Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျပန် ရင်းနှီးမြှုပ်နှံသူများနဲ့ မတွေ့ပေးမီ ပြည့်တန်ဆာများကို Seungri အိမ်ကို ပို့ပေးခဲ့ရတယ်လို့ ဆို

$
0
0

Big Bang အဖွဲ့ဝင်ဟောင်း Seungri နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် Yoo In Suk တို့ဟာ အာဏာပိုင်တွေ ထံကနေ သူတို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုချက်ကို တရားသူကြီးတဦးက ပယ်ချခဲ့ပြီးတဲ့နောက် ထိန်းသိမ်းခံရမယ့် အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပေမယ့် သူတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူတခုအကြောင်း ပျံ့နှံ့လာမှုကိုတော့ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။

သူတို့ နှစ်ဦးဟာ ၂၀၁၅ ခုနှစ်မှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာမယ့်သူတွေအတွက် တဒါဇင်လောက်ရှိတဲ့ ပြည့်တန်ဆာတွေကို ရှာဖွေပေးခဲ့ရပြီး Burning Sun ကလပ်ကနေ ဝမ် သန်း ၅၃၀ ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုကြုံတွေ့နေရတဲ့ ဂယက်တွေကြောင့် ပြီးခဲ့တဲ့ မတ်လမှာ အနုပညာလောကကနေ နုတ်ထွက်လိုက်ကြောင်း ကြေညာခဲ့တဲ့ Seungri နဲ့ အခြားအနုပညာရှင်တွေဟာ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ လုပ်ဖော်ကိုင်ဖက် Yoo ကတော့ တချို့မကောင်းတဲ့လုပ်ရပ်တွေကိုတော့ ဝန်ခံထားတယ်လို့ သိရပါတယ်။ ဂျိုဆွန်းအီးဘို သတင်းစာရဲ့ အဆိုအရ Yoo ဟာ ပြည့်တန်ဆာနှစ်ယောက်ကို ၂၀၁၅ ခုနှစ်မှာ Seungri ရဲ့ အိမ်ကို လာခိုင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။

အဲဒီအထဲက အမျိုးသမီးတဦးကတော့ သူတို့ရဲ့ သူဌေးထံကနေ လိပ်စာတခုကို ရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့ပါတယ်။ အိမ်ကိုရောက်လာတဲ့အခါမှာ သူတို့ဟာ Seungri နဲ့ Yoo တို့ကို တွေ့ဆုံခဲ့ရပြီး သူတို့ရဲ့ စိတ်ကြိုက် လူရွေးချယ်ခဲ့ပြီးတဲ့နောက် အဲ့ဒီအမျိုးသမီးတွေနဲ့အတူ သီခြားအခန်းတွေထဲ သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ အမျိုးသမီးတွေကို ခေါ်တွေ့ပြီး နောက်တရက်မှာ ဆိုးလ်ကို ဂျပန်က ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာမှာဖြစ်တယ်လို့ Yoo က ပြောဆိုခဲ့ပါတယ်။ အဲဒီ အမျိုးသမီးတွေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဟိုတယ်အခန်းတွေဆီကို မသွားမီ သင့်လျော်တဲ့ အမျိုးသမီးနှစ်ဦး ရှိ၊ မရှိ သူနဲ့ Seungri က ရှာဖွေခဲ့တာ ဖြစ်တယ်လို့ Yoo က ဆိုပါတယ်။

Seungri ကတော့ သူဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဟိုတယ်ငှားရမ်းနေထိုင်ခကို ပေးခဲ့တာဖြစ်ပေမယ့် သူတို့အတွက် လိင်ဖျော်ဖြေရေး ရှာဖွေမှု မလုပ်ပေးခဲ့ဘူးလို့ ရဲတပ်ဖွဲ့ကိုပြောခဲ့ပါတယ်။ အခု အသစ်ထွက်ပေါ် လာတဲ့ သတင်းတွေ ကိုတော့သိရှိပြီး အင်တာနက် အသုံးပြုတွေ စိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အသုံးပြုသူတဦးက “အမျိုးသားတွေအားလုံးဟာ သူတို့လို မဟုတ်ဘူးဆိုတာ လူတိုင်းသိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ထဲက အချို့ဟာ အမျိုးသမီးတွေကို လေးစားဖို့နဲ့ သူတို့တွေကို နမူနာပစ္စည်းတွေလို၊ စီးပွားလုပ်ဖို့ အသုံးချခံနည်းလမ်းတွေလိုမျိုး ဆက်ဆံတာမျိုး မလုပ်ဖို့ ကြီးပြင်းလာခဲ့ကြသူတွေပါ” လို့ မှတ်ချက်ပေးခဲ့တာ ရှိပါတယ်။

Ref: straitstimes

You may also like these stories:

လျှို့ဝှက်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြန့်ဝေမှုဖြင့် ထပ်တိုးတရားစွဲခံရတဲ့ အဆိုတော် Seungri

ညစ်ညမ်းဗီဒီယို အမှုကို စစ်ဆေးရန် Jung Joon Young ကို အစိုးရရှေ့နေများထံ လွှဲပြောင်း

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြောင်း Jung Joon Young ဝန်ခံ

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

The post ဂျပန် ရင်းနှီးမြှုပ်နှံသူများနဲ့ မတွေ့ပေးမီ ပြည့်တန်ဆာများကို Seungri အိမ်ကို ပို့ပေးခဲ့ရတယ်လို့ ဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...