Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမှုကို ကျေအေးဖို့ ဆန္ဒ မရှိတဲ့အတွက် နေပြည်တော်ထိ တက်မယ့် စူးရှထက်

$
0
0

မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတဲ့ မော်ဒယ်ဖြစ်သူ စူးရှထက်ကတော့ မကြာသေးမီရက်ပိုင်းက အမှုကို ကျေအေးပေးဖို့ အစီအစဉ်ရှိသော်လည်း အစ္စဏီရဲ့အစ်ကိုဖြစ်သူ ကြောင့် အမှုကိုကျေအေးပေးဖို့ စိတ်ကူးမရှိတော့ဘဲ နေပြည်တော်အထိတက်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

“ကျမ အစကကျေအေးပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် အစ္စဏီရဲ့ ပြောရေးဆိုခွင့် ရှိတယ်ဆိုတဲ့ ကျော်စွာက ပရိသတ်တွေ ပြည်သူတွေကို တရားသူကြီးက သမီးရည်းစား ပြဿနာပါလို့ အမိန့်မချရသေးဘဲ နဲ့ သမီးရည်းစား ပြဿနာလို့ ဖြေတယ်။ ဒါတရားရုံးကို စော်ကားတာနဲ့ အတူတူပါပဲ။ တရားသူကြီးကို စော်ကားတာနဲ့ တူတူပါပဲ။ ကျမ တိုင်ထားတာ သမီးရည်းစား ပြဿနာနဲ့ တိုင်ထားတာမဟုတ်ပါဘူး။ မုဒိမ်းမှုနဲ့ တိုင်ထားတာပါ”

“သူပြောချင်တာတွေကို မီဒီယာမှာ အကုန်ဖြေတယ်။ တာမွေတရားရုံးကို သူပိုင်ပါတယ်။ သူပြောချင်တာတွေ ပြောလို့ရပါတယ်ဆိုပြီး သက်ရောက်မှုရှိပါတယ်”လို့ စူးရှထက်က ပြောပါတယ်။

စူးရှထက်ကတော့ သူတရားစွဲဆိုထားတဲ့အမှုမှာ မုဒိမ်းမှုဖြစ်ပြီး သမီးရည်းစားပြဿနာ မဟုတ်တဲ့အတွက် သမီးရည်းစား ပြဿနာလို့ပြောတဲ့အပေါ် ကျေနပ်မှု မရှိတာကြောင့် ရုံးပြောင်းထပ်မံလျှောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“နေပြည်တော်ထိ တက်ထားတယ်။ ရုံးပြောင်းကိစ္စကို။ ဘာဖြစ်လို့လဲဆိုရင် သူက တာမွေတရားရုံးကို သူလုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီး ပြောနေတယ်။ ဖြေနေတယ်။ ပြီးရင် ကျမရဲ့ရှေ့နေသည် လိုအပ်တာ ပဲပြောတယ်။ ကျမလည်း လျှောက်မဖြေဘူး။ လိုအပ်လို့ ဖြေတယ်”လို့ စူးရှထက်က ပြောပါတယ်။

အဆိုပါအမှုအတွက် ယခင်က အရှေ့ပိုင်းခရိုင်ရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တရားလွှတ်တော်ရုံးတို့မှာ ရုံးပြောင်းလျှောက်ထားခဲ့သော်လည်း လွန်ခဲ့တဲ့ လပိုင်းအတွင်းက မူလ တရားရုံးဖြစ်တဲ့ တာမွေမြို့နယ်၊ တရားရုံးကို ပြန်လည်စစ်ဆေးဖို့အတွက် အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မူလမြို့နယ် တရားရုံးသို့ရောက်ရှိခဲ့ပြီး မေလ ၂၀ ရက်နေ့မှာတော့ တရားလိုဖြစ်သူ စူးရှထက်က လာရောက်စစ်ဆေးခံခဲ့ပြီး သူမ ထွက်ဆိုရမယ့် ထွက်ဆိုချက်များကို စစ်ဆေးခံခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

“နောက်လူတွေကို ထပ်စစ်မယ်။ ကျမကိုတော့ စစ်ဆေးပြီးသွားပြီ။ တရားရုံးက မခေါ်လို့မလာတာပါ။ ကျမရဲ့လိပ်စာကိုလည်း သူတို့မသိဘူး။ ကျမကလည်း အလုပ်တဖက်နဲ့ဆိုတော့ လာမေးလို့ မရဘူး။ ဒီနေ့ ဖုန်းဆက်တယ်။ ဘယ်နေ့၊ ဘယ်ရက် ရုံးချိန်းတက်ရမယ်ဆိုလို့ တက်လာပါတယ်” လို့ စူးရှထက်က ပြောပါတယ်။

စူးရှထက်ကိုတော့ ယခင်ရုံးချိန်းများစွာက ရုံးချိန်းပျက်ကွက်တယ်ဆိုတဲ့ သတင်းစကားများနဲ့ပတ်သက်ပြီး ရုံးချိန်းပျက်ကွက်တာ မဟုတ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ကျမ ရုံးချိန်းပျက်တာ မဟုတ်ပါဘူး။ ဒီနေ့ ရုံးချိန်းတက်ရမယ်ဆိုလို့ လာတက်တာပါ။ ကျမကို ရုံးပျက်တယ် ဆိုပြီး သတင်းမီဒီယာတွေက တင်ပါတယ်။ အဲဒါကို သတိထားပေးပါ။ ဒီအမှုမှာ အဖြေမှန် မပေါ်သေးဘဲ ဘာကြောင့် သမီးရည်းစား ပြဿနာလို့ ပြောရတာလဲ။ ပြီးတော့ ကျမကို ရုံးမတက်ဘူးလားဆိုပြီး သတင်းဌာနတွေက တင်တယ်။ ကျမ ရုံးပျက်တာ မဟုတ်ပါဘူး။ ကျမ အလုပ်လုပ်မှ ထမင်းစားရတယ်။ အဲဒါကြောင့် အလုပ်လုပ်တယ်။ ရုံးတက်ရမယ်ဆို ရုံးလာတက်တယ်” လို့ စူးရှထက်ကပြောပါတယ်။

အဆိုပါအမှုကိုတော့ စူးရှထက်ဘက်မှ ကျေအေးဖို့အတွက် ဆန္ဒ မရှိတော့တာကြောင့် ရုံးပြောင်းအတွက်လည်း နေပြည်တော်ထိ ဆက်လက်တက်လှမ်းသွားမယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီကိုတော့ မော်ဒယ် စူးရှထက်က တာမွေမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး အခုချိန်မှာတော့ အမှုရင်ဆိုင်နေရတာဟာ တနှစ်ကျော်အချိန် ကာလရှိနေပြီပဲ ဖြစ်ပါတယ်။

The post အမှုကို ကျေအေးဖို့ ဆန္ဒ မရှိတဲ့အတွက် နေပြည်တော်ထိ တက်မယ့် စူးရှထက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...