“Game of Thrones” ရုပ်သံစီးရီးမင်းသမီး Emilia Clarke ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အဆုံးသတ်သွားခဲ့တဲ့ စီးရီးဇာတ်သိမ်းပိုင်းမှာ ဇာတ်ကောင် Daenerys Targaryen အနေနဲ့ မိန့်ခွန်းပြောနိုင်ဖို့ ပြင်ဆင်ရာမှာ အဒေါ့ဖ် ဟစ်တလာနဲ့ အခြား သမိုင်းဝင် အာဏာရှင်တွေရဲ့ မိန့်ခွန်းပြောဆိုမှုတွေကို ကြည့်ရှုခဲ့ရတယ်လို့ သိရပါတယ်။
နဂါးမိခင်လို့ သိကြတဲ့ မင်းသမီး Clarke ရဲ့ ဇာတ်ကောင်ဟာ Season ၈ ခုလုံးမှာ လေ့လာခဲ့ရတဲ့ Valyrian နဲ့ Dothraki စိတ်ကူးယဉ် ဘာသာစကားနှစ်ခုနဲ့ စစ်ချီမိန့်ခွန်းကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
မင်းသမီးက “ဘာသာစကားအတုနဲ့ အဲ့ဒီမိန့်ခွန်းကိုပြောဖို့ ဘာသာစကားကို နားမည်ရင်တောင် သူတို့ ပြောတာတွေကို နားလည်နိုင်မယ့် အာဏာရှင်နဲ့ စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်တွေ မိန့်ခွန်းပြောထားတဲ့ ဗီဒီယိုတော်တော်များများကို ကျမ ကြည့်ခဲ့ရပါတယ်” လို့ Variety မီဒီယာကို ပြောပါတယ်။
မင်းသမီးက “ဟစ်တလာ ဘာပြောတယ်ဆိုတာ ရှင်တို့ လုံး ဝနားလည်နိုင်မှာပါ။ စီးရီးထဲမှာ ကျမ ပြောတဲ့ စကားလုံး တခုစီတိုင်း ကို သေချာ လိုက်နားထောင်မယ်ဆိုရင် ပရိသတ်ကြီးက စာတန်းထိုးကို အများကြီးကြည့်ဖို့တောင် လိုမယ် မထင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
“Game of Thrones” စီးရီးမှာ ပါဝင်ခဲ့တဲ့ အချိန် ၁၀ နှစ်ကျော် နီးပါးကာလမှ မိန့်ခွန်းတွေ တလှေကြီး ပြောခဲ့ရပေမယ့် အခုနောက်ဆုံးပိုင်းအတွက် ပြင်ဆင်ရတာဟာ သူ့အတွက်တော့ သေလုမတတ်ပဲလို့ မင်းသမီးက ဆိုပါတယ်။
GOT ဇာတ်သိမ်းပိုင်းအတွက် ဟစ်တလာ မိန့်ခွန်းတွေကို ကြည့်ပြီး ပြင်ဆင်ခဲ့ရတဲ့ Emilia Clarkeမင်းသမီး Clarke က “Daenerys ကို ဇာတ်ကောင်တခုအနေနဲ့ အခိုင်မာဆုံး၊ အရေးပါဆုံး အခိုက်အတန့်တခု ဖြစ်ခဲ့မယ်ဆိုတာ ကျမသိခဲ့ပါတယ်” လို့ Mad Queen အဖြစ် ပြောင်းလံသွားတဲ့ သူ့ရဲ့ ဇာတ်ကောင်နဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။
မြောက်အိုင်ယာလန်၊ Belfast မြို့မှာနေထိုင်တဲ့ မင်းသမီးက ကင်မရာရှေ့မှာ သရုပ်မဆောင်မီ လုပ်ဖော်ကိုင်ဖက်တွေ၊ ရေခဲသေတ္တာနဲ့ တခါတလေ ပြတင်းပေါက်ကိုကြည့်ပြီး မိန့်ခွန်းပြောတာကို လေ့ကျင့်ဖို့ နှစ်လလောက် ညပိုင်းနီးပါး နောက်ကျတဲ့အထိ နေခဲ့ရတယ်လု့ိ ဆိုပါတယ်။
မင်းသမီးက “မနက်ရောက်တော့ တညလုံး ငါ ဒါကို မလုပ်နိုင်ဘူး။ ပြောရမယ့်စကားတွေ မရှုပ်တွေဘဲ အဆင်မပြေနိုင်ဘူးလို့ထင်ပြီး တလုံး မျက်ရည်နဲ့ မျက်ခွက်နေခဲ့ရလို့ အိပ်ရေးမဝတာတွေ ဖြစ်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။ “Game of Thrones” စီးရီးနောက်ဆုံး ဇာတ်သိမ်းခန်းကို ကြည့်ရှှုသူ ဟာ ၁၃ ဒဿမ ၆ သန်းရှိခဲ့ပြီး HBO ကထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တွေထဲမှာ လူကြည့်အများဆုံး ဖြစ်လာခဲ့ပါတယ်။
Ref: foxnews
You may also like these stories:
‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်
“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ
Game of Thrones ရိုက်ကွင်းပေါ်က လူတွေသိပ်မသိကြသေးတဲ့ ဖြစ်ရပ်များ
လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး
The post GOT ဇာတ်သိမ်းပိုင်းအတွက် ဟစ်တလာ မိန့်ခွန်းတွေကို ကြည့်ပြီး ပြင်ဆင်ခဲ့ရတဲ့ Emilia Clarke appeared first on ဧရာဝတီ.