“Bohemian Rhapsody” ရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တကား ဖြစ်ပါတယ်။ Queen အဖွဲ့ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီတီးဝိုင်းရဲ့ ဂစ်တာတီးခတ်သူ Brian May ရဲ့အဆိုအရတော့ အခုလိုမျိုး ရုပ်ရှင်က တော်တော်လေးကို အောင်မြင်ခဲ့ပေမယ့် Queen အဖွဲ့ဝင်တွေဟာ ရုပ်ရှင်ဆီကနေ ငွေလက်ခံရရှိတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ BBC Radio ရဲ့ “The Zoe Ball Breakfast Show” အစီအစဉ်မှာ အသက် ၇၁ နှစ်အရွယ် Rocker ဖြစ်သူ May က အခုလို ရှင်းပြခဲ့ပါတယ်။
“တကယ်တော့ ဒီရုပ်ရှင်ကြောင့် ကျနော်တို့တွေ ချမ်းသာသွားပြီဆိုပြီး သတင်းစာတစောင်က ပြောလာတော့ ကျနော် ရယ်ချင်တယ်။ သူတို့သိတာက ကျနော်တို့ဆီမှာ ငွေစာရင်းကိုင်တဲ့သူ တယောက် ရှိတယ် ဆိုတာပါပဲ။ သူတို့မသိတာက ရုပ်ရှင်ကြောင့် ကျနော်တို့ ပိုက်ဆံ တပြားတချပ်မှ မရခဲ့ပါဘူး။ ရယ်ရတယ် မဟုတ်လား။ အရင်တုန်းက ဒီလိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်လောက် ငွေရှာနိုင်တာမျိုး ရှိခဲ့လို့လား”လို့ Brain May က ပြောပါတယ်။
ပြီးတော့ အခုလိုမျိုး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်ကြောင့် သူတို့ကို အသိအမှတ်ပြုတဲ့ ငွေမရတာကို မနှစ်မြို့ဘူး လို့ ပြောချင်တာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ “ဟုတ်ပါတယ်။ လူတွေ အများကြီး ရှိပါတယ်။ လူတွေက ထိပ်ပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သဘောမပေါက်ကြဘူး”လို့ သူက ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂီတပညာရှင် May ရဲ့ အခုလိုမျိုး “Bohemian Rhapsody” ရုပ်ရှင် ပထမနေရာ ရှိလာဖို့ အချိန်တော်တော် ယူခဲ့ရပေမယ့် ထပ်ပြီးတော့ စောင့်ရတာဟာ အပေးအယူကြီးတခုတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
သူက “၁၂ နှစ်တာလောက် ဖန်တီးခဲ့ရပါတယ်။ အဆင်ပြေလိမ့်မယ်လို့ ကျနော်တို့ ထင်ခဲ့ပါတယ်။ တော်တော်လေး အဆင်ပြေလိမ့်မယ်လို့်တော့ သဘောမပေါက်ခဲ့ပါဘူး။ တော်တော်လေးကို ထူးခြားပါတယ်” လို့ ကာလကြာရှည် ဖန်တီးခဲ့ရတဲ့ ရုပ်ရှင်နဲ့ အောင်မြင်မှုအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
Ref: etcanada
You may also like these stories:
အဆိုတော် Prince ရဲ့ သီချင်းတွေနဲ့ “Mamma Mia” စတိုင် တေးသံစုံရုပ်ရှင် ဖန်တီးမည်
“အမေများနေ့” မှာ အမှတ်တရစကားပြောပြကြတဲ့ ပိုင်ဖြိုးသုတို့သားအမိ
ထင်မထားတဲ့ အနုပညာရှင်တွေ ဆုရခဲ့တဲ့ (၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ
“မင်းသမီးဖြစ်တော့မှ အဆင်ပြေသလို နေတတ်၊ စားတတ်လာတယ်”လို့ ခိုင်သင်းကြည် ပြော
The post “Bohemian Rhapsody” ရုပ်ရှင်ကနေ ငွေတပြားမှ ရရှိခဲ့ခြင်း မရှိဘူးလို့ Queen တီးဝိုင်းအဖွဲ့ဝင် ပြော appeared first on ဧရာဝတီ.