အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေမှာ သိပ်မတွေ့ရတော့တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရတယ်လို့ ဆိုပါတယ်။
“အနုပညာအလုပ်တွေ မလုပ်တော့ ကလေးနဲ့ ကျောင်းပို့တယ်။ ကျောင်း ကြိုတယ်။ အိမ်မှာ ကလေးထိန်းပေါ့။ ဆိုင်ကိုတော့ သဉ္ဇာ့ အမျိုးသားက လုပ်တယ်။ AKA ဆိုတဲ့ ဆိုင်ကို အလုံ Hot Pot City အပေါ်ထပ်မှာ ထပ်ဖွင့်မယ်။ စီးပွားရေးက လုပ်မလို့ ကြံရသေးတယ်။ ကလေးကို စိတ်မချတာနဲ့ မလုပ်ဖြစ်ဘူး။ အခုလည်း နောက်ထပ် ကိုယ်ဝန်နဲ့ဆိုတော့ ပိုပြီး မလုပ်ဖြစ်ဘူး”
“ပထမ တယောက်တုန်းကလည်း ကိုယ်ဝန်ရှိချိန်မှာ ငိုတာပဲ။ ဒုတိယ တယောက်ကျတော့လည်း ငိုတာပဲ။ ပီတိ ဖြစ်တယ်ပေါ့နော်။ အရမ်းလည်း ပျော်တယ်။ အခုကတော့ ၃ လ ရှိသွားပြီ၊ သဉ္ဇာက သမီး လိုချင်တယ်။ အမျိုးသားကတော့ အဲ့လို မရှိဘူး။ သဉ္ဇာက သားသား တနှစ်လောက်ကတည်းက နောက်ထပ် ကလေးတယောက် မွေးချင်တာ”လို့ သဉ္ဇာနွယ်ဝင်းက ဆိုပါတယ်။
ဆက်လက်ပြီး “ကျောင်းပို့တယ်ဆိုလည်း အတူတူ ပို့ချင်တယ်။ အတူတူ ဆော့ဖော်ဆော့ဖက် ဖြစ်စေချင်တယ်။ အရမ်း မခြားချင်ဘူး။ ပထမ ကလေးတုန်းက သိပ်မသိခဲ့တာတွေ ရှိတယ်။ တခုခုဖြစ်တာနဲ့ စိတ်ပူခဲ့ရတယ်။ အခု ဒုတိယတယောက်တော့ အဲ့လို မရှိတော့ဘူးပေါ့။ အခု သားသား အကျင့်လေးတွေကို ကြည့်ရသလောက်တော့ သူ့အဖေနဲ့ တူတယ်။ အမေနဲ့ တူတာကတော့ စိတ်ကောက်တတ်တာလေးပေါ့”လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
မိသားစု Plan ကတော့ သားသမီး ၃ ယောက် ယူဖို့ စဉ်းစားထားကြောင်း၊ တယောက်နဲ့ တယောက် အရမ်းမခြားချင်ကြောင်း သဉ္ဇာနွယ်ဝင်းက ဆက်လက် ပြောပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့် ကတော့ ဒုတိယ ကလေးရတော့ ပျော်သလို အတွေ့အကြုံလည်း ရှိပြီးသွားပြီလို့ ဆိုပါတယ်။
“ဒုတိယ ကလေးရတယ်ဆိုတာ သိတော့ ပျော်တာပေါ့။ ရမယ်လို့ မထင်မှတ်ထားချိန်မှာ ရတယ်။ အခု သားက အရမ်းဆော့တာဆိုတော့ သူ့အတွက် အဖော်ရတာပေါ့။ ကျနော်ကတော့ သား လိုချင်တယ်။ ပထမ တယောက်တုန်းက အတွေ့အကြုံ မရှိဘူးပေါ့။ ဒုတိယ တယောက်ကျတော့ အတွေ့အကြုံရှိတော့ သိပ်မကြောက်တော့ဘူး ”လို့ သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်း ကိုလှမျိုးမြင့်က ပြောပါတယ်။
သဉ္ဇာနွယ်ဝင်းက ယခုချိန်မှာတော့ သားလေးကို အချိန်ပေးဖြစ်နေပြီး သားနဲ့ ကြော်ငြာတွေကိုသာ လက်ခံရိုက်ကူးနေကာ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်တဲ့ “Hot Pot City” စားသောက်ဆိုင် လုပ်ငန်းနဲ့ အခြား စီးပွားရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
“မင်းသမီးဖြစ်တော့မှ အဆင်ပြေသလို နေတတ်၊ စားတတ်လာတယ်”လို့ ခိုင်သင်းကြည် ပြော
“အခုချိန်မှာ ဆင်ဆာမိမှာကို အကြောက်ဆုံးပဲ”လို့ ပြောလာတဲ့ ခရစ္စတီးနားခီ
“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ
တကိုယ်တော်သီချင်းခွေက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ အဆိုတော် Jewel ပြော
The post “ဒုတိယ ရင်သွေးကို မိန်းကလေး လိုချင်တယ်”လို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်း appeared first on ဧရာဝတီ.