Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရိုက်ကူးရေး အချိန်ဇယားကြောင့် “John Wick 3” ရုပ်ရှင်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ မာဒုံဆော့

$
0
0

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ကိန်းစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ကိုရီးယားမင်းသား မာဒုံဆော့၊ ကင်မူယောနဲ့ ကင်ဆွန်းဂျူတို့ အပါအဝင် “The Gangster, The Cop, The Devil” ရုပ်ရှင်ထဲက သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ပထမဆုံး တက်ရောက်လာခဲ့တဲ့ အတွေ့အကြုံနဲ့ ပွဲတော်မှာ သူတို့ရဲ့ ရုပ်ရှင် ပြသနိုင်ခဲ့တဲ့ အကြောင်းတို့ကို ပြောဆိုခဲ့ကြပါတယ်။

ကိုရီးယားနိုင်ငံမှာ မေလ ၁၅ ရက်နေ့ကစလို့ ပြသခဲ့တဲ့ အဲဒီ ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းမှာလည်း တော်တော်လည်း ဝင်ငွေကောင်းခဲ့ပြီးတော့ ကြည့်ရှုတဲ့ ပရိသတ်ဟာလည်း ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်မှာ မင်းသား မာက ကွင်းဆက် လူသတ်သမားတယောက်ကို ဖမ်းဆီးတဲ့နေရာမှာ လူသတ်မှု စုံစမ်းရေးမှူး ဂျောင်ဆယ်ဆော့နဲ့အတူ ပူးပေါင်းရမယ့် လူဆိုးဂိုဏ်းခေါင်းဆောင် ဂျန်ဒုံဆူအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့ ၅ မိနစ်ကြာ မတ်တပ်ရပ် လက်ခုပ်တီး အားပေးမှုကို ခံခဲ့ရပါတယ်။

ဟောလိဝုဒ်ရုပ်ရှင် တကားကို ပြန်လည်ရိုက်ကူးထားတဲ့ “The Gangster, The Cop, The Devil” ရုပ်ရှင်မှာကို မင်းသားကြီး စတားလုံးက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီမှာ မင်းသားကြီး စတားလုံးနဲ့တွေ့ခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုတော့ မင်းသားမာက “ကျနော်တို့ဟာ ဟောလိဝုဒ် ရုပ်ရှင်တကားကို အတူတူ ပြန်လည် ဖန်တီးခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ရှေ့လျှောက်လည်း တော်တော်လည်း တွေ့ကြရဦးမှာပါ။ ရုပ်ရှင်မှာပါဝင်တဲ့လူတိုင်းက မေလ ၂၄ ရက်နေ့ဆိုရင် ပြန်တော့မှာပါ။ ဒါကြောင့် ဒီတကြိမ်မှာ ကျနော်သူနဲ့ တွေ့နိုင်မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

ဟောလိဝုဒ်ကနေ တခြားရုပ်ရှင်တွေအတွက် ကမ်းလှမ်းထားတာမျိုး ရှိပါသလားဆိုတဲ့မေးခွန်းကိုတော့ မင်းသား မာက “The Gangster, The Cop, The Devil” ရုပ်ရှင်ရိုက်ကူးရေးကြောင့် “John Wick 3” ရုပ်ရှင်မှာ ပါဝင်ဖို့ အခွင့်အရေးကို ကံမကောင်းစွာနဲ့ လက်လွတ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

မင်းသားက “John Wick 3’ ဒါရိုက်တာ Chad Stahelski က ကျနော်လုပ်တဲ့အက်ရှင်တွေကို ကြိုက်တယ်။ ကျနော့်ရဲ့ အရင်ဇာတ်လမ်းတွေကိုလည်း သူကြည့်ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်မပါဝင် နိုင်ခဲ့ပါဘူး။ ကျနော်ဆွေးနွေးနေတဲ့ မင်းသားကြီး စတားလုံးနဲ့ အပြင် တခြားရုပ်ရှင်အချို့လည်း ရှိနေပါသေးတယ်။ တကယ်လို့ သတင်းကောင်းရှိရင် အသိပေးပါ့မယ်” လို့ ဆိုပါတယ်။

Ref. Soompi

You may also like these stories:

ရိုက်ကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခေါင်းမှာ ၅ ချက်ချုပ်လိုက်ရတဲ့ မင်းသား ချောင်ယွန်ဖတ်

Game of Thrones ရိုက်ကွင်းပေါ်က လူတွေသိပ်မသိကြသေးတဲ့ ဖြစ်ရပ်များ

ကိုရီးယားရုပ်ရှင်ကို ဟင်ဒီစကားပြောနဲ့ ပြန်ရိုက်မယ့် ဘောလိဝုဒ်ကားမှာ Salman Khan ပါဝင်မည်

အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တဲ့ သရုပ်ဆောင် တိုင်ရွန်

The post ရိုက်ကူးရေး အချိန်ဇယားကြောင့် “John Wick 3” ရုပ်ရှင်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ မာဒုံဆော့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...