Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလှအပအတွက် မျက်နှာ ခွဲစိတ်ကုသမှု လုပ်ရမှာ ကြောက်တဲ့ နန်းသူဇာ 

$
0
0

ချစ်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် နန်းသူဇာက အလှအပနဲ့ ပတ်သက်ပြီး ချစ်သူဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေက ဘာမှ ဝေဖန်ပေးတာမျိုး မရှိဘူးလို့ ပြောပါတယ်။

“အသားအရေကို အရင်က ဘာမှမလုပ်ဖူးဘူး။ အခု အသက်၂၅ ကျော်လာတော့ သိသာလာပြီလေ။ အဲ့ခါကျတော့ အရေပြားအထူးကု ဆေးခန်းတွေမှာ သွားပြီး မျက်နှာလုပ်ဖြစ်တယ်။ Body ကတော့ အိမ်မှာပဲ လုပ်ဖြစ်တယ်။ Collagen သောက်တာပဲ ဖြစ်ဖြစ်၊ ထိုးတာပဲ ဖြစ်ဖြစ် တခုတော့ လုပ်ချင်တယ်။ မျက်နှာ ခွဲစိတ်ဖို့တော့ မရှိပါဘူး။ ကြောက်တယ်”

“လုပ်တော့ လုပ်ချင်တယ်။ လှချင်တာပေါ့။ ရှေ့မှာ လုပ်တဲ့ သူတွေကိုကြည့်ပြီး လုပ်ကြည့်ချင်တယ်။ ဒါပေမယ့် မလုပ်ရဲဘူး။ လုပ်ဖြစ်ရင်တော့ နှာခေါင်း လုပ်ချင်တယ်။ နောက် အများကြီးပဲပေါ့နော်။ မိတ်ကပ်ဖျက်လိုက်ရင် အားလုံးပေါ်လာလိမ့်မယ်” လို့ နန်းသူဇာက ပြောပါတယ်။

မျက်နှာ ခွဲစိတ်ကုသမှု ခံယူပြီး လှချင်ပေမယ့် ဒီလိုပြုပြင်ရမှာကို ကြောက်တဲ့အတွက် မလုပ်ဖြစ်ဘူးလို့ နန်းသူဇာက ဆိုပါတယ်။

“ခွဲစိတ်ရတာ ကြောက်တာလည်း ပါတယ်။ ခွဲစိတ်ခန်း ဝင်တာ မသိပေမယ့် နောက်ပိုင်းမှာ ပြင်ရ ဆင်ရ၊ ထိန်းသိမ်းရတာတွေ ရှိတယ်။ ကိုယ်က မလုပ်နိုင်ဘူး။ အပြင် မထွက်ရတာတွေလည်း ရှိတယ်။ ပြီးတော့ ဗီဒီယိုတွေကြည့်ရင်းနဲ့ ကြောက်ဖို့လည်း ကောင်းတော့ မလုပ်ဖြစ်ဘူး”

“နန်းသူဇာရဲ့ ချစ်သူကတော့ သူ ကြိုက်လား၊ မကြိုက်လားလည်း မမေးဖူးဘူး။ သူကတော့ အလှအပတွေနဲ့ ပတ်သက်ပြီး ဘာမှ ဝင်ပြောတာမျိုး မရှိဘူး။ လှလားလို့ မေးရင် လှတယ်လို့ ဖြေတယ်။ မဖြေလို့လည်း မရဘူးလေ။ အော်မှာ’’လို့ နန်းသူဇာက ပြောပါတယ်။

နန်းသူဇာနဲ့ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေတို့ဟာ ချစ်သူသက်တမ်း ၇ နှစ် ရှိပြီဖြစ်ပေမယ့် နှစ်ယောက်သား လက်ထပ်ဖို့ အခြေအနေကတော့ ကြိုးစားနေကြတုန်းပါလို့ ဆိုပါတယ်။

“ဒီခေတ်ကြီးမှာ မင်္ဂလာဆောင် စရိတ်တို့၊ အများကြီးပေါ့နော်။ ငွေရေး၊ ကြေးရေး အခက်အခဲတွေက များလာတော့ အဲဒီအတွက် နှစ်ယောက်စလုံး အောင်မြင်အောင်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်လို့ အရင်ကြိုးစားရမှာပေါ့နော်။ ပြီးတော့မှ ကိုယ့်မိသားစုဆိုတာ ဖြစ်လာမှာ အဲဒီတော့မှ စဉ်းစားမှာပါ”

“အိမ်က လူကြီးတွေက တိုက်တွန်းပေမယ့် စီးပွားရေးတွေ ပိုလုပ်ချင်တာကြောင့် အိမ်ထောင် မပြုဖြစ်သေးတာပေါ့။ နန်းမြတ် သားလေးကိုလည်း သွားကြည့်တယ်။ တလ နှစ်လလောက်မှနေမှ ထပ်သွားကြည့်မယ်။ နန်းမြတ်က ရာထူးကြီးသွား တာပေါ့။ မေမေ နန်းမြတ် ဖြစ်သွားတာပေါ့။ သူငယ်ချင်းကိုကြည့်ပြီးတော့ အားကျတာတော့ မရှိပါဘူး’’လို့ နန်းသူဇာက ပြောပါတယ်။

နန်းသူဇာက အဆိုတော် တယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ “Friend” စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတခု ထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

You may also like these stories:

ချစ်သူသက်တမ်း ၇ နှစ်ကျော်ကြာ နားလည်မှုတွေနဲ့ ရှေ့ဆက်နေတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”

Miss Universe Myeik ရထားတဲ့ တူမကို အနုပညာအလုပ်တွေ လုပ်စေချင်တဲ့ ဆုပန်ထွာ

“သေဖို့အတွက် အလုပ်လုပ်နေတာ”လို့ အဆိုတော် ထူးအယ်လင်း ပြော

The post အလှအပအတွက် မျက်နှာ ခွဲစိတ်ကုသမှု လုပ်ရမှာ ကြောက်တဲ့ နန်းသူဇာ  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...