုအချိန်မှာ ဘာမှပြောစရာ မလိုတော့ပါဘူး။ အခုအချိန်မှာ အဆိုတော် ဆက်လုပ်မယ်။ တေးရေးဆရာ တယောက်အဖြစ် ဆက်ရပ်တည်ဦးမယ်။ နောက်အခွေတွေလည်း ထွက်ဖို့အတွက် ကြိုးစားနေတယ်”လို့ အဆိုတော် ဆိုတေးက ပြောပါတယ်။

လူကောင်းအတိုင်း ရှိစဉ်ကလည်း ဝေဖန်မှုများရှိခဲ့ပြီး ယခုကျန်းမာရေး မကောင်းတဲ့အချိန်မှာလည်း ဝေဖန်မှုများရှိနေခြင်းများဟာ ပရိသတ် ထင်ကြေးပေးတဲ့ ချစ်သောစကားများလု့ိ မှတ်ယူထားတယ်လို့ ပြောပါတယ်။

“ပိန်တုန်းက ဆေးသမားတဲ့။ ဝတော့ အရက်သမားတဲ့။ ဒါတွေက ပရိသတ်ထင်ကြေးပေးတဲ့ ချစ်သောစကားလို့ မှတ်ထားပါတယ်။ ပရိသတ်ကြည့်နေပြီဆိုရင် ချစ်လို့ကြည့်တာပေါ့လေ။ ဒါကြောင့်လည်း သိတာပေါ့။ အဲဒီတော့ ပရိသတ်ကို ချစ်လည်းချစ်တယ်။ ကျေးဇူးလည်း တင်ပါတယ်”လို့ ဆိုတေးကပြောပါတယ်။

လက်ရှိမှာလည်း သူ့ရဲ့တတိယအခွေကို ထွက်ရှိနိုင်ဖို့အတွက် ပြင်ဆင်နေပြီး အချစ်သီချင်းများစွာ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော့် တတိယအခွေ ထွက်ဖို့အတွက် ကြိုးစားနေတယ်။ ရေးလည်း ရေးနေတယ်။ ထွက်လည်း ထွက်မှာပါ။ ဒီတတိယ အခွေမှာလည်း အချစ်သီချင်းပဲ။ ဘယ်လို ချစ်ရမလဲ။ အဝေးကြီး ချစ်ရမှာလား။ နီးနီးလေးချစ်ရမလား။ ထားခဲ့ရမလား။ ကျန်ခဲ့ရမလား။ နေခဲ့ရမလား။ ဘယ်တော့မှ ပေါင်းမလဲတော့ မသိဘူး”လို့ ဆိုတေးက ပြောပါတယ်။

အဆိုပါ တတိယအခွေမှာလည်း ယခင်က အခွေများအတိုင်း အချစ်သီချင်းများပဲ ပါဝင်သွားမှာဖြစ်ပြီး မီနီအယ်ဘမ်နဲ့ သီချင်း ၁၀ ပုဒ်ကျော်ပါဝင်တဲ့ တခွေလုံးအပြည့် ဘယ်လိုပုံစံနဲ့ ထွက်မလဲဆိုတာ မသေချာသေးဘူးလို့ သိရပါတယ်။

တဖက်မှာလည်း သူ့ရဲ့အနုပညာများကို ဖန်တီးနေသလို သူ့ရဲ့ကျန်းမာရေးကိုလည်း အခုချိန်ထိ ဆရာဝန်ကြီးများနဲ့ ဆေးကုသမှုခံယူနေတုန်းဖြစ်တယ်လို့ သိရပါတယ်။

“ကျန်းမာရေးကတော့ ဆရာဝန်ကြီးတွေရဲ့ ဆေးကုသမှုနဲ့ ကျန်းမာရေးကောင်းနေပါပြီ။ ဆေးလေးတွေ သောက်နေရတယ် ဆိုပေမယ့် အားလုံးကောင်းနေပါပြီ။ အဲဒီအတွက် ဆရာဝန်ကြီးတွေရော ပရိသတ်တွေရော ကျေးဇူးတင်ပါတယ်” လို့ ဆိုတေးကပြောပါတယ်။

ဆိုတေးကတော့ ကားအက်ဆီးဒင့်ကြောင့် ကျန်းမာရေးဆိုးရွားခဲ့သော်လည်း ပြန်လည်နိုးထလာကာ သီချင်းများကို ဆက်လက်ဖန်တီးနေပြီး အခုချိန်ထိလည်း ပရိသတ်များ အားပေးမှုကိုခံနေရတဲ့ အဆိုတော်တယောက် ဖြစ်နေပါသေးတယ်။

The post လက်ရှိ အဆိုတော် ဆိုတေးက “အတု”လို့ ပြောကြတဲ့အပေါ် ဆိုတေး ဘာပြောလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...