လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး တီဗီစီးရီးတခုဖြစ်တဲ့ Game of Thrones ဟာဆိုရင်တော့ နောက်ဆုံး Final Season ထွက်ရှိပြီး အဆုံးသတ်သွားပြီပဲ ဖြစ်ပါတယ်။ နောက်ဆုံး Final Season အပေါ် ပရိသတ်တွေရဲ့ အားမလိုအားမရမှုတွေ ၊ မကျေနပ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ကနေ စတင်ပြသခဲ့တဲ့ ဒီစီးရီးဟာ အအောင်မြင်ဆုံးဖြစ်ခဲ့တာ ဆိုတာကတော့ ငြင်းလို့ မရပါဘူး။
အခုဖော်ပြပေးမှာကတော့ Game of Thrones မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။
(၁) Sensa Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sophie Turner ဟာဆိုရင် ဒါရိုက်တာတွေက Season 5 အစမှာပဲ စေးကပ်ပြီး သဘာဝကျတဲ့ ဆံပင်ပုံစံဖြစ်ဖို့အတွက် သူမကို ခေါင်းမလျှော်ဖို့ တောင်းဆိုခဲ့တာကြောင့် ၂ နှစ်လောက် ခေါင်းမလျှော်ဘဲ နေခဲ့ရတယ်လို့ ဆိုပါတယ်။
(၂) Arya Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Maisie William ကတော့ မြင်းစီးရတဲ့ အခန်းတွေမှာ သန်မာထွားကျိုင်းလွန်းတဲ့ Icelandic မြင်းတွေကို စီးခဲ့ရတာကြောင့် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ ခဲယဉ်းခဲ့တဲ့အပြင် မြင်းပေါ်ကနေ ပြုတ်ကျခဲ့တဲ့ဖြစ်ရပ်မျိုးလည်း မကြာခဏ ဖြစ်ပွားခဲ့ရတယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားသွား ခဲ့ပါတယ်။
(၃) GOT ရဲ့အဓိကဇာတ်ကောင်တွေထဲက တခုဖြစ်တဲ့ Mother of Dragon နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Emilia Clarke ကတော့ ဒေါ့သရာကီတွေရှေ့ မြင်းအသည် းစားပြတဲ့အခန်းမှာ သွေးအတုတွေ ပါးစပ်ထဲဝင်ပြီး ပျို့အန်ကာ ရက်အတန်ကြာ နေမကောင်းဖြစ်ခဲ့ရပါတယ်။
(၄) ဇာတ်လမ်းထဲမှာ Sansa ရဲ့ အချစ်တော် ဝံပုလွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခွေးလေး Zunnie ကို သံယောဇဉ်တွယ်ခဲ့တာကြောင့် ဇာတ်လမ်းအပြီးမှာ Sophie ဟာ ခွေးလေးကို တကယ်မွေးစားခဲ့ပါတယ်။
(၅) GOT မှာ အကောင်းဆုံးဗီလိန်တဦးဖြစ်တဲ့ Cersie Lannister ဟာ ဇာတ်လမ်းထဲမှာလည်း လူမုန်းများခဲ့တဲ့အပြင် တကယ့်အပြင်ဘဝမှာ သူမ ကလေးမွေးဖွားနေတဲ့အချိန်မှာတောင် ဆေးရုံဝန်ထမ်းတွေက သူမကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်တာကို ခံခဲ့ရပါတယ်။
Ref. brightside.me
You may also like these stories:
Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး
လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး
“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ
‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်
The post Game of Thrones ရိုက်ကွင်းပေါ်က လူတွေသိပ်မသိကြသေးတဲ့ ဖြစ်ရပ်များ appeared first on ဧရာဝတီ.