Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အနုပညာသမားတွေရဲ့ ဘဝက ငတ်တလှည့် ပြတ်တလှည့်ပါပဲ”လို့ ရင်ဖွင့်လာတဲ့ အရိုင်းမင်း

$
0
0

လူကြမ်းသရုပ်ဆောင် အရိုင်းမင်းကတော့ လက်ရှိ ဗီဒီယို ဈေးကွက် မကောင်းတော့တာကြောင့် လူကြမ်းတွေ အလုပ်အကိုင် ရှားပါးလာတဲ့အပေါ် အနုပညာသမားတွေရဲ့ ဘဝကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲလို့ ဧရာဝတီကို ပြောပါတယ်။

“အခုလက်ရှိမှာတော့ အနုပညာနဲ့ ပတ်သက်ပြီး လုပ်ကိုင်စရာ ဘာမှ မရှိသေးပါဘူး။ ရှေ့လလောက်ကတော့ ပြည်ဟိန်းသီဟနဲ့ ကားတကား သွားရိုက်တယ်။ အဲ့ကပြန်လာပြီးကတည်းက ကားရိုက် မရှိတော့ပါဘူး။ အခုကားရိုက်ကလည်း တော်တော် ကျဲပါတယ်”

“လူကြမ်းတွေ ဇာတ်ကားရိုက်ကူးမှု နည်းပါးသွားတာ ခေတ်အဆက်ဆက်က ခံစားလာခဲ့တဲ့ လူကြမ်းတွေရဲ့ ဘဝ၊ လူကြမ်းတွေဆိုရင် တော်ရုံတန်ရုံ မခေါ်ချင်ကြဘူး။ အကြမ်းခန်းက နည်းတယ်။ ဟာသနဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းတွေ များတယ်။ အခု မေတ္တာဘွဲ့ ဇာတ်လမ်းတွေ သိပ်မရှိပါဘူး။ ဟာသကားတွေ များတယ်”လို့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်းက ဧရာဝတီကို ပြောပါတယ်။

“လူကြမ်းတွေရဲ့ အနုပညာကြေးက နည်းနည်းလေးပါ။ သိပ်မရကြပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်မိသားစုအတွက် စားဝတ်နေရေး အဆင်ပြေအောင် ဒီအလုပ်ကိုပဲ လုပ်တတ်တဲ့ သူတွေ ဖြစ်နေတဲ့အတွက်တခြား အလုပ်ကို မလုပ်တတ်ဘူး။ ဒီအလုပ်ပဲ လုပ်တတ်တဲ့ အတွက် ဒီအလုပ်လုပ်တဲ့ ဒဏ်ကိုပဲ ခံရမယ်။ အနုပညာသမားရဲ့ ဘဝကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲ ရှိတယ်။ ဒါ အနုပညာသမား ဘဝပါပဲ”လို့ သရုပ်ဆောင် အရိုင်းမင်းက ပြောပါတယ်။

မိုးရာသီရောက်ရင် လုပ်ငန်းတွေလည်း ပါးလာတဲ့အတွက် သားသမီးကျောင်းစရိတ်တွေ စဉ်းစားနေရတယ်လို့ အရိုင်းမင်းက ဆိုပါတယ်။

“ကိုလူချော အဖွဲ့နဲ့ ရှေ့ဆက်ပြီး လုပ်ကိုင်ဖို့ကတော့ ဘာမှ မရှိသေးဘူ။ ကိုလူချောအဖွဲ့က ပရဟိတလုပ်ငန်းတွေ လုပ်တယ်။ ကိုယ့်အဖွဲ့ကို အကူအညီတောင်းရင် ကိုယ်ကျိုးမဖက်ပဲ လုပ်ပေးနေကြတယ်။ စဉ်းစားနေရတာက ကျောင်းဖွင့်ဖို့ နီးလာပြီ။ လူကြမ်းတွေရဲ့သားသမီးတွေ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲဖျက်၊ ပေတံကအစ လုပ်ဆောင်ပေးဖို့ ဆွေးနွေးတိုင်ပင် နေကြတယ်”

“မိုးရာသီရောက်ရင် လုပ်ငန်းတွေလည်း ပါးလာတဲ့အတွက် ဘယ်လိုရှေ့ဆက်ပြီး သွားမလဲဆိုတဲ့ ခေါင်းစဉ်လေးနဲ့တော့ ဆွေးနွေးကြတာပေါ့။ ဒါတွေကို ကြံ့ကြံ့ခံနိုင်ဖို့တော့ ကြိုးစားရမယ်။ ကျန်းမာရေးအခြေအနေက ဒီနှစ်ထဲမှာ ပိုဆိုးလာတာပေါ့။ ပထမ သွေးတိုးကနေ နှလုံးဖြစ်တယ်။ အခု ဆီးချို ဝင်ခါစ ဖြစ်နေတယ်”လို့ အရိုင်းမင်းက ပြောပါတယ်။

လူကြမ်း သရုပ်ဆောင် အရိုင်းမင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လာတာ အနုပညာသက်တမ်း ၃၇ နှစ်ကျော် ရှိပါပြီ။ မြန်မာ့ရိုးရာ လက်ဝှေ့သမားဘဝကနေ အနုပညာလောကကို ဝင်ရောက်လာတဲ့ အရိုင်းမင်းဟာ အနုပညာလုပ်ငန်းများကို အတတ်နိုင်ဆုံး မသေခင်ထိ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

You may also like these stories:

သရုပ်ဆောင် မင်းစိန် ကွယ်လွန်မှုအပေါ် မိသားစုဝင်များရဲ့ ဝမ်းနည်းစကား

ကိုလူချောအဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးကြား အထင်လွဲနေမှုအကြောင်း ရှင်းပြတဲ့ အောင်ခိုင်

တောင်းစားနေတဲ့ လူရွှင်တော်ကြီး တိုင်းကျော်နဲ့ ပတ်သက်ပြီး တာဝန်ယူလိုက်တဲ့ ဇာတ်မင်းသား ဝင်းနောင်

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

The post “အနုပညာသမားတွေရဲ့ ဘဝက ငတ်တလှည့် ပြတ်တလှည့်ပါပဲ”လို့ ရင်ဖွင့်လာတဲ့ အရိုင်းမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...