Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော

$
0
0

ဟောလိဝုဒ်စတား မင်းသားကြီး အာနိုးရှဝါဇနဂ္ဂါဟာ တောင်အာဖရိကနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပွဲတခုမှာ တိုက်ခိုက်ခံရပြီးတဲ့နောက် တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် မင်းသားကြီးဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Arnold Classic Africa အားကစား အခမ်းအနားတခုမှာ ပရိသတ်တွေနဲ့ စကားပြောနေတုန်း အနောက်ကနေ အမျိုးသားတယောက်က ခုန်ပြီးကန်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုးဟန်းနက်စဘတ်မြို့မှာ ဖြစ်ခဲ့တဲ့ အဲ့ဒီဖြစ်ရပ်ပြီးတဲ့နောက် အဲ့ဒီတိုက်ခိုက်သူကို ထိန်းသိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မေလ ၁၉ ရက်နေ့မှာတော့ မင်းသားကြီးအာနိုးက အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ အရေးယူဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်းနဲ့ သူအဆင်ပြေကြောင်း ပြောဆိုခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှခဲ့ကြတဲ့ အဲ့ဒီဗီဒီယိုဖိုင်မှာဆိုရင်တော့ မင်းသားကြီး အာနိုးဟာ ပွဲမှာ ပရိသတ်တွေနဲ့အတူ ဓာတ်ပုံနဲ့ ဗီဒီယို အရိုက်ခံနေတဲ့အချိန် အနောက်ကနေ အမျိုးသားတယောက်က ခုန်ပျံပြီး အကန်ခံလိုက်ရတာကို မြင်တွေ့ရပါတယ်။ Terminator ရုပ်ရှင်မင်းသားကြီး အာနိုးဟာ အဲ့ဒီကန်ချက်ကြောင် အရှေ့ကို ယိုင်သွားခဲ့ပေမယ့် တိုက်ခိုက်သူကတော့ မြေပြင်ပေါ်လဲကျခဲ့ပြီး လုံခြုံရေးအစောင့်တဦးရဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံလိုက်ရပါတယ်။

အမည်မဖော်လိုတဲ့ အဲ့ဒီ အမျိုးသားကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်း ပေးလိုက်ပြီလို့ ပွဲစီစဉ်တဲ့ အရာရှိတွေက ပြောပါတယ်။

မင်းသားကြီးအာနိုးက “လူအုပ်ထဲမှာ တွန်းတိုက်မိခဲ့တယ်လို့ ကျနော် ထင်ခဲ့တာပါ။ နောက်တော့မှ ခင်ဗျား တို့ အားလုံးလိုပဲ ဗီဒီယိုကို မြင်လိုက်တော့မှ ကျနော် အကန်ခံလိုက်ရတယ်လို့ သိလိုက်ရတာပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေထံကနေ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ မေလ ၁၉ ရက်နေ့မှာပဲ သူဟာ တိုက်ခိုက်သူကို တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

သီးခြားသတင်းစကားတခုမှာ “ကျနော်တို့ Arnold Sports ပွဲပေါင်း ၉၀ ကို တောင်အာဖရိကမှာ ပြုလုပ်မှာဖြစ်ပြီး အသက်အရွယ်စုံနဲ့ ကျွမ်းကျင်မှုအစုံက အားကစားသမား ၂၄၀၀၀ က ပါဝင်ကြမှာပါ။ အားလုံးရဲ့အာရုံကို သူတို့တွေအပေါ်မှာပဲ ထားလိုက်ကြရအောင်” လို့ ပြောဆိုထားပါတယ်။

Arnold Classic Africa ပွဲကို နှစ်စဉ် မေလတိုင်းမှာ ကျင်းပနေပြီးတော့ ကာယဗလနဲ့ တိုက်ခိုက်ရေးအားကစားနည်းတွေ အပါအဝင် ပွဲအခမ်းအနား တော်တော်များများကို ထည့်သွင်း ကျင်းပတာ ဖြစ်ပါတယ်။

Ref:BBC

You may also like these stories:

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ “Rambo” ရုပ်ရှင်အသစ်ထဲက ဓာတ်ပုံတွေကို မြင်တွေ့ရဖွယ်ရှိ

အနုပညာသက်တမ်း နှစ် ၅၀ ပြည့်သွားပြီဖြစ်တဲ့ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်း

Avengers အထူးပွဲ အတူတက်ခဲ့ကြတဲ့ မင်းသမီး Scarlett Johansson တို့စုံတွဲ

တော်ဝင်မင်္ဂလာပွဲ တရားဝင် ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်တဲ့ မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ

The post တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...