Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပရိသတ်တွေက ယွန်းကို ကလေးလို့ပဲ မြင်နေကြတုန်းပဲ”လို့ ယွန်းယွန်း ပြော

$
0
0

ကလေးသရုပ်ဆောင် စလုပ်ကတည်းက အခုချိန်ထိ ပရိသတ်အားပေးမှု ရရှိထားတဲ့ ယွန်းယွန်းဟာ အနုပညာနဲ့ ပတ်သက်လာရင် ကိုယ်တိုင်ကလည်း လူကြီး ကာရိုက်တာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခွင့်မရသေးသလို ပရိသတ်တွေကလည်း ကလေးတယောက်လိုသာ မြင်နေကြတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ကလေးလိုပဲ မြင်နေကြတုန်းပေါ့နော်။ ပြီးတော့ ညီမ မျက်နှာက သိပ်အပြောင်းအလဲ မရှိဘူး။ အခုချိန်ထိလည်း လူကြီး ကာရိုက်တာနဲ့ ပီပီပြင်ပြင် တကားမှ မရိုက်ပြရသေးဘူးဆိုတော့ ယွန်းကို ကလေး သရုပ်ဆောင် လို့ပဲ မြင်ကြမှာပေါ့နော်။ ယွန်းကို ကလေးလိုပဲမြင်မြင်၊ ဆယ်ကျော်သက် တယောက်လိုပဲမြင်မြင် အဓိက ကတော့ ယွန်းအပေါ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးနေတယ် ဆိုတာနဲ့တင် ကျေးဇူးတင်ပါတယ်”

“ယွန်းက ကိုယ့်ဘာသာကိုယ်တော့ ကလေးပဲ ထင်နေတာလေ။ ကလေးလိုပဲ နေလာတာကလည်း တော်တော်ကြာပြီဆိုတော့ အခုကျတော့ ကိုယ့်ရဲ့ ဂျူနီယာလေးတွေ နဲ့ တွေ့ရင် မမယွန်း၊ မမယွန်းဆိုတော့ Feeling ကြီးကတော့ တမျိုးပဲပေါ့နော်။ မမယွန်းလို့ ခေါ်တာတော့ အသား မကျသေးဘူး။ ယွန်းကတော့ ကိုယ် ကလေးလုပ်ရတဲ့ ပတ်ဝန်းကျင်မှာနေတာ ကြိုက်ပါတယ်”လို့ ယွန်းယွန်းက ပြောပါတယ်။

“အခုချိန်ထိ ကလေးလိုမျိုး လူကြီးတွေ ဆုံးမတယ်၊ ချစ်ပြီးတော့ နေနေရတဲ့ ဘဝမှာ ပျော်နေသေးတယ်။ ကိုယ်ကိုယ်တိုင်က ကျောင်းမပြီးသေးလို့လည်း ပါမယ် ထင်တယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်တဲ့အခါ ကျရင်တော့ ပိုပြီး လူကြီးဖြစ်လာမှာပါ”လို့ ယွန်းယွန်းက ဆိုပါတယ်။

ကိုယ်တိုင်ကလည်း ကလေးသရုပ်ဆောင် တယောက်ဖြစ်ခဲ့တဲ့ ယွန်းယွန်းက အခု မျိုးဆက်သစ် ကလေးတွေကိုလည်း အရမ်းတော်တယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း ကလေးသရုပ်ဆောင်တွေက သင်ပေးစရာတောင် မလိုဘဲ အရမ် းပါရမီပါတယ်လို့ ခံစားရတယ်။ တို့ကို ကြည့်ရတာ သဘော အရမ်းကျတယ်။ တချို့ ကလေးသရုပ်ဆောင်တွေက တချို့လူကြီး သရုပ်ဆောင်တွေထက်တောင် သဘာဝ ကျသေးတယ်။ အရမ်း အားရတယ်။ မြန်မာ ကလေးသရုပ်ဆောင်တွေ တော်လိုက်တာ။ သူတို့ကို အင်တာနေရှင်နယ်အထိ ရောက်စေချင်လိုက်တာ။ ယွန်းတို့တုန်းက မဖြစ်ခဲ့ပေမယ့် နောက် Generation ကို အင်တာနေရှင်နယ်အထိ ရောက်စေချင်တယ်။ ဖြစ်စေချင်တယ်”လို့ ယွန်းယွန်းက ပြောပါတယ်။

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ကလေးသရုပ်ဆောင် တယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇ ာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ အသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

You may also like these stories:

“ကလေးကို ဝေဖန်တာနဲ့ လူကြီးကို ဝေဖန်တာမတူဘူး” လို့ဆိုတဲ့ ယွန်းယွန်း

ထပ်နေတဲ့ ဇာတ်လမ်းမျိုးတွေ မရိုက်ချင်တဲ့ သရုပ်ဆောင် ယွန်းယွန်း

ဆယ်ကျော်သက် ဇာတ်ရုပ်တွေပဲ ရိုက်ဖြစ်နေဦးမယ့် သရုပ်ဆောင် ယွန်းယွန်း

“ဆိုးတဲ့ ကလေးလို သရုပ်ဆောင်ထားတော့ ပရိသတ်မုန်းမှာ ကြောက်တယ်”လို့ အားကိုးရာ ပြော

The post “ပရိသတ်တွေက ယွန်းကို ကလေးလို့ပဲ မြင်နေကြတုန်းပဲ”လို့ ယွန်းယွန်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...