Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဧည့်သည်” ဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဖြိုးငွေစိုး

$
0
0

လတ်တလော ပရိသတ်တွေ စိတ်ဝင်စားလျက်ရှိနေတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဖြိုးငွေစိုးက အထူးဧည့်သည် သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတယ်လို့ ဆိုပါတယ်။

“ကျနော့်ကို ဒီကားမှာ ဧည့်သည်အနေနဲ့ပဲ ထားချင်ထားပါ။ ဒီကားကလည်း ဧည့်သည်ဖြစ်နေတော့ ဧည့်သည်ကားမှာ ဧည့်သည်ဖြစ်နေတာ ကျနော်ကြိုက်တယ်။ အဲဒီစိတ်ကူးနဲ့ ပြောပြလိုက်တယ်။ ရိုက်တဲ့အခါမှာလည်း ဇာတ်လမ်းလေးက ကောင်းပါတယ်။ ကျနော်က ဧည့်သည် ဆိုပေမယ့်လည်း Main ကာရိုက်တာထဲမှာ သွားထားပါတယ်။ ဧည့်သည် ဇာတ်ကားရဲ့ ဧည့်သည်ဆိုတာလေးကို ကြိုက်တာ” လို့ သရုပ်ဆောင် ဖြိုးငွေစိုးက ပြောပါတယ်။

ဒီကားထဲမှာတော့ ဖြိုးငွေစိုးက အသက်ငယ်တဲ့ ချစ်သူကောင်မလေးကို အချိန်မပေးနိုင်တာကြောင့် ချစ်သူက တခြားတယောက်အပေါ် စိတ်ယိုင်သွားတဲ့အခါမှာ ဖြေရှင်းရတဲ့သူ တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။

“ကျနော်က ရွှေမှုံရတီနဲ့ ချစ်သူတွေ။ အသက်အရွယ်ချင်း ကွာတယ်။ စီးပွားရေးကို ပိုပြီးတော့ ဦးစားပေးတယ်။ သူက လူငယ်ဆိုတော့ ဂရုစိုက်ခံချင်တာလေးတွေ ရှိတယ်။ အဲဒါကို သိပ်ပြီးတော့ ဂရုမစိုက်နိုင်ဘူး။ ပြဿနာလေး နည်းနည်းဖြစ်တယ်။ တခြားတယောက်ဆီ စိတ်ယိုင်သွားတယ်။ ကိုယ်ကမေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်ပေးတော့ ကိုယ့်ဆီပြန်လာတယ်” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

ဒီကားထဲမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်တာကြောင့် နာမည်ထိုးတဲ့အခါမှာ နောက်ရောက်နေတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာဖြိုးငွေစိုးရဲ့ ပရိသတ်များက စိတ်ထဲမတင်မကျတွေ ဖြစ်ကြရတာကိုလည်း သူ့အနေနဲ့ ပြဿနာ မရှိဘူးလို့ ဆိုပြီး ဒီလို တွေးပေးတာနဲ့တင် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒီကားမှာ အကောင်းဆုံးကြိုးစားထားပါတယ်။ တချို့ ကောမန့်လေးတွေ ဖတ်ရပါတယ်။ ကျနော့် နာမည်ကို နောက်မှာထားလို့ စိတ်ထဲမှာ မတင်အကျဖြစ်ကြရတယ် ဆိုတာတွေ ရှိတယ်။ အဲဒါက ပြဿနာ မရှိပါဘူး။ ကျနော့်ကို ဒီလိုမျိုးတွေးပေးလို့ ကျေးဇူးတင်ပါတယ်။ မခံစားဖြစ်တာလည်း ကြာပါပြီ။ အဲဒါက ပြဿနာ မဟုတ်ပါဘူး”

“ဧည့်သည်ကားမှာ ကျနော် ဧည့်သည်အနေနဲ့ မိုက်တယ်၊ အိုကေပါတယ်။ ဒီအတွက်နဲ့ ဆဲတာဆိုတာတွေ မလုပ်ပါနဲ့ လက်ညောင်းတယ်။ ကျနော့်ကို အခုလို တန်ဖိုးထားပေးတာ ကျေးဇူးတင်ပါတယ်။ ကျနော့်ကြောင့် သူများတွေကို မထိခိုက်စေချင်ဘူး။ အထူးသဖြင့် ကလေးတွေကို မထိခိုက်စေချင်ဘူး”လို့ ဖြိုးငွေစိုးကပြောပါတယ်။

ဖြိုးငွေစိုးကတော့ အဆိုပါ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားထဲက ရွှေထူးနဲ့ ဆုံတွေ့ရတဲ့ အခန်းတွေမှာ နှစ်ယောက် သရုပ်ဆောင်ရတဲ့ အခန်းများနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပြန်လည် သရုပ်ဆောင်ရတဲ့အကြောင်းများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ဒီကားရိုက်ရတာ ပင်ပန်းတယ်။ အချိန်လည်း ကြာတယ်။ တခန်း တခန်းကို။ နောက်ပြီးတော့ ရွှေထူးနဲ့ ကျနော်က အဆုံခန်း ၂ခန်း ၊ ၃ ခန်းလားပ ါတယ်။ အဲဒီ အခန်းလေးတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သူနဲ့ကျနော် အဲဒီအခန်းတွေ ရိုက်ဖို့အတွက်ကို တော်တော်လေး ရီဟာဇယ် လုပ်တယ်။ အကြိမ်ကြိမ် တိုက်ကြတယ်။ ပြီးမှ ရိုက်ကြတယ်။ သူ့ကို နံရံကိုတိုက်တဲ့အခန်းဆို အကြိမ်ကြိမ်လုပ်ပြီးတော့ ရိုက်ကြတာ။ သူလည်း နာသွားတယ် ထင်တယ်။ တော်တော်လေးလည်း ကြည့်လို့ကောင်းသွားတယ်”လို့ ဖြိုးငွေစိုးက ပြောပါတယ်။

ဒီဇာတ်လမ်းကို ကြည့်ရှုပြီးတဲ့ သူများအနေနဲ့လည်း ဖြိုးငွေစိုးကို ယခင်နဲ့ မတူတဲ့ သရုပ်ဆောင်မှုများ မြင်တွေ့ရတဲ့အတွက် သဘောကျ နှစ်သက်လျက် ရှိပါတယ်။ “ဧည့်သည်” ဇာတ်ကားကိုတော့ မေ ၃၀ ရက်နေ့မှ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“သရုပ်ဆောင်တာ ခံစားချက်ပါရင် အတွေ့အကြုံက အရေးမကြီးဘူး”ဆိုတဲ့ ဖြိုးငွေစိုး

အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

“Lady Boy” ရုပ်ရှင်မှာ ထိုင်းလိုပြောပြီး သရုပ်ဆောင်ထားတဲ့ ထူးအောင်

The post “ဧည့်သည်” ဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဖြိုးငွေစိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...