Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သီချင်းတွေကို နားထောင်ပြီး ခံစားသွားရတာနဲ့တင် ကျေးဇူးတင်မိမှာပါ”လို့ ပြောတဲ့ ဆုပန်ထွာ

$
0
0

သရုပ်ဆောင်အလုပ်မှာ ပရိသတ်ချစ်ခင်မှု အပြည့်အဝ ရရှိခဲ့ပြီးသားဖြစ်တဲ့ ဆုပန်ထွာကတော့ သီချင်းဆိုတဲ့ အပိုင်းမှာလည်း တကိုယ်တော်အခွေ ထွက်ရှိခဲ့တာ ၂ခွေမြောက် ရှိပြီဖြစ်ပြီး မကြာခင်ရက်ပိုင်းမှာလည်း ဒုတိယမြောက် တကိုယ်တော်အခွေရဲ့ VCD က ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

“ဒီအခွေလေးမှာ အကောင်းဆုံးဖြစ်အောင် အနုပညာပိုင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားထားတယ်။ ဆုပန်ထွာရဲ့ “သေလောက်အောင်ချစ်တယ်” ဆိုတဲ့ VCD အခွေလေးဖြစ်ပေမယ့် ဒီထဲမှာ တန်ဖိုးတွေ အများကြီး ရှိပါတယ်။ လူတယောက်ချင်းစီရဲ့ တန်ဖိုးတွေလည်း အများကြီး ရှိပါတယ်။ ပရိသတ်တွေ နားထောင်ကြည့်ပါ။ အားပေးပါ။ ပန်ပန့် သီချင်းလေးတွေကို နားထောင်ပြီး ခံစားသွားရတဲ့ တချိန်တည်းမှာတင် ကျေးဇူးတင်မိမှာပါ”လို့ ဆုပန်ထွာက ပြောပါတယ်။

“သေလောက်အောင်ချစ်တယ်” အခွေရဲ့ Audio CD ကိုတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး ၃ နှစ်အကြာမှာ VCD အခွေထွက်နိုင်အောင် ကြိုးစားခဲ့ရတယ်လို့ ဆုပန်ထွာက ဆိုပါတယ်။

“၂၀၁၆ မှာ Audio CD လေးထွက်ထားတယ်။ နယ်ပွဲတွေဘာတွေ ဆိုကြရင်လည်း အနုပညာရှင် ညီအစ်ကိုမောင်နှမတွေ အချင်းချင်းကလည်း တောင်းဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ် နားဆင်ချင်တဲ့ သီချင်းလေး ရှိကတည်းက အားတက်သွားပြီ။ မြန်မြန်ထုတ်ပါ။ အခွေလေးကို မျှော်နေပြီ။ ဒီလိုပြောတာနဲ့တင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ သီချင်းလေးတွေကို ပေးချင်တဲ့ စိတ်နဲ့ လုပ်ဖြစ်သွားတာ။ ၁၃ ပုဒ်က Audio CD ထွက်ကတည်းက ၁၃ ပုဒ်ဆိုတာ။ VCD ထွက်ရင်လည်း ဘယ်အပုဒ်မှ ဖြုတ်လို့ မရဘူး”လို့ ဆုပန်ထွာကပြောပါတယ်။

အဆိုတော် ဆုပန်ထွာ (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

ဒီအခွေထဲမှ တချို့သောသီချင်းများကို အမေရိကားမှာ သွားရောက် ရိုက်ကူးထားပြီး အမျိုးသားဖြစ်သူနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ သီချင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

“နိုင်ငံခြားမှာ ရိုက်ထားတာ ၂ ပုဒ်၊ ပန်ပန် ဒါရိုက်တာလုပ်ပြီး ရိုက်ထားတာ။ ကိုဖိုးကာနဲ့ နှစ်ယောက်တွဲ ဆိုထားတာ။ ၂၀၁၅ အမေရိကားမှာ မင်္ဂလာဆောင်ဖို့သွားတုန်းက နောက်နေ့မှာ ရိုက်တာ။ အဲဒီမှာ နေနေရင်းနဲ့ လျှောက်ရိုက်ထားတာ။ အတွဲသီချင်းဖြစ်တဲ့အတွက် ကိုယ်တယောက်တည်း အဆိုကဒ်တွေ ရိုက်နေရင် အဆင်မပြေတော့ ကိုဥက္ကာကို ခေါ်ပြီးတော့ ရိုက်လိုက်တယ်။ သူကတော့ မရိုက်ချင်ဘူး။ အတင်းရိုက်ခိုင်းလိုက်တာပဲ”လို့ ဆုပန်ထွာကပြောပါတယ်။

ဆုပန်ထွာရဲ့ “သေလောက်အောင်ချစ်တယ်”အခွေထဲမှာ သီချင်း ၁၃ ပုဒ် ပါရှိပြီး မေလ ၁၈ ရက်နေ့မှာတော့ ပရိုမိုးရှင်း အစီအစဉ်များနဲ့အတူ တခွေကို ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

You May Also Like These Stories: 

လက်ရှိ အဆိုတော် ဆိုတေးက “အတု”လို့ ပြောကြတဲ့အပေါ် ဆိုတေး ဘာပြောလဲ 

စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုနေတဲ့ မေလသံစဉ် 

ပြန်ဆိုတေးတွေ ပါဝင်တဲ့ ဘီလီလမင်းအေးရဲ့ “Special One” ဒုတိယ တေးစီးရီး ထွက်ရှိ

Ed Sheeran နဲ့ Justin Bieber တို့ရဲ့ “I Don’t Care” အမည်ရှိ သီချင်းအသစ် ထွက်ရှိလာ 

The post “သီချင်းတွေကို နားထောင်ပြီး ခံစားသွားရတာနဲ့တင် ကျေးဇူးတင်မိမှာပါ”လို့ ပြောတဲ့ ဆုပန်ထွာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...