Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို

$
0
0

HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ စိတ်ကူးယဉ် ထူးခြားဆန်းကြယ် ဒရာမာစီးရီး “Games of Thrones” ရဲ့ နောက်ဆုံး အပြီးသတ်ကို မပြသမီမှာပဲ စိန်ခေါ်မှုအသစ်တခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

မကျေမနပ်ဖြစ်နေတဲ့ ထောင်နဲ့ချီသော ပရိသတ်တွေဟာ “Game of Thrones Season 8”ကို “သင့်လျော်တဲ့ စာရေးဆရာများနဲ့ ပြန်လည်ရိုက်ကူးရေး” ခေါင်းစဉ်နဲ့ Change.org ဝက်ဘ်ဆိုက်မှာ လက်မှတ်ရေးထိုး တောင်းဆိုထားကြပါတယ်။

HBO ဆီကို လိပ်မူတဲ့ သနားခံတောင်းဆိုမှုကို စတင်ခဲ့သူ Dylan D က “David Benioff နဲ့ D.B. Weiss တို့ဟာ ကိုးကားစရာ စာအုပ်တွေလိုမျိုး အရင်းအမြစ် ပစ္စည်းတွေ မရှိခဲ့ဘဲ သူတို့ကိုယ်တိုင်ဟာ သင့်လျော်ခြင်း မရှိတဲ့ စာရေးဆရာတွေဆိုတာကို သက်သေပြခဲ့ပါပြီ။ ဒီစီးရီးဟာ အဓိပ္ပာယ်ရှိတဲ့ နောက်ဆုံး Season ဖြစ်သင့်ပါတယ်။ ကျနော့် ခန့်မှန်းချက်တွေကို ဖြိုဖျက်ပြီး တကယ်ဖြစ်လာအောင် လုပ်ပေးပါ။ HBO” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အစီရင်ခံ တုံ့ပြန်ချက်ကို စတင်ခဲ့ချိန်ကစလို့ ပရိသတ် ၂ သိန်း ၂ သောင်းကျော် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြီး ဖြစ်ပါတယ်။အခု နောက်ဆုံး Season ဟာ ဝေဖန်မှုတော်တော်များများနဲ့ ရင်ဆိုင်နေရတာပါ။

အပိုင်း (၃) ဖြစ်တဲ့ “The Long Night” မှာ Sansa Stark ရဲ့ ဒိုင်ယာလော့ခ်နဲ့ အပိုင်း ၅ အကြိုအဖြစ်ပြသထားတဲ့အပိုင်းမှာ Jaime Lannister ရဲ့ လက်ပြန်ပေါ်လာတာကို ဖော်ပြချက်တွေဟာ အရမ်းလေးနက်လွန်းနေတယ်ဆိုပြီး စောဒက တက်တာတွေ ရှိခဲ့ပါတယ်။ ပရိသတ်တော်တော်များများကလည်း “The Bell” လို့ အမည်ရတဲ့ အပိုင်းမှာလည်း Daenerys Targaryen ဇာတ်ကောင်ရဲ့ ပြောင်းလဲပုံတွေကို စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

ဒါ့အပြင် သူရဲ့ ဇာတ်ကောင်က တော်တော်လေး ကြမ်းတမ်းလာတာဟာ ပထမဆုံးအပိုင်း အနည်းငယ်မှာတင် ဘယ်လိုဘယ်ပုံ ဖော်ပြထားတာကြောင့်လည်း ပရိသတ်တွေက အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ ပြီးတော့ စီးရီးထဲမှာပါဝင်တဲ့ သရုပ်ဆောင်တော်တော်များများဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဇာတ်ကောင်တွေမှာ မပျော်မရွှင်ဖြစ်နေရတာလည်း မကျေနပ်ရတဲ့ အကြောင်းထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

Ref: hindustantimes

You may also like these stories:

“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ

‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်

“Game of Thrones” သရုပ်ဆောင် Kit Harington နဲ့ Rose Leslie တို့ရဲ့ လက်ထပ်ပွဲ ကျင်းပပြီးစီး

The post “Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...