အရင်နှစ်တွေထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ Harry Potter ရုပ်ရှင်တွေရော အခု လတ်တလော ရေပန်းစားနေတဲ့ “Game of Thrones” တီဗီစီးရီးဟာဆိုရင် ရုပ်ရှင်ချစ် ပရိသတ်တွေ စွဲလန်းနှစ်သက်ခဲ့ရတဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ Harry Potter မှာရော Game of Thrones မှာပါ ပါဝင် သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Jim Broadbent
Jim Broadbent ဟာဆိုရင် ရဲတိုက်ရဲ့ ရာထူးအကြီးဆုံးသခင်တယောက် Ebrose အဖြစ် သရုပ်ဆောင်ခဲ့ပြီး Harry Potter ရုပ်ရှင်ထဲမှာတော့ Hogwarts မှော်ကျောင်းရဲ့ ပရော်ဖက်ဆာ Horace Slughorn အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(၂) Michelle Fairley
Michelle Fairley ကတော့ Stark အိမ်တော်ရဲ့ သခင်မ Catelyn Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့အပြင် Harry Potter ရုပ်ရှင်ထဲမှာတော့ Hermione Granger ရဲ့ မိခင် ၊ Mrs.Granger အဖြစ် သရုပ်ဆောင်ခဲ့သူတဦးပါ။
(၃) Freddie Stroma
Freddie Stroma ကတော့ “Game of Thrones” Season 6 ထဲမှာ ပါဝင်တဲ့ ဘုရင် Randyll Tarly ရဲ့ ဒုတိယမြောက်သား Dickon Tarly အဖြစ် သရုပ်ဆောင်ခဲ့ပြီး Harry Potter ရုပ်ရှင်ထဲမှာတော့ သူဟာ Cormac Mclaggen ဆိုတဲ့ Gryffindor ကျောင်းသားတယောက် အဖြစ်လည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။
(၄) David Bradley
Walder Frey ဟာတော့ “Game of Thrones” ရဲ့ နာမည်ကျော် ဇာတ်ဝင်ခန်းတခုဖြစ်တဲ့ Red Wedding မှာ ထင်ရှားခဲ့တဲ့ Frey အိမ်တော်ရဲ့ သခင်တပါးဖြစ်ပြီး Harry Potter ရုပ်ရှင်မှာတော့ Hogwarts ကျောင်းရဲ့ အစောင့်တဦးအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
(၅) Ciaran Hinds
နံရံအပြင်ဘက်မှာတော့ သူဟာ ဘုရင်တပါးထက် ပိုတဲ့ ခေါင်းဆောင်မှုနဲ့ Mance Rayder အဖြစ် သရုပ်ဆောင်ခဲ့ပြီး Harry Potter ရုပ်ရှင်ထဲမှာတော့ ပရော်ဖက်ဆာ Albus Dumbledore ရဲ့ ညီ Aberforth Dumbledore အဖြစ် သရုပ်ဆောင်ခဲ့သူတဦးပါ။
(၆) Natalia Tena
Natalia Tena ကတော့ Stark အိမ်တော်ကို ရောက်ရှိလာခဲ့တဲ့ လူရိုင်းအနွယ်ဝင် Osha အဖြစ် သရုပ်ဆောင်ခဲ့ပြီး Harry Potter ရုပ်ရှင်ထဲမှာတော့ Phoenix အဖွဲ့တဦးဖြစ်တဲ့ Nymphadora Tonks အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
Ref. www.brightside.me
You may also like these stories:
ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ Fantastic Beasts:The Crime Of Grindelwald
“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ
“Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို
‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်
The post Harry Potter ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့ကြဖူးတဲ့ “Game of Thrones” သရုပ်ဆောင်များ appeared first on ဧရာဝတီ.